ပြည်ခိုင်ဖြိုးပါတီအနေနဲ့  အမှု​ပေါင်း ၂၀၀ နီးပါး​လောက်​  ​UEC မှာ တင်​ထားပြီ

နေပြည်တော်-ဒီဇင်ဘာ ၂၈-၂၀၂၀

ကိုထွန်း(VOM)

 

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး ကန့်ကွက်လွှာတင်တာမှာ အမှု ၂၀၀နီးပါးရှိတဲ့အကြောင်းနဲ့ ကန့်ကွက်တဲ့ထဲမှာ  NLD ပါတီကိုယ်စားလှယ်လောင်းအများစုဖြစ်တယ်လို့  ဒီဇင်​ဘာ ၂၈ ရက်​နေ့ ပြည်​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ရုံးကို ကန့်​ကွက်​လွာတင်​ပြီး ပြန်​အထွက်​မှာ ​ဒေါ်ယဉ်​မင်းမြင့်​ဆွေက သတင်း​ထောက်​တွေကို​ပြောပါတယ်။

 

“ ဘယ်​မဲဆန္ဒနယ်​မြေ​တွေလဲဆို​တော့ ပြည်​ထောင်​စုနယ်​မြေပါမယ်​၊ ရန်​ကုန်​တိုင်းအတွင်းမှာလည်း ရှိမယ်​၊ မန္တ​လေးတိုင်း​ဒေသကြီး​ ၊ တစ်​နိုင်​ငံလုံးအတိုင်းအတာဖြစ်​တဲ့အတွက် ​နေရာတိုင်းမှာ တ​ချို့ အချက်​အလက်​မရတဲ့​နေရာ​တွေမှာ​တော့ ကန်​ကွက်​လွှာမတင်​ဘူး​ပေါ့​နော်​ အချက်​အလက်​ခိုင်​မာတဲ့မြို့နယ်​တွေ​တော့ကျမတို့တင်​ပါတယ်​၊ အချက်​အလက်​တွေက​တော့ကိုယ်​စားလှယ်​လောင်း​တွေတရားမဲ့ပြုကျင့်​မှုအချက်​အလက်​တွေနဲ့ငြိတာ​တွေ​ပေါ့​နော်​၊ ဒါကြောင့်​ကန့်​ကွက်​လွှာတင်​တိုင်း တရားမဲ့ပြုကျင့်​မှု အချက်​အလက်​တွေထဲက တစ်​ချက်​ချက်​နဲ့ ငြိစွန်းလို့ ကန့်​ကွက်​လွှာတင်​ခြင်းဖြစ်​ပါတယ်” ​လို့  ဒေါ်ယဉ်​မင်းမြင့်​ဆွေက ​ပြောပါတယ်​။

 

ကန့်​ကွက်​လွှာတင်​တဲ့အထဲမှာ NLD ဘက်​ကထင်​ရှားသူ ဘယ်​သူ​တွေများပါသလဲဆိုတာကို မေးကြည့်တော့

​“အတိအကျ​ပြောဖို့ခက်​ပါတယ်​၊ ကျမကအမှု ၂၁ မှုစီစဉ်​ရတာဆို​တော့ ကျမတာဝန်​ယူရတဲ့ ၂၁ ဦးထဲမှာ သာစည်​မဲဆန္ဒနယ်​ကပြည်​သူ့လွှတ်​တော်​၊ တိုင်း​ဒေသကြီး(၁)တို့ပါတယ်​။ သာစည်​ သုံးခု​ပေါ့​နော်​ ကျန်​တဲ့မန္တ​လေးတိုင်း​က  ​ပျော်​ဘွယ်​၊ မိတ္ထီလာတို့လည်း ပါပါလိမ့်​မယ်​၊ ပြည်​ထောင်​စုနယ်​မြေအားလုံးပါပါတယ် ​အကုန်​ကန့်​ကွက်​လွှာတင်​မှာပါ၊ပြည်​ထောင်​စုနယ်​မြေရှစ်​မြို့နယ်​လုံး ပါဝင်​ပါ​တယ်” လို့လည်း  ဒေါ်ယဉ်​မင်းမြင့်​ဆွေက​ဖြေပါတယ်။

ဇေယျာသီရိမဲဆန္ဒနယ်မှာ အနိုင်ရတဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုး​ရေးနဲ့ ပတ်​သက်​ပြီး မဲဆွယ်​စည်းရုံးတယ်​ဆိုပြီး NLD ပါတီဘက်ကနေ ကန့်​ကွက်​ထားတဲ့ ကိစ္စကို ဒေါ်ယဉ်မင်းမြင့်ဆွေ ဆက်ရှင်းပြတာက

​“ တကယ့်​တကယ်​မှာ​တော့ ဦးသန်း​ဌေးအ​နေနဲ့ သူ့ရဲ့မဲဆန္ဒနယ်​မှာ သူဟာဘယ်​ကလာတယ် ​ဘယ်​လူမျိုးက​ပေါက်​ဖွားတယ်​၊ ဘယ်​လိုလူမျိုးဖြစ်​တယ်​ဆိုတာကို စည်းရုံး​ရေးလုပ်​စဉ်​မှာ မိတ်​ဆက်​တဲ့ အနေနဲ့​ပြောခြင်းသာဖြစ်​ပါတယ်​၊ ဒါဟာတရားမဲ့ပြုကျင့်​မှု မ​မြောက်​ဘူးလို့ ကျမအ​နေနဲ့မြင်​ပါတယ်။​ဒါကလည်း ခုံရုံး​ရောက်​တော့မှရှင်းရမယ့်​ကိစ္စပါ” လို့ ရှင်းပြသွားပါတယ်။

 

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၁၀၉၀ နေရာ ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အတွက် ၃၃ နေရာ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်မှာ ၃၈ နေရာ စုစုပေါင်း ၇၁ နေရာပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #VOM # ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ #ဒေါ်ယဉ်မင်းမြင့်ဆွေ #ကန့်ကွက်လွှာ #UEC

Related posts

Leave a Comment

VOM News

FREE
VIEW