ဖမ်းဝရမ်းထုတ်ခံရတဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ ဘာလို့ ခုမှ ထွက်အဖမ်းခံကြသလဲ

မန္တလေး-ဒီဇင်ဘာ-၂၈-၂၀၂၀ နေလင်း(VOM)   အမျိုးသားရေးလှုပ်ရှားမှုအဖြစ်လုပ်ဆောင်တဲ့ ၂၀၁၉ တုန်းက မြို့တော်ခန်းမရှေ့မှာလုပ်တဲ့ ဟောပြောပွဲနဲ့ပတ်သက်ပြီး  အစိုးရအဖွဲ့ကိုမုန်းအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ ပုဒ်မ ၁၂၄(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘူးလက်လှဆွေလို့ လူသိများတဲ့ အမျိုးသားလွှတ်တော်အမတ်ဟောင်း၊ တပ်မတော်အရာရှိဟောင်း ဦးလှဆွေဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။   ဒီလိုအလားတူပဲ အမျိုးသားရေးဆရာတော်လို့အများသိကြတဲ့ ဦးဝီရသူဟာလည်း ဘူးလက်လှဆွေလို အလားတူပုဒ်မတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရရာက နိုဝင်ဘာ ၂ရက်နေ့က သွားရောက်အဖမ်းခံခဲ့ပါတယ်။ တခြားအမျိုးသားရေးလှုပ်ရှားသူတွေဖြစ်တဲ့  ဟိဏ်းဝေယံက အောက်တိုဘာ ၃၁ မှာ အဖမ်းခံခဲ့သလို မြတ်ဘုန်းမိုရ်နဲ့  တင်လင်းထိုက်ဟာလည်း ဒီဇင်ဘာ ၁၁ရက်နေ့က သွားရောက်အဖမ်းခံခဲ့ပါတယ်။ သူတို့ကတော့ နိုင်ငံတော် အစိုးရ၊  ငြိမ်ဝပ်ရေးကိုထိခိုက်တဲ့ ပြစ်မှုကို ကျူးလွန်ချင်လာအောင် ကြောက်ခြင်း ၊ ထိတ်လန့်ခြင်း တခုခုအကြံနဲ့ပြုမူမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ အမျိုးသားရေးဆရာတော်…

Read More

တပ်မတော်ကထုတ်ပြန်တဲ့ တနိုင်းမြို့က မဲစာရင်းတွေကိစ္စ မဲမသမာမှုဖြစ်နိုင်စရာမရှိ

ဒီဇင်ဘာ ၂၈-၂၀၂၀ ရန်အောင်ထွန်း(VOM) တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ တနိုင်းမြို့က မဲစာရင်းနဲ့ပတ်သက်ပြီး မဲမသမာမှုဖြစ်နိုင်စရာမရှိဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးဟာ ဒီဇင်ဘာ ၂၃ ရက်က မဲစာရင်းကွာဟချက်တွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ်တွေနဲ့ပတ်သက်ပြီး ရရှိထားတဲ့ မဲစာရင်း(ပုံစံ-၁) ဆိုပြီး ထုတ်ပြန်လိုက်တဲ့ ဇယားမှာ ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ်အတွက် UEC ရဲ့ မဲရလဒ်ထုတ်ပြန်ချက်ပါ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှာ ၃၄၃၄၉ ဦးဖြစ်ပြီး စီစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း (ပုံစံ-၁)မှာ ၃၄၃၄၆ ဦး ဆိုတဲ့ အချက်ကို ဦးထွန်းအောင်ခိုင်ကပြောတာဖြစ်ပါတယ်။ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က “ အခု ငါတို့ ပြန်စစ်နေတယ်၊ ငါတို့ မဲစာရင်းကတော့ သူတို့ပြောသလို ၃ ယောက်မကွာဘူး၊ ဘာကြောင့်သူတို့…

Read More

ပြည်ခိုင်ဖြိုးပါတီအနေနဲ့  အမှု​ပေါင်း ၂၀၀ နီးပါး​လောက်​  ​UEC မှာ တင်​ထားပြီ

နေပြည်တော်-ဒီဇင်ဘာ ၂၈-၂၀၂၀ ကိုထွန်း(VOM)   ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး ကန့်ကွက်လွှာတင်တာမှာ အမှု ၂၀၀နီးပါးရှိတဲ့အကြောင်းနဲ့ ကန့်ကွက်တဲ့ထဲမှာ  NLD ပါတီကိုယ်စားလှယ်လောင်းအများစုဖြစ်တယ်လို့  ဒီဇင်​ဘာ ၂၈ ရက်​နေ့ ပြည်​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးကို ကန့်​ကွက်​လွာတင်​ပြီး ပြန်​အထွက်​မှာ ​ဒေါ်ယဉ်​မင်းမြင့်​ဆွေက သတင်း​ထောက်​တွေကို​ပြောပါတယ်။   “ ဘယ်​မဲဆန္ဒနယ်​မြေ​တွေလဲဆို​တော့ ပြည်​ထောင်​စုနယ်​မြေပါမယ်​၊ ရန်​ကုန်​တိုင်းအတွင်းမှာလည်း ရှိမယ်​၊ မန္တ​လေးတိုင်း​ဒေသကြီး​ ၊ တစ်​နိုင်​ငံလုံးအတိုင်းအတာဖြစ်​တဲ့အတွက် ​နေရာတိုင်းမှာ တ​ချို့ အချက်​အလက်​မရတဲ့​နေရာ​တွေမှာ​တော့ ကန်​ကွက်​လွှာမတင်​ဘူး​ပေါ့​နော်​ အချက်​အလက်​ခိုင်​မာတဲ့မြို့နယ်​တွေ​တော့ကျမတို့တင်​ပါတယ်​၊ အချက်​အလက်​တွေက​တော့ကိုယ်​စားလှယ်​လောင်း​တွေတရားမဲ့ပြုကျင့်​မှုအချက်​အလက်​တွေနဲ့ငြိတာ​တွေ​ပေါ့​နော်​၊ ဒါကြောင့်​ကန့်​ကွက်​လွှာတင်​တိုင်း တရားမဲ့ပြုကျင့်​မှု အချက်​အလက်​တွေထဲက တစ်​ချက်​ချက်​နဲ့ ငြိစွန်းလို့ ကန့်​ကွက်​လွှာတင်​ခြင်းဖြစ်​ပါတယ်” ​လို့  ဒေါ်ယဉ်​မင်းမြင့်​ဆွေက ​ပြောပါတယ်​။   ကန့်​ကွက်​လွှာတင်​တဲ့အထဲမှာ NLD ဘက်​ကထင်​ရှားသူ ဘယ်​သူ​တွေများပါသလဲဆိုတာကို မေးကြည့်တော့ ​“အတိအကျ​ပြောဖို့ခက်​ပါတယ်​၊ ကျမကအမှု ၂၁ မှုစီစဉ်​ရတာဆို​တော့ ကျမတာဝန်​ယူရတဲ့ ၂၁ ဦးထဲမှာ သာစည်​မဲဆန္ဒနယ်​ကပြည်​သူ့လွှတ်​တော်​၊ တိုင်း​ဒေသကြီး(၁)တို့ပါတယ်​။…

Read More

BGF ယူနီဖောင်း ဝတ်ဆင်လာသူတွေဆီကနေ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၈-၂၀၂၀ ကိုတိုးကြီး (VOM) မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်းကနိမ်ကျေးရွာ၊ အပါချမ်း စက်သုံးဆီအရောင်းဆိုင်အနီးမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်ညပိုင်းက BGF ယူနီဖောင်း ဝတ်ဆင်လာသူတွေဆီကနေ မူးယစ်ဆေးဝါးနဲ့ လက်နက်၊ခဲယမ်းတွေ ဖမ်းဆီးရရှိခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။ ” မူးယစ်ဆေးဝါး သတင်းအရ ပိတ်ဆို့စစ်လုပ်တဲ့အခါ အခုလို ဖမ်းဆီးရမိတာဖြစ်တယ်၊ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ဖြစ်တယ်၊ စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော် ကာလတန်ဖိုး သိန်း ၅ ထောင်ကျော်ဖိုးနဲ့အတူ လက်နက်ခဲယမ်းတွေ ဖမ်းဆီရမိတာဖြစ်တယ်”လို့ မုဒုံမြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိတစ်ယောက်က အတည်ပြုပြောပါတယ်။ မွန်ပြည်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစိပ်က ရဲတပ်ဖွဲ့ဝင်တွေဟာ အပါချမ်း ဆီဆိုင်အနီးမှာ ယာဉ်အသွားအလာတွေကို ပိတ်ဆို့စစ်ဆေးနေချိန် သံဖြူဇရပ်ဘက်ကနေ မော်လမြိုင်ဘက်ကိုမောင်းလာတဲ့ 1023 တပ်ခွဲ-၃ နံပါတ်ပြားတပ်ဆင်ထားတဲ့ Conorado ကား ၁…

Read More

အာကာသယာဉ်ကလို့ ယူဆရတဲ့ အစိတ်အပိုင်းအချို့ ရခိုင်ပင်လယ်ပြင်ပေါ် ကျရောက်ကာ ကုန်းမြေတုန်ခါမှုဖြစ်ခဲ့

ဒီဇင်ဘာ ၂၈-၂၀၂၀ ထက်အောင်စိုင်း (VOM) မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လွှတ်တင်ထားတဲ့ အာကာသယာဉ်ကလို့ယူဆရတဲ့ အစိတ်အပိုင်းတစ်ခုဟာ ရခိုင်ပင်လယ်ပြင်ကို ကျရောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ အုပ်ချုပ်ရေးပိုင်း ဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။ မနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်လောက်က အဲဒီ အသံကို ကြားရတာဖြစ်ကြောင်းနဲ့ မာန်အောင်ကျွန်းနဲ့ သံတွဲမြို့နယ်ကြား ဘင်္ဂလားပင်လယ်ကို ကျရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မာန်အောင်မြို့နယ် ဒေသခံ ကိုအောင်လင်းထွန်း ပြောတာက” မနေ့ ညပိုင်းက တရုတ်နိုင်ငံက အာကယာဉ်ရဲ့ စွန့်ပစ်ပစ္စည်းလို့ ယူဆရတဲ့ ဟာပေါ့ ၊ မာန်အောင်ကျွန်းပေါက် ဖြတ်သန်းပြီးတော့ ခဏအကြာမှာ ပင်လယ်ပြင်ကို ကျသွားတာတွေရပါတယ်။ သံတွဲမြို့နယ်ဖက်မှာလည်း မြေတုန်ခါမှုရှိခဲ့တယ်လို့ကြားတယ်။ မာန်အောင်ဖက်မှာလည်း မြေတုန်ခါမှုတွေ ရှိခဲ့တယ်။ ကျနော်တို့လည်း ထွက်ကြည့်လိုက်ပြီး ဓာတ်ပုံမှတ်တမ်းရိုက်ထားတာရှိပါတယ်။ မာန်အောင်ကျွန်းနဲ့ ခန့်မှန်း…

Read More

ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

ဒီဇင်ဘာ ၂၈-၂၀၂၀ ကိုတိုးကြီး (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ပါဟုတ်ကြီးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၂၇ မနက် ၁၀ နာရီက လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆယ်ဇင်းဒေသခံတွေကပြောပါတယ်။ ” ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးလင်းခိုင်ဖြိုး ၊ အမှတ် ၄ ရပ်ကွက်မှူး ဦးအောင်ကျော်စိုး ၊ အမှတ်-၁ ရပ်ကွက်မှူး ဦးဖေသန်း နဲ့ ရပ်မိရပ်ဖ ဖြစ်သူ ဦးမောင်နိုင်နဲ့ ဦးသက်လုံတို့ကို ရွာရဲ့အုပ်ချုပ်ရေး ရုံးကနေ ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆယ်ဇင်းကျေးရွာဒေသခံ ပြည်သူတစ်ယောက်က ပြောပါတယ်။ ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်မိရပ်ဖ လူ ၅ ယောက်ကို ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာကို မြင်တွေ့လိုက်ရသူ ဒေသခံ ပြည်သူတစ်ယောက်က…

Read More

တရုတ်နိုင်ငံမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူခုနှစ်ဦးသေဆုံး

ပေကျင်း၊ ဒီဇင်ဘာ၂၈-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဓါးကိုင်တိုက်ခိုက်သူတစ်ဦးကြောင့် လူ ခုနှစ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ လျောင်နင်းပြည်နယ်ရှိ ကိုင်ယွမ်မြို့ငယ်လေးမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ဓါးကိုင်တိုက်ခိုက်ခံရမှာ အခြားသူခုနှစ်ဦးလည်း ဒဏ်ရာရရှိသွားပါတယ်။ သံသယရှိသူတရားခံကို ရဲတပ်ဖွ့ဲက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ မျက်မြင်သက်သေတွေရဲ့အဆိုအရ လူတစ်ဦးဟာ တွေ့ကရာလူကို ဓါးနဲ့လိုက်ထိုးခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တရုတ်နိုင်ငံမှာ ဖြစ်ခဲပေမယ့် မကြာသေးမီနှစ်တွေအတွင်း ဓါးကိုင်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ သူတို့တွေဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိသူတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ အထက်အရာရှိတွေ နဲ့ လူပုဂ္ဂိုလ်တွေကို လက်စားချေဖို့အတွက် ဒီလိုတိုက်ခိုက်မှုတွေကို ကျူးလွန်လေ့ရှိကြပါတယ်။ Ref : BBC #voiceofmyanmar #VOM #ပေကျင်း

Read More

စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့မှာ လယ်ယာသုံး ခိုင်းနွားတွေ မကြာခဏ ခိုးယူသတ်ဖြတ်ခံနေရ

ဒီဇင်ဘာ ၂၈-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စလို့ လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားကြီးတွေ ခိုးယူသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ပေါ်ပေါက်နေတယ်လို့ နွားပျောက်ဆုံးတဲ့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ ” စပါးသိမ်းချိန်ဆိုတော့ နှစ်တိုင်းကလိုပဲ ထုံးစံအတိုင်း ရွာအပြင်ဘက်မှာ နွား ၄ ကောင်ကို လှန်(လွှတ်ကျောင်း)ထားတယ်၊ ရွာနဲ့လည်းမဝေးဘူးဆိုတော့ စိတ်ချတယ်လို့ ထင်ခဲ့တာ၊ ညနေ နွားပြန်သိမ်းတော့ ခိုင်းနွား ၁ ကောင်ပျောက်နေတယ်၊ နွားပျောက်လို့ ကျွန်းလှမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်၊ ရဲကအမှုဖော်ထုတ်တဲ့အခါ နွားခိုးသူ ၂ ယောက်ကို ဖမ်းဆီးရခဲ့ပေမယ့် ခိုးရာပါ နွားကိုတော့ သတ်ဖြတ်စားသောက်ထားတာပဲ ပြန်တွေ့ရတယ်”လို့ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ရွာနေ တောင်သူ ဒေါ်မဲခိုက ပြောပါတယ်။ အဲ့ဒီလို နွားတွေ ခိုးယူခံရတာဟာ ရွှေဘိုမြို့နယ် ၊ ကန့်ဘလူမြို့နယ် ၊ကနီမြို့နယ် နဲ့…

Read More

တရားခံပြေး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘူးလက်လှဆွေ လာရောက်အဖမ်းခံ

ဒီဇင်ဘာ ၂၈၊၂၀၂၀ အေးချမ်းသူ(VOM) နိူင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခြင်းခံရပြီး တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားတဲ့ ဘူးလက်လှဆွေဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “သူကိုယ်တိုင်လာအဖမ်းခံတာပါ၊ ဘယ်နေ့ရုံးထုတ်မလဲဆိုတာတော့ မသိရသေးဘူး”လို့ VOMကိုအတည်ပြုပြောပါတယ်။ ဘူးလက်လှဆွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃ရက်နေ့က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့ လူထုဟောပြောပွဲမှာ အစိုးရနဲ့ဒေါ်အောက်ဆန်းစုကြည်အပေါ် ပုတ်ခတ်စော်ကားပြောဆိုခဲ့တာကြောင့် ကျောက်တံတားမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက သြဂုတ်လ ၇ရက်နေ့မှာ နိူင်ငံတာ်အကြည်ပျက်စေမှုပုဒ်မ-၁၂၄(က)နဲ့ အနောက်ပိုင်းခရိုင်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ တရားစွဲဆိုထားတာကို အမှုလာရောက်ရင်ဆိုင်ခြင်းမရှိတဲ့အတွက် သြဂုတ်လ ၈ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့ပြီး တစ်နှစ်ကျော်အကြာ ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်နေ့မှာ လာရောက်အဖမ်းခံတာ ဖြစ်ပါတယ်။ ဘူးလက်လှဆွေဟာ တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးဖြစ်ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိူင်ရရှိခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ #voiceofmyanmar #VOM…

Read More

မိဘတွေမရှိချိန် မောင်နှမသုံးဦး သေတ္တာထဲ ဝင်ဆော့ရာကနေ အသက်ရှုကြပ်သေဆုံး

ဒီဇင်ဘာ၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်( မော်လမြိုင်ကျွန်း) ဖိုးခမှီဒေါင့်ကျေးရွာမှာ မနေ့ ဒီဇင်ဘာလ၂၇ ရက်နေ့မနက်ပိုင်းက အသက် ၁ နှစ်နဲ့ ၈ လအရွယ်ကနေ ၈ နှစ်အရွယ်ကြား မောင်နှမ ၃ ဦး မိဘတွေမရှိချိန် သေတ္တာထဲဝင်ကစားရာ အသက်ရှုကြပ်သေဆုံးခဲ့တယ်လို့ မော်လမြိုင်ကျွန်းနာရေးကူညီမှုအသင်းကနေ သိရပါတယ်။ ” ကလေးငယ်တွေကို အိမ်မှာထားပြီး မိဘ‌တွေက လယ်ထဲဆင်းကြချိန်ဖြစ်ကုန်တာလို့ သိရတယ်။ သားကြီးဖြစ်သူက မိဘတွေနဲ့ပါသွားတယ်။ နောက်ပိုင်းက အခုလိုဖြစ်ကုန်တာလို့ သိရတယ်။ မိဘပြန်လာချိန် မွန်းလွဲပိုင်းလောက် ဖြစ်တော့ အလောင်းတွေသယ်တော့ ညနေ ၃ နာရီပါ”လို့ မော်လမြိုင်ကျွန်းနာရေးကူညီမှုအသင်းမှ ဦးအောင်မျိုးသန့်ကပြောပါတယ်။ သေဆုံသွားသူတွေဟာ အသက် (၈နှစ်)အရွယ် ယောကျာၤးလေး ၊ အသက် (၆ နှစ်)အရွယ် ယောကျာၤးလေး နဲ့ အသက် (၁ နှစ် ၈ လ)အရွယ်…

Read More
VOM News

FREE
VIEW