ပဲခူးတိုင်းဝန်ကြီးချုပ်က ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူဝေတဲ့ကိစ္စနဲ့ ရှေ့ဆက်သွားမယ့် ပဲခူးတိုင်းအစိုးရခရီး ပြောပြချက်

ပဲခူး၊ နိုဝင်ဘာ- ၁၅- ၂၀၂၀
ကောင်းလကျာ် (VOM)

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ အင်ကြင်းကုန်းရွာမှာ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်းက ဒေသခံကလေးငယ်တွေကို ဗိုလ်ချုပ်ပုံပါ ၅၀၀ ကျပ်တန်တချို့ ပေးဝေတဲ့ကိစ္စကို ပိုက်ဆံ ပေးနေတယ်လို့ မယူဆဘဲ အထိမ်းမှတ်တစ်ခုကို ပေးဝေခြင်းသာ ဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက တုန့်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ မျိုးဆက်သစ် ကလေးတွေကို ဗိုလ်ချုပ် အထိမ်းမှတ်ပုံပါတဲ့ ပိုက်ဆံအချို့ကိုလက်ဆောင်ပေးတာပါ။ကြုံရင် ကြုံသလို ပေးနေတာမျိုးပါ။ ငွေကြေးလို့ မယူဆပါဘူး။ ဗိုလ်ချုပ်ပုံပါတယ့် ပိုက်ဆံလေးတွေမို့လို့ မသုံးပါနဲ့ဆိုတာတောင် တစ်ခါတည်း မှာကြားပါတယ်” လို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်းက လူတချို့ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုက်ပုံအင်္ကျီအိတ်ထောင်ထဲကနေ ကျပ်ငါးရာတန် ငွေစက္ကူတွေကို တစ်ယောက် တစ်ရွက်စီ ပေးဝေးနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်တစ်ခု တက်လာခဲ့တာဖြစ်ပြီး ဝေဖန်သူ ထောက်ခံသူ မျှဝေသူတွေများစွာရှိခဲ့တာ ဖြစ်ပါတယ်။

“သူတို့လိုသလို ဖြတ်ပြီး ရုပ်သံဖိုင်ကိုတင်နေကြတာပါ။ အမှန်ရုပ်သံဖိုင်မှာဝန်ကြီးချုပ်ပြော‌ဆိုနေတာကို ကြည့်ရင် ရှင်းသွားလိမ့်မယ်” လို့ ဝန်ကြီးချုပ်နဲ့ လမ်းကြောင်းလိုက်ပါလာသူတစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ၂၀၁၈ခုနှစ် အုတ်တွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်နေရာ လစ်လပ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်စဉ် အုတ်တွင်း ဒေသခံတချို့ ကိုဗိုလ်ချုပ်ပုံပါတစ်ထောင်ကျပ်တန်ငွေစက္ကူအချို့ကို ပေးဝေ‌ခဲ့ဘူးပြီး ယခုကဲ့သို့ ငွေကျပ် ၅၀၀ တန် အချို့ပေးနေတာဟာ မဲဆွယ်တဲ့ သဘော မဟုတ်ဘူးလို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲမှာ ရေတာရှည်မြို့နယ် တိုင်းဒေသကြီးအမှတ် ၁ မဲဆန္ဒနယ်က ထပ်မံပါဝင်ယှဉ်ပြိုင်မယ့် ဝန်ကြီးချုပ်ဦးဝင်းသိန်းဟာ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ကြံသနွယ်ကျေးရွာအုပ်စု စိုင်‌တမော့ကြီးကျေးရွာမဲရုံမှာ ဆန္ဒမဲပေးခဲ့ပြီး လက်ရှိ နေရာမှာထပ်မံ အနိုင်ရဖို့ ယုံကြည်တယ်လို့ ပြောဆိုပြီး လက်တွေ့မှာလည်း ပြတပြတ်သားသားအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #Pegu #ပဲခူးတိုင်း #ဝန်ကြီးချုပ်ဦးဝင်းသိန်း #ဗိုလ်ချုပ်ပုံငွေစက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW