ရုရှားသမ္မတဟောင်းတွေကို နောက်ကြောင်းပြန်အရေးမယူဖို့ဥပဒေကို သမ္မတပူတင် ပြဌာန်း

မော်စကို၊ ဒီဇင်ဘာ၂၅-၂၀၂၀
မျိုးဆက် (VOM)

ရုရှားသမ္မတဟောင်းတွေကို နောက်ကြောင်းပြန်အရေးယူတာတွေကနေ ကင်းလွတ်ခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို သမ္မတပူတင်က လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပါတယ်။

အဲ့ဒီဥပဒေဟာ သမ္မတဟောင်းတွေကို ရာဇဝတ်မှု သို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာတာဝန်တွေကြောင့် ဖမ်းဆီးတာမျိုးကနေ ရာသက်ပန်ကင်းလွတ်ခွင့်ပေးထားပြီး ရှာဖွေစစ်ဆေးမှုပြုတာတွေကနေလည်း ကင်းလွတ်ခွင့်ပြုထားပါတယ်။

ဒါပေမယ့် သမ္မတဟောင်းတွေဟာ နိုင်ငံတော်ပုန်ကန်ခြင်း သို့မဟုတ် အခြားဆိုးရွားတဲ့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ပါလီမန်၊ အထူးတရားရုံးချုပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတို့က အတည်ပြုပါက အရေးယူမှုကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ပါဘူး။

လက်ရှိပြဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ ဇူလိုင်လမှာ သမ္မတပူတင်အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ချက်တွေရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

ပြင်ဆင်ချက်တွေမှာတော့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတဟောင်းတွေ အရေးယူခြင်းမှ ကင်းလွတ်ခွင့်နဲ့ သမ္မတပူတင်ကို နောက်ထပ်ခြောက်နှစ် တာဝန်ထမ်ဆောင်ခွင့်ပြုတာတွေပါဝင်ပါတယ်။

ပူတင်ရဲ့ မကြာသေးမီက လုပ်ဆောင်ချက်တွေဟာ ရာထူးမှအနားယူပြီးနောက် သူ့အတွက် ပြင်ဆင်မှုအစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW