တရုတ်ကိုတန်ပြန်ဖို့ အမေရိကန် ဂျပန် ပြင်သစ် သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မယ်

တိုကျို၊ ဒီဇင်ဘာ-၆-၂၀၂၀
မျိုးဆက် (VOM)

ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကို တန်ပြန်ဖို့အတွက် ဂျပန်၊ ပြင်သစ်နဲ့ အမေရိကန်တို့ မြေပြင် ၊ ရေပြင် စစ်ရေးလေ့ကျင့်မှုကို လာမယ့်မေလမှာ ပထမဆုံးအကြိမ် ပြုလုပ်သွားမယ်လို့ ဂျပန်အခြေစိုက် ဆန်ကိုင်းသတင်းဌာနကဖော်ပြပါတယ်။

ဂျပန်နိုင်ငံရှိ လူမနေတဲ့ကျွန်းစုတစ်ခုမှာပြုလုပ်မယ့် အဆိုပါလေ့ကျင့်ခန်းဟာ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဓိကပြုလုပ်မှာဖြစ်ပေမယ့်လည်း အချို့လေ့ကျင့်ခန်းတွေဟာ တိုက်ခိုက်မှုကို ကာကွယ်ဖို့ အခြေခံပုံစံတွေဖြစ်တယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ ရိုက်တာသတင်းဌာန မေးမြန်းမှုကို ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ချက်ချင်းမှတ်ချက်ပြုပြောဆိုတာမျိုးမရှိပါဘူး။

ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အရှေ့တရုတ်ပင်လယ်ပြင်ရှိ ဂျပန်နိုင်ငံကထိန်းချုပ်ထားတဲ့ ကျွန်တွေမှာ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့ရွယ်တယ်လို့ ဆန်ကိုင်းသတင်းဌာနက ဖော်ပြထားပါတယ်။

ဒေသတွင်းမှာ မိမိတို့ရဲ့တည်ရှိမှုကို ပြသလိုပြီး ပူးပေါင်းဆောင်ရွက်မှုနဲ့ လွတ်လပ်စွာခုတ်မောင်းခွင့်အတွက် တရုတ်နိုင်ငံကို သတင်းစကားတစ်ခုပါးလိုက်တာလို့ ပြင်သစ်ရေတပ်အကြီးအကဲ ပီရက်ဗန်ဒီယာက ဆန်ကိုင်းသတင်းဌာနနဲ့ သီးခြားတွေ့ဆုံးမေးမြန်းခန်းတစ်ခုမှာ ပြောဆိုပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW