တရုတ်နိုင်ငံမှာ ပြည်ပကပို့တဲ့ အမဲသားတွေထဲ ကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်ပါဝင်နေ

ပေကျင်း၊ နိုဝင်ဘာ-၁၅-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံဟာ အေးခဲသားတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးမှုတွေအရှိန်မြင့်လုပ်ဆောင်နေချိန်မှာ နိုင်ငံအရှေ့ပိုင်း ကျီနန်မြို့မှာ ဘရာဇီး၊ နယူးဇီလန်နဲ့ ဘိုလီဗီးယားနိုင်ငံတို့မှ တင်သွင်းတဲ့ အမဲသားနဲ့ အမဲကလီဇာ အေးခဲအသားတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေကို တွေ့ရှိခဲ့ပါတယ်။

ဒီစားသောက်ကုန်တွေကို တင်သွင်းသူတွေဟာ Guotai International Group 002091.SZ နဲ့ Shanghai Zhongli Development Trade ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ကျီနန်ကျန်းမာရေးကော်မရှင်က သူ့ရဲ့ နိုဝင်ဘာ ၁၄ ရက်နှောင်းပိုင်းက ပြောပါတယ်။

အေးခဲအသားကုန်ပစ္စည်းတွေဟာ ယန်ရှန်ဆိပ်ကမ်းကနေ တရုတ်နိုင်ငံအတွင်း ဝင်ရောက်လာတာဖြစ်ပြီး အဲဒီကုန်ပစ္စည်းတွေကို တင်ပို့ခဲ့တဲ့ ပြည်ပကုမ္ပဏီတွေရဲ့ အမည်ကို ရှန်တုန်းပြည်နယ်အစိုးရ ထုတ်ပြန်ဖော်ပြခြင်းမရှိပါဘူး။

အဲဒီ အေးခဲအမဲသားထုတ်ကုန်တွေနဲ့ ထိတွေ့ခဲ့ဖွယ်ရှိတဲ့ လူ၇၅၀၀ ကျော်ကို ဆေးစစ်ခဲ့ရာမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းမရှိဘူးလို့ ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း ဆော်ဒီကတင်ပို့တဲ့ ပုဇွန်တွေ၊ ဘရာဇီးနဲ့ အာဂျင်တီးနားက တင်ပို့တဲ့ အမဲသားတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ ပါဝင်နေတာကို လန်ကျိုးမြို့၊ ဝူဟန်မြို့၊ ရှန်တုန်းပြည်နယ်နဲ့ ကျင်းဆုပြည်နယ်တို့မှာ အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမဲသားဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်ပြီး ဘရာဇီးနဲ့ အာဂျင်တီးနားနိုင်ငံတို့က အများဆုံးတင်ပို့ပေးနေပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ပေကျင်း #အေးခဲအသား #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW