ကပ်ရောဂါကြောင့် တရုတ်နိုင်ငံစီးပွားရေး အမေရိကန်ကိုကျော်ဖြတ်ပြီး ထိပ်ဆုံးရောက်ဖွယ်ရှိ

လန်ဒန်၊ ဒီဇင်ဘာ-၂၇-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံဟာ အမေရိကန်ကိုကျော်လွန်ပြီး ၂၀၂၈ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာမယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပြီး ဒါဟာ ယခင်ခန့်မှန်းထားတက်ထက် ငါးနှစ်စောနေပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် တရုတ်နိုင်ငံရဲ့ စီမံခန့်ခွဲမှု ပိုင်နိုင်မှုကြောင့် လာမယ့်နှစ်တွေအတွင်း အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု မြင့်တက်လာလိမ့်မယ့် ဗြိတိန်အခြေစိုက် စီးပွားရေးနဲ့ ကုမ္ပဏီဆိုင်ရာသုတေသနအဖွဲ့က ပြောပါတယ်။

ဒီအတောအတွင်း အိန္ဒိယနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာစီးပွားရေးအင်အားကြီး နိုင်ငံအဖြစ် အဆင့်သုံးမှာ ရပ်တည်နေမယ်လို့ အဲဒီသုတေသနအဖွဲ့က ဒီဇင်ဘာ ၂၆ ရက်မှာ နှစ်စဉ်ထုတ်ပြန်တဲ့ စီးပွားရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ပထမဆုံးခံခဲ့ရပေမယ့် အလွန်တင်းကြပ်တဲ့ ကန့်သတ်မှုတွေနဲ့အတူ ရောဂါကို လျှင်မြန်စွာထိန်းချုပ်နိုင်ခဲ့တာကြောင့် ဥရောပနိုင်ငံတွေလိုမျိုး စီးပွားရေး ထိခိုက်တာတွေ၊ ပြန်လည်ထူထောင်ရတာတွေ မဖြစ်ခဲ့ပါဘူး။

ရလဒ်အနေနဲ့ အခြားစီးပွားရေးထိပ်သီးနိုင်ငံတွေနဲ့မတူဘဲ ၂၀၂၀ ခုနှစ်မှာ စီးပွားရေးကျဆင်းမှုကို ရှောင်ရှားနိုင်ခဲ့ကာ ယခုနှစ်အတွင် စီးပွားရေးတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW