တရုတ်နိုင်ငံမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူခုနှစ်ဦးသေဆုံး

ပေကျင်း၊ ဒီဇင်ဘာ၂၈-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဓါးကိုင်တိုက်ခိုက်သူတစ်ဦးကြောင့် လူ ခုနှစ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

လျောင်နင်းပြည်နယ်ရှိ ကိုင်ယွမ်မြို့ငယ်လေးမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ဓါးကိုင်တိုက်ခိုက်ခံရမှာ အခြားသူခုနှစ်ဦးလည်း ဒဏ်ရာရရှိသွားပါတယ်။

သံသယရှိသူတရားခံကို ရဲတပ်ဖွ့ဲက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

မျက်မြင်သက်သေတွေရဲ့အဆိုအရ လူတစ်ဦးဟာ တွေ့ကရာလူကို ဓါးနဲ့လိုက်ထိုးခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲပေမယ့် မကြာသေးမီနှစ်တွေအတွင်း ဓါးကိုင်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

သူတို့တွေဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိသူတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ အထက်အရာရှိတွေ နဲ့ လူပုဂ္ဂိုလ်တွေကို လက်စားချေဖို့အတွက် ဒီလိုတိုက်ခိုက်မှုတွေကို ကျူးလွန်လေ့ရှိကြပါတယ်။

Ref : BBC
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW