ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ (၃၁) ဦးထိရှိလာ

စစ်တွေ၊ ဒီဇင်ဘာ ၈- ၂၀၂၀
ထက်အောင်စိုင်း (VOM)

စစ်တွေမြို့ဆေးရုံကြီးမှာ ဒီကနေ့မနက်ပိုင်းက ကိုဗစ်အတည်ပြု လူနာတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကာ ဒီကနေ့ထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုမှာ (၃၁) ဦးထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကိုဗစ် ၁၉ ဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံသွားသူမှာ စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာက အသက်(၇၃) နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်းသေဆုံး သွားတာဖြစ်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (ကူးစပ်) ဒေါက်တာစိုးဝင်းပိုင် က” ဒီကနေ့ မနက်ပိုင်းက ဆေးရုံမှာ ကိုဗစ် အတည်ပြုလူနာတစ်ဦးသေ ဆုံးသွားပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ် မှာက ကိုဗစ်လူနာ သေဆုံးတာ (၃၁) ဦးရှိသွားပါပြီ။” လို့ အတည်ပြုပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း ယခုရက်ပိုင်း ကိုဗစ်အတည်ပြုလူနာ တိုးလာကြောင်းနဲ့ ဆေးရုံဆင်းခွင့်ရသူ (၁၃၀၂) ယောက်နဲ့ ဆေးရုံမှာ ကျန်ရှိနေသူ (၅၂) ဦးရှိတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးသတိပြုကြဖို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မနေ့က ပြောထားပါတယ်။

မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ကိုဗစ်အတည်ပြုလူနာတစ်ဦး စစ်တွေဆေးရုံမှာ သေဆုံးမှု ဖြစ်ပွားခဲ့သေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်ကြောင့်သေဆုံးသူ (၃၁) ဦးနဲ့ ပိုးတွေ့လူနာ (၃၇၈၃) ဦးရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေကိုဗစ် #ရခိုင်

zawgy

ရခိုင္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ (၃၁) ဦးထိရွိလာ

စစ္ေတြ၊ ဒီဇင္ဘာ ၈- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

စစ္ေတြၿမိဳ႕ေဆး႐ုံႀကီးမွာ ဒီကေန႔မနက္ပိုင္းက ကိုဗစ္အတည္ျပဳ လူနာတစ္ဦး ေသဆုံးမႈျဖစ္ပြားခဲ့ကာ ဒီကေန႔ထိ ရခိုင္ျပည္နယ္အတြင္း ကိုဗစ္အတည္ျပဳလူနာ ေသဆုံးမႈမွာ (၃၁) ဦးထိ ရွိလာၿပီျဖစ္ေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။

ဒီကေန႔ မနက္ပိုင္းက ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ ေရာဂါေၾကာင့္ ေသဆုံသြားသူမွာ စစ္ေတြခ႐ိုင္ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ရဲ႐ိုးျပင္႐ြာက အသက္(၇၃) ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီး တစ္ဦးဟာ စစ္ေတြေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရင္းေသဆုံး သြားတာျဖစ္ေၾကာင္း သိရပါတယ္။

ရခိုင္ျပည္နယ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး (ကူးစပ္) ေဒါက္တာစိုးဝင္းပိုင္ က” ဒီကေန႔ မနက္ပိုင္းက ေဆး႐ုံမွာ ကိုဗစ္ အတည္ျပဳလူနာတစ္ဦးေသ ဆုံးသြားပါတယ္။ က်ေနာ္တို႔ ရခိုင္ျပည္နယ္ မွာက ကိုဗစ္လူနာ ေသဆုံးတာ (၃၁) ဦးရွိသြားပါၿပီ။” လို႔ အတည္ျပဳေျပာပါတယ္။

စစ္ေတြၿမိဳ႕နယ္အတြင္း ယခုရက္ပိုင္း ကိုဗစ္အတည္ျပဳလူနာ တိုးလာေၾကာင္းနဲ႔ ေဆး႐ုံဆင္းခြင့္ရသူ (၁၃၀၂) ေယာက္နဲ႔ ေဆး႐ုံမွာ က်န္ရွိေနသူ (၅၂) ဦးရွိတာေၾကာင့္ ျပည္သူေတြအေနနဲ႔ က်န္းမာေရးသတိျပဳၾကဖို႔ စစ္ေတြေဆး႐ုံအုပ္ႀကီး ေဒါက္တာေဇာ္လြင္က သူ႔ရဲ႕ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ မေန႔က ေျပာထားပါတယ္။

မေန႔ ဒီဇင္ဘာ ၇ ရက္ေန႔ကလည္း ကိုဗစ္အတည္ျပဳလူနာတစ္ဦး စစ္ေတြေဆး႐ုံမွာ ေသဆုံးမႈ ျဖစ္ပြားခဲ့ေသးေၾကာင္း ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဇာ္လြင္ဆီကေန သိရပါတယ္။

ရခိုင္ျပည္နယ္တစ္ခုလုံးမွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ (၃၁) ဦးနဲ႔ ပိုးေတြ႕လူနာ (၃၇၈၃) ဦးရွိေၾကာင္း ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြကိုဗစ္ #ရခိုင္

 

Related posts

Leave a Comment

VOM News

FREE
VIEW