ဖားကန့်မြို့နယ်အတွင်း နိုင်ငံတော်ကထောက်ပံ့ပေးတာတွေ တကြိမ်တခါမှမရတဲ့ ရပ်ကွက်ရှိနေ

နို၀င်ဘာ ၁၅-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊ သာယာကုန်းကျေးရွာရှိ တောင်ယာကုန်းရပ်ကွက်ဟာ ကိုဗစ်ကာလ နိုင်ငံတော်ကထောက်ပံ့တဲ့ ဆန်၊ ဆီ၊ ဆားပစ္စည်း(၅)မျိုးအပါအဝင်ထောက်ပံ့ငွေ ၄ ကြိမ်ပေးတဲ့အချိန်ထိ တရပ်ကွက်လုံး တကြိမ်တခါမှ မရရှိဘဲဖြစ်နေပါတယ် ။

သာယာကုန်းရွာအုပ်ချုပ်ရေးမှူးက အထက်အဆင့်ဆင့်ကို ထောက်ပံကြေးရမယ်ဆိုပြီး လူဦးရေစာရင်းတွေအကြိမ်ကြိမ်ကောက်ခဲ့ပေမယ့် တကြိမ်တခါမှ မရရှိသေးဘူးလို့ ပြောပါတယ် ။

တောင်ယာကုန်းရပ်ကွက်ဟာ အိမ်ခြေပေါင်း ( ၂၁၇) အိမ်ထောင်စုပေါင်း(၂၁၇)လူဦးရေ (၇၇၅)ဦး ရှိပါတယ် ။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW