ထိုင်းနိုင်ငံကို ပြန်လည်ဝင်ဖို့ မြန်မာလုပ်သားတစ်သိန်း စောင့်ဆိုင်းနေ

ချင်းရိုင်၊ ဒီဇင်ဘာ ၂၀-၂၀၂၀ မျိုးဆက် (VOM) မြန်မာလုပ်သားတစ်သိန်းဟာ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားနေ့အထိမ်းအမှတ်အဖြစ် မဲ့ဖာလောင်တက္ကသိုလ်ရဲ့ လူမှုဆန်းသစ်တီထွင်မှုကျောင်းက စီစဉ်ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သုတေသီတစ်ဦးဖြစ်သူ Suebsakun Kidnukorn က မြန်မာလုပ်သားတွေနဲ့ ပတ်သက်ပြီး အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ ချင်းရိုင်ဒေသတစ်ခုတည်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၄၀၀၀ ဦးမှတ်ပုံတင်ထားပြီး အဲ့ဒီအထဲမှာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အထောက်အထားမဲ့အလုပ်သမားတွေ မပါသေးဘူးလို့ သူကပြောပါတယ်။ ချင်းရိုင်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရွှေ့ပြောင်းလုပ်သားတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပြီး လက်ရှိမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ Mr Suebsakun ကပြောပါတယ်။ ဒီလိုကန့်သတ်ချက်တွေကြောင့် အလုပ်သမားအများအပြားဟာ နယ်စပ်တွေမှာ သောင်တင်နေကြပြီး နှစ်နိုင်ငံနယ်စပ်နှစ်ဘက်စလုံးမှာ သောင်တင်နေတဲ့ မြန်မာနဲ့ ထိုင်းရွှေ့ပြောင်းလုပ်သားတွေကိုကူညီဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီဖို့ အရှိန်မြင့်လုပ်ဆောင်ရမယ်လို့…

Read More

မူလဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် အင်္ဂလန်မှာတွေ့ရှိ

လန်ဒန်၊ ဒီဇင်ဘာ-၂၀-၂၀၂၀ မျိုးဆက် (VOM) ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီ; ဗြိတိန်တာဝန်ရှိသူတွေ အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ မူလဗိုင်းရပ်စ်ထက် ပိုမိုလျှင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်ပေမယ့် ကူးစက်မှုကြောင့် ပိုမိုသေဆုံးနိုင်ဖွယ်မရှိဘူးလို့ ယူဆရပါတယ်။ လန်ဒန်အပါအဝင် အင်္ဂလန်အရှေ့တောင်ပိုင်းရှိ ဒေသအများအပြားမှာ ကူးစက်မြန် ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးစိတ်သစ်ကိုထိန်းချုပ်ဖို့ ကြိုးပမ်းမှုအဖြစ် ပိုမိုတင်းကြပ်တဲ့ ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။ သေချာရေရာတဲ့ အချက်အလက်တွေ မထွက်ပေါ်သေးပေမယ့် ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ မူလဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်းကျော် ပိုမိုကူးစက်မြန်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ သေဆုံးမှုပိုမိုမြင့်မားခြင်း သို့မဟုတ် ကာကွယ်ဆေးထိုးခြင်းနဲ့ ကုသမှုတွေမှာ ကွဲပြားခြားနားတဲ့ သက်ရောက်မှုရှိတဲ့ သက်သေအထောက်အထားမတွေ့သေးဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်မှုတွေကြောင့် ဗြိတိန်ကနေလာရောက်တဲ့ လေကြောင်းလိုင်းတွေကို ပိတ်ပင်သွားမယ်လို့ နယ်သာလန်နိုင်ငံက ထုတ်ပြန်ထားပြီး ဒီလို တားမြစ်ပိတ်ပင်တာကို ဇန်နဝါရီ…

Read More

ပြည်မြို့က ပုဂ္ဂလိကဆေးရုံမှာကုသမှုခံယူနေတဲ့ လူနာတစ်ဦး ကိုဗစ်ပိုးတွေ့ရှိပြီး သေဆုံး

ဒီဇင်ဘာ ၂၀-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည့်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေရင်း ရောဂါမသက်သာတာကြောင့် ပြည်မြို ကုတင် ၅၀၀ ဆေးရုံကြီးကို ပြောင်းရွှေ့ကုသခဲ့ပြီး ဆေးစစ်နေချိန် လူနာသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ လူနာသေဆုံးပြီးနောက် ဆေးစစ်ချက်ရလဒ်ထွက်ရှိမှုက ကိုဗစ်ပိုးရှိကြောင်း တွေ့ရှိရတဲ့အတွက် လူနာတက်ရောက်ခဲ့တဲ့ ပုဂ္ဂလိကဆေးရုံကို ဒီနေ့ကစပြီး ၁ ပတ် ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ “ထိစပ်ကတော့ ၂၅ ယောက်ပတ်ဝန်းကျင်လောက်ရှိပါတယ်။ ဟုတ်တယ် အောင်လံကလာတဲ့လူနာဖြစ်တယ်။ ဇော်မြင့်မိုရ်မှာ ၃ ရက်တက်တယ် ၊နောက် ပြည်ဆေးရုံကြီးမှာ စစ်ဆေးလိုက်တဲ့အခါ positive ထွက်ပြီး သေဆုံးသွားတာဖြစ်တယ်။ လက်ရှိ ဇော်မြင့်မိုရ်ဆေးရုံမှာတက်နေတဲ့ လူနာ ၆ ယောက်ကို ပြည်ဆေးရုံကြီးကို လွှဲပြောင်းပို့ထားတယ်။ နောက် ဒီဆေးရုံကဝန်ထမ်းတွေ ထိစပ်သူအားလုံး ၂၅ ယောက်ပေါ့”လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကေခိုင်ဝင်းကပြောပါတယ်။ သေဆုံးလူနာဟာ ‌အောင်လံမြို့ကနေလာရောက်ပြီး ပြည်မြို့ရှိ ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ဆေးကုသမှုခံယူနေစဉ်မှာ…

Read More

ငွေဆောင်မှာ ရေလာကူးတဲ့ လူငယ် ၂ ဦး ရေနစ်သေဆုံး

ဒီဇင်ဘာ ၂၀-၂၀၂၀ ကိုအောင်(VOM) ငွေဆောင်ကမ်းခြေမှာ ရေလာကူးတဲ့လူငယ်နှစ်ဦး ရေနစ်သေဆုံးတဲ့ဖြစ်စဉ် မနေ့ ဒီဇင်ဘာ ၁၉ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်ကပြောပါတယ်။ “သူတို့က ကားနဲ့လာတာ၊ တာဝန်ရှိသူတွေက မြို့စစ်ဆေးရေးဂိတ်မှာတားလိုက်သေးတယ်၊ ညနေကြတော့ ရေနစ်တယ်သတင်း ကြားရတော့တာပဲ”လို့ ဦးဝင်းကျော်ကပြောပါတယ်။ ရေနစ်သေဆုံးသူတွေဟာ ပုသိမ်မြို့ကနေလာရောက်တဲ့ အမျိုးသား(၁)ဦး နဲ့ အမျိုးသမီး(၁)ဦး ဖြစ်ပြီး ရေနစ်တဲ့သတင်းကြားရတဲ့နောက်ပိုင်း ဒေသခံတွေနဲ့ရေငုပ်သမားတွေ လိုက်လံရှာဖွေခဲ့ရတာဖြစ်ပါတယ်။ မနေ့ ဒီဇင်ဘာ ၁၉ရက် ညနေ၆နာရီအချိန်မှာ အမျိုးသမီးရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသားအလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့အတွက် ငွေဆောင်ဆေးရုံမှာ ရင်ခွဲစစ်ဆေးမှူတွေပြုလုပ်နေပါတယ်။ သေဆုံးသူတွေဟာ အသက်၂၀အရွယ်သာရှိသေးပြီး အမျိုးသားက ပုသိမ်မြို့၊ အမှတ်၆ရပ်ကွက်မှာနေထိုင်သူနဲ့ အမျိုးသမီးကတော့ အမှတ်၅ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။ သူတို့ကို ပုသိမ်မြို့မှာ သဂြိုၤလ်မှာဖြစ်ပြီး ငွေဆောင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှုအဖြစ် စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။ ဧရာဝတီတိုင်းအစိုးရက မတ်လကစပြီး ကမ်းခြေနဲ့အပန်းဖြေစခန်းတွေပိတ်သိမ်းဖို့အမိန့်ထုတ်ပြန်ခဲ့တဲ့အပြင် ပုသိမ်၊ မအူပင်နဲ့…

Read More
VOM News

FREE
VIEW