ကျေးရွာ ၃၄ ရွာ မီးလင်းရေး ဓာတ်အားလိုင်းစိုက်ထူမှု ဒေသခံအချို့ သဘောမတူ

ဒီဇင်ဘာ၂၅-၂၀၂၀ ဂျန်ကိုးလ်-VOM မကွေးတိုင်း၊ ချောက်မြို့နယ်၊ သန်းပင်(တောင်ရွာ-မြောက်ရွာ)ကျေးရွာနေလူထုက ကျေးရွာပေါင်း ၃၄ ရွာ မီးလင်းရေးအတွက် ယာခင်းထဲက ၁၁ကေဗီဓာတ်အားလိုင်း တိုင်စိုက်ထူမှုကို လက်မခံလို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းလုံခြုံရေးယူပေးပြီး စိုက်ထူထားရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ”ဒေသဖွံံ့ဖြိုးရေး လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းပြီးစီးအောင် သက်ဆိုင်ရာကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ပြီး ကြီးကြပ်ပေးရတာပေါ့၊ NEPလိုင်းဆွဲတာ တိုင်တွေစိုက်ထူတာ ကြိုးသွယ်တာတွေနဲ့ပတ်သက်ပြီးတောင်သူတွေက လုပ်ငန်းသဘာဝ နားမလည်တော့ ကန့်ကွက်တဲ့အနေအထားတွေရှိခဲ့တယ်”လို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ကပြောပါတယ်။ သန်းပင်တောင် ကျေးရွာနေ ယာခင်းပိုင်ရှင်အမျိုးသမီးတချို့က လျှပ်စစ်အန္တရယ်ကျရောက်မှာကြောင့် ယာခင်းထဲ လျှပ်စစ်မီးဖြတ်တာ မလိုလားဘဲ လျော်ကြေးငွေတောင်းဆိုခဲ့ကြတာကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်း၊ ဦးစိုးဝင်းတို့နဲ့တာဝန်ရှိသူတို့က ကျေးလက်မီးလင်းရေးလုပ်ငန်းစဉ်ကို ရှင်းလင်းပြခဲ့တယ်လို့လည်း သိရပါတယ်။ ”သူတို့ရွာတွေလည်း နစ်နာမှုမရှိအောင်နိုင်ငံတော်ကနေပေးနိုင်တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေ ပံ့ပိုးခဲ့တာတွေရှိပါတယ်၊ ဘယ်လိုမှ နည်းမျိုးစုံနဲ့ဆောင်ရွက်လို့ မရတဲ့အခါကျတော့ မကွေးတိုင်းဒေသကြီးအစိုးရဆုံးဖြတ်ချက်နဲ့ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ဖို့ရာအတွက် တာဝန်ရှိသူတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ရတယ်”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းကပြောပါတယ်။…

Read More

ကိုဗစ်လှိုင်းဒဏ် ကျားကန်ခုခံနေတဲ့ အလုပ်သမားဆေးရုံ

မန္တလေး၊ ဒီဇင်ဘာ- ၂၅- ၂၀၂၀ ညီသစ်(VOM)   ဒက်တောလို ပိုးသတ်ဆေးနံ့ရတဲ့ ဆေးရုံထဲကိုဝင်လိုက်တာနဲ့ ပိုးကာဝတ်စုံ ပီပီအီးတွေဝတ်ထားတဲ့ ဆေးရုံဝန်ထမ်းလို့ ယူဆရတဲ့ အပြာနုရောင်ဝတ်ရုံနဲ့လူတွေ ဆေးရုံငယ်လေးထဲမှာ မပြေးယုံတမယ် လွန်းထိုး လှုပ်ရှားနေကြတာကို မြင်ရပါတယ်။ ဒီဆေးရုံရဲ့ နေရာကတော့ ရွှေမန်းတောင်ခြေ၊ နန်းမြို့ကျုံးရဲ့ အရှေ့မြောက်ထောင့်၊ ကျောက်တော်ကြီးတို့ စန္ဒာမုနိဘုရားတို့ သုဓမ္မာဇရပ်တန်းအနီး ၆၆ လမ်း ၊ ၁၂×၁၃ လမ်းကြားမှာရှိတဲ့ အလုပ်သမားဆေးရုံပါ။   တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကို တရှိန်ထိုး ထိုးဖောက်နယ်ချဲ့ခဲ့ပြီး မြန်မာနိုင်ငံအတွင်းကိုလည်း ၂၀၁၉ မတ်လကုန်ပိုင်းလောက်က စတင်ပြီး ကျူးကျော်ဝင်ရောက်ခဲ့တာဆိုရင် ၈ လကျော် ကြာမြင့်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ  တစ်သိန်း၂သောင်းဝန်းကျင် မန္တလေးတိုင်းမှာ တစ်သောင်း ၂ထောင်ရှိနေတာမို့ မြန်မာတနိုင်ငံလုံးရဲ့ ဆယ်ပုံတပုံရှိနေတာပါ။ မန္တလေးမြို့မှာဆိုရင်လည်း အားကစားကွင်း၊ စာသင်ကျောင်း၊ တက္ကသိုလ်နယ်မြေအတွင်းက…

Read More

ကုလားတန်ဘက်စုံစီမံကိန်း နှောင့်နှေးမှု လုံခြုံရေးခြိမ်းခြောက်မှုတွေကြောင့်လို့ အိန္ဒိယပြော

ဒေလီ၊ ဒီဇင်ဘာ၂၅-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ကိုလ်ကတ္တားနဲ့ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် အရှေ့မြောက် ဆက်သွယ်ရေးလမ်းကြောင်း တိုးမြှင့်မှု အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းနှောင့်နှေးရတာဟာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေနဲ့ လက်လှမ်းမမှီဖြစ်မှုတွေကြောင့်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိန္ဒိယနဲ့မြန်မာနိုင်ငံတို့အကြား ဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ကောင်းမွန်လာစေဖို့ မျှော်လင့်ထားတဲ့ ကုလားတန်စီမံကိန်းဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး တရုတ်ကကျောထောက်နောက်ခံပြုထားတဲ့ ရခိုင့်တပ်မတော် (အေအေ)ရဲ့ ခြိမ်းခြောက်မှုအောက် ရောက်နေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း နယ်စပ်မှာ စခန်းတွေတည်ဆောက်နေတဲ့ အေအေအပါအဝင် သူပုန်အဖွဲ့တွေကို ဘယ်လိုထောက်ပံ့နေလဲဆိုတာကို မကြာသေးမီက ထောက်လှမ်းရေး အစီရင်ခံစာတွေကို ကိုးကားပြီး India Today TV အစောပိုင်းက ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေနဲ့ အစောပိုင်းလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTT) နှေးကွေးနေတာနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုမရှိဘူးလို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပါလီမန် အမြဲတမ်းကော်မတီက ထုတ်ဖော်ပြောဆိုပါတယ်။…

Read More

ကိုဗစ်စစ်ဆေးရေးဂိတ် တာဝန်ကျသူတွေကို ဆဲဆိုထိုးကြိတ်သူတွေအား ရာဇသတ်ကြီးပုဒ်မအပြင် သဘာဝဘေးဥပဒေနဲ့ပါအရေးယူမယ်

  ဒီဇင်ဘာ၂၅-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အမြန်လမ်းထိပ် Covid-19စစ်ဆေး‌ရေးဂိတ်မှာ မနေ့ ဒီဇင်ဘာ၂၄ ရက်ည ၉ နာရီခန့်က တာဝန်ကျပရဟိတအဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရန်ပြုခဲ့ကြသူတွေအား ရာဇသတ်ကြီးဥပဒေပုဒ်တွေသာမက သဘာဝဘေးစီမံအက်ဥပဒေနဲ့အရေးယူ ဆောင်ရွက်သွားမယ်လို့ တောင်ငူမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ပြောပါတယ်။ ” လက်တလော ထိုးကြိတ်ရိုက်နှက်တဲ့ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်။ သဘာဝဘေးစီမံအက်နဲ့ အမှုဖွင့်ဖို့လည်း ဝန်ကြီးချုပ်ဆီ တင်ပြထားတယ်။ ကျလာတာနဲ့အမှုဖွင့်မယ်”လို့ ဦးထွန်းထွန်းဝင်းကပြောပါတယ်။ အခင်းဖြစ်ညပိုင်းက အမြန်လမ်းထိပ် Covid-19 စစ်ဆေးရေးဂိတ်မှာ ညဂျူတီတာဝန်ကျတဲ့ ပရဟိတအဖွဲ့တစ်ခုမှ အမျိုးသားတစ်ဦးနဲ့ကျန်တဲ့အမျိုးသားတစ်ဦးတို့ တာဝန်ထမ်းဆောင်နေချိန် အမြန်လမ်း‌ပေါ်က ဆင်းလာတဲ့ Mark II အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ် မောင်းနင်သူ‌ ‌အောင်ကိုလတ်(ခ)မင်စာနဲ့ စကား‌ပြောဆိုမှု အဆင်မပြေဖြစ်ပြီး ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။ ပြန်ထွက်သွားပြီး သိပ်မကြာခင် အခြားအမျိုးသား နှစ်ဦးနဲ့ပြန်‌ရောက် လာပြီး ‌ဝိုင်းဝန်းဆဲဆို ထိုးကြိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ပရဟိတအဖွဲ့ခေါင်ဆောင်…

Read More

တပ်မတော်ကနေ UEC ကိုတရားစွဲတယ်ဆိုတဲ့ ကောလာဟလတွေထွက်နေ

ဒီဇင်ဘာ၂၅-၂၀၂၀ ဆွေလင်းထွန်း(VOM)   တပ်မဲရုံတွေဆီက ရရှိတဲ့ အမှုပေါင်း ၅၀၀ကျော်နဲ့ စစ်တပ်က UECကို တရားစစွဲလိုက်ပြီဆိုတဲ့ ကောလာဟလတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ခုကောလာဟလကို မောင်ပေါ်ဦး၊ ကိုကို၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-ဖျာပုံ၊ သီရိ၊ ဒေါ်သန်သန်းအေး၊ Nay Min၊ မင်းမင်း၊ Htat Myat၊ စစ်နိုင်အောင်၊ Hsu Sandi Wint အကောင့်တွေကနေ လူမှုကွန်ယက်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။   ခုကောလာဟလမှာ တပ်က UEC ကို တရားစဆွဲလိုက်ပြီး UEC ကို စာချွန်တော် ထုတ်လိုက်ပြီလို့ ရေးထားပါတယ်။ တိုင်းတတိုင်းစီက ဗိုလ်မှူးတယောက်စီ တာဝန်ခံပြီး အမှုစွဲဆိုတာကို တရားသူကြီးချုပ်က လက်ခံလိုက်ပြီလို့လည်း ထည့်ရေးထားပါတယ်။ အမှုတွေကို ဘယ်မှာစစ်မလဲဆိုတာကို ၂၆ ရက်နေ့မှာ သိရမယ်လို့လည်း အဆိုပါ ကောလာဟလမှာ ပါပါတယ်။   တပ်က UEC…

Read More

ရုရှားသမ္မတဟောင်းတွေကို နောက်ကြောင်းပြန်အရေးမယူဖို့ဥပဒေကို သမ္မတပူတင် ပြဌာန်း

မော်စကို၊ ဒီဇင်ဘာ၂၅-၂၀၂၀ မျိုးဆက် (VOM) ရုရှားသမ္မတဟောင်းတွေကို နောက်ကြောင်းပြန်အရေးယူတာတွေကနေ ကင်းလွတ်ခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို သမ္မတပူတင်က လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပါတယ်။ အဲ့ဒီဥပဒေဟာ သမ္မတဟောင်းတွေကို ရာဇဝတ်မှု သို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာတာဝန်တွေကြောင့် ဖမ်းဆီးတာမျိုးကနေ ရာသက်ပန်ကင်းလွတ်ခွင့်ပေးထားပြီး ရှာဖွေစစ်ဆေးမှုပြုတာတွေကနေလည်း ကင်းလွတ်ခွင့်ပြုထားပါတယ်။ ဒါပေမယ့် သမ္မတဟောင်းတွေဟာ နိုင်ငံတော်ပုန်ကန်ခြင်း သို့မဟုတ် အခြားဆိုးရွားတဲ့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ပါလီမန်၊ အထူးတရားရုံးချုပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတို့က အတည်ပြုပါက အရေးယူမှုကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ပါဘူး။ လက်ရှိပြဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ ဇူလိုင်လမှာ သမ္မတပူတင်အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်တွေရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ ပြင်ဆင်ချက်တွေမှာတော့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟောင်းတွေ အရေးယူခြင်းမှ ကင်းလွတ်ခွင့်နဲ့ သမ္မတပူတင်ကို နောက်ထပ်ခြောက်နှစ် တာဝန်ထမ်ဆောင်ခွင့်ပြုတာတွေပါဝင်ပါတယ်။ ပူတင်ရဲ့ မကြာသေးမီက လုပ်ဆောင်ချက်တွေဟာ ရာထူးမှအနားယူပြီးနောက် သူ့အတွက် ပြင်ဆင်မှုအစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။ Ref: NHK Photo:AFP…

Read More

ထိုင်း- မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက် ထိုင်းဘက်ခြမ်းက လုံခြုံရေးတိုးမြှင့်

ဒီဇင်ဘာ ၂၅-၂၀၂၀ သူရိန်(VOM) ထိုင်းနိုင်ငံအတွင်း တကျော့ပြန် ကိုဗစ်ရောဂါကြောင့် ထိုင်းဘက်ခြမ်းက ထိုင်း- မြန်မာနယ်စပ် မြဝတီ-မဲဆောက် သောင်းရင်းမြစ်ကမ်းတလျှောက်ကို လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မြန်မာအလုပ်သမား အများစုနေထိုင်ရာ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေအတွင်း Covid-19 ပိုးတွေ့လူနာ ၁၀၀၀ ကျော် တွေ့ရှိခဲ့ပြီးနောက် အခုလို ထိုင်း- မြန်မာနယ်စပ်မှာ နှစ်နိုင်ငံ တရားမဝင်နယ်စပ် ဖြတ်ကျော်ခြင်းတွေ မပြုလုပ်နိုင်ဖို့အတွက် ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက ထိုင်းစစ်တပ်ကအမှတ် (၃) အရှေ့တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ် ကိုယ်တိုင်လာရောက်စစ်ဆေးပြီး လုံခြုံတိုးမြှင့်ဆောင်ရွက်ဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ” နေရပ်ပြန် ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် မြန်မာနိုင်ငံအစိုးရဘက်က ထိုင်း- မြန်မာ၊ မြဝတီ-မဲဆောက် အမှတ်၂ တံတား ကတဆင့် ကြိုဆိုလက်ခံခြင်းတွေ ပြုလုပ်ပေးနေသလို မြန်မာပြည်မှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း…

Read More

ဂန့်ဂေါက တပ်ပိုင်ဧရိယာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ဖို့သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ဦးပြန်လှည့်ခဲ့ရ

ဒီဇင်ဘာ၂၅-၂၀၂၀ ဂျန်ကိုးလ်(VOM) ဂန့်ဂေါမြို့နယ်၊ ကျောနယ်အုပ်စု၊ က.ပ.စ-၂၃ တပ်ဧရိယာအတွင်းက  ကျေးရွာတချို့ကို ဒေသဖွံ့ဖြိုးရေးကိစ္စတွေဆောင်ရွက်ဖို့သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တပ်ဂိတ်ကနေလှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။ တပ်ဂိတ်ကနေဖြတ်သန်းသွားလာရတဲ့ အဲ့ဒီကျေးရွာတွေအတွက်သွားရောက်ချိန် တပ်ဂိတ်မှာ မှတ်ပုံတင်နဲ့လက်ကိုင်ဖုန်းတွေထားခဲ့ဖို့ ဂိတ်တာဝန်ကျတွေကပြောဆိုရာ ကိုယ်စားလှယ်တွေကလည်း စာသင်ကျောင်းတွေ ပြုပြင်ဖို့ ဓာတ်ပုံမှတ်တမ်းအတွက် ဖုန်းယူခွင့်ပေးဖို့တောင်းဆိုရာကနေ ဂိတ်စောင့်တဦး ဒါတပ်ပိုင်လို့ပြောဆိုမှုကြောင့် ပြန်လှည့်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူတွေကို တွေ့ဆုံဖို့သွားတာကို ဝင်ခွင့်မပြုခဲ့ဘူးလို့လည်း ပြောရခက်တယ်၊ လူဝင်ဖုန်းထားခဲ့ရမယ်၊ ဖုန်းတွေကိုထားခဲ့မယ်ဆိုရင်တော့ သွားခွင့်ပြုတယ်ပေါ့၊ စာသင်ကျောင်းဆောင်ဆောက်ထားတာရှိလို့ သွားကြည့်ဖို့ပါ၊ လယ်ယာမြေတွေကို တပ်က ထွန်ယက်နေတာရှိပါတယ်၊ အဲ့ဒါကိုသွားရောက်ကြည့်ပြီး ညှိ့နှိုင်းဖြေရှင်းပေးဖို့သွားတာပါ၊ ဖုန်းပါရင် ဝင်ခွင့်မပြုဘူးပြောပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် ၃ဦး သွားကြတာပါ၊ သူတို့ရဲ့ကန့်သတ်ချက်ရှိမှာပေါ့၊ ကျွန်တော်တို့က ဒေသဖွံ့ဖြိုးရေးသွားမှာဆိုတော့ ဖုန်းမပါရင်ဘာနဲ့ရိုက်ခဲ့ရမှာတုန်း၊ ဒေသဖွံ့ဖြိုးရေးဆိုတော့ လမ်းတွေ၊တံတားတွေ ကျောင်းတွေကြည့်မယ်ဗျာ၊ ဓာတ်ပုံမှတ်တမ်းမယူရဘဲနဲ့ အထက်ကိုဘယ်လို ပြန်တင်ပြရမှာလဲ၊ ဖုန်းယူခွင့်မရလို့ ဂိတ်ပေါက်ကနေလှည့်ပြ န်ခဲတာပါ”လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်းဝင်းကပြောပြပါတယ်။…

Read More

ရန်ကုန်ပြန် ဆောက်လုပ်ရေးအဖွဲ့ ကွာရန်တင်းမဝင်လို့ ကိုဗစ် စစ်ဆေးရေးဂိတ်အားလုံး ဖျက်သိမ်း

ဒီဇင်ဘာ ၂၅-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုကို ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ရန်ကုန်ကနေ လာရောက်တဲ့အဖွဲ့ ပါဝင်တာကြောင့် ကျေးရွာက ကွာရန်တင်း ၇ ရက် ဝင်ခိုင်းပေမယ့် လိုက်နာခြင်းမရှိခဲ့လို့ကျေးရွာက ကိုဗစ်စစ်ဆေးရေးဂိတ်အားလုံးကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ “ခုဟာက ရန်ကုန်ကနေလာတယ်။ ကျန်းမာရေး ထောက်ခံစာလည်းပါတယ်။ RTD နဲ့ စစ်ဆေးထားတာလည်း ပါပါတယ်။ ဒါပေမဲ့ ကျေးရွာနေပြည်သူတွေ စိတ်လုံခြုံမှုရအောင်လို့ သူတို့ကို ကွာရန်တင်း ဝင်ခိုင်းတာ ဖြစ်တယ်။ ငရုတ်ကောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကလည်း ရွာမှာ ကွာရန်တင်းဝင်ပေးဖို့ မှာလိုက်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါကို သူတို့က မလိုက်နာဘဲ သူတို့ဆိုဒ်ထဲမှာ ကွာရန်တင်းနေမယ်လို့ ပြောပါတယ်။ ရွာသားတွေကလည်း ကြောက်နေကြပါတယ်။ သူတို့ဆိုဒ်ထဲက ဈေးဝယ်တာကလည်း ရွာထဲမှာပဲဖြစ်ပါတယ်။ အရင်တစ်ခေါက်ကလည်း အခုလိုပဲ ဆိုဒ်ထဲနေမယ်ပြောတယ်။ ပြီးတော့ ရွာထဲလျှောက်သွားနေတာတွေ့ရတယ်လို့ ရွာသားတွေကပြောပါတယ်။ ရွာသူရွာသားတွေ…

Read More

သက်တမ်းရင့် ထင်းရှုးပင် သောင်းနဲ့ချီဆုံးရှုံးမယ့် အိမ်ယာစီမံကိန်းကို ဒေသခံတွေက ကန့်ကွက်

ဒီဇင်ဘာ ၂၅-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးမြို့နယ်နိမိတ်အတွင်းမှာ ဆောင်ရွက်နေတဲ့ “ပန်းချယ်ရီအိမ်ယာစီမံကိန်း”ဟာ သက်တမ်းရင့်ထင်းရှုးပင် သောင်းနဲ့ချီ ပျက်စီးပျောက်ကွယ်မယ့် စီမံကိန်းဖြစ်တာကြောင့် တောင်ကြီးမြို့ဒေသခံတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း စာတင်ထားတယ်လို့ သိရပါတယ်။ “တောင်ကြီးမြို့က မြေအောက်ရေကို အဓိကထားပြီး သုံးစွဲနေရတဲ့အတွက် တောင်ကြီးမြို့အတွက် မြေအောက်ရေရရှိနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ တောင်ကြီးမြို့မှာက ထင်ရှုးတောတွေကလည်း တစ်စတစ်စ အိမ်ယာတွေ ဆောက်လုပ်တာနဲ့ ဌာနဆိုင်ရာတွေကို နေရာပေးရတာနဲ့ပတ်သက်ပြီးတော့ သစ်တောမြေတွေ စွန့်လွှတ်ရတာတွေများလာတာနဲ့အမျှ ထင်းရှုးတောတွေ ဆုံးရှုံးလာပါပြီ၊ အခု စီမံကိန်းလုပ်နေတဲ့နေရာကလည်း တောင်ကြီးမြို့တွင်း မြေအောက်ရေ အဓိကရရှိနေတဲ့ နေရာ (၃) နေရာအနက် တစ်နေရာဖြစ်တဲ့ တောင်ဘက်ဆုံးမှာရှိတဲ့ ၂ မိုင် သစ်တောကွင်းနေရာ ဖြစ်နေပါတယ်။ စီမံကိန်းအနေအထားအရ သူတို့က ထင်းရှုးတောတွေကို ခုတ်ထွင်ရှင်းလင်းပြီးတော့မှ အိမ်ယာအဆောက်အဦးတွေ ဆောက်မယ်ဆိုလို့ရှိရင် တောင်ကြီးမြို့ဟာ ဒီထက်ထိ ရေအခက်အခဲတွေ ကြုံလာရမှာပါ၊ စီမံကိန်းဧရိယာက ပထမတစ်ကြိမ်…

Read More
VOM News

FREE
VIEW