မိဘတွေမရှိချိန် မောင်နှမသုံးဦး သေတ္တာထဲ ဝင်ဆော့ရာကနေ အသက်ရှုကြပ်သေဆုံး

ဒီဇင်ဘာ၂၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်( မော်လမြိုင်ကျွန်း) ဖိုးခမှီဒေါင့်ကျေးရွာမှာ မနေ့ ဒီဇင်ဘာလ၂၇ ရက်နေ့မနက်ပိုင်းက အသက် ၁ နှစ်နဲ့ ၈ လအရွယ်ကနေ ၈ နှစ်အရွယ်ကြား မောင်နှမ ၃ ဦး မိဘတွေမရှိချိန် သေတ္တာထဲဝင်ကစားရာ အသက်ရှုကြပ်သေဆုံးခဲ့တယ်လို့ မော်လမြိုင်ကျွန်းနာရေးကူညီမှုအသင်းကနေ သိရပါတယ်။

” ကလေးငယ်တွေကို အိမ်မှာထားပြီး မိဘ‌တွေက လယ်ထဲဆင်းကြချိန်ဖြစ်ကုန်တာလို့ သိရတယ်။ သားကြီးဖြစ်သူက မိဘတွေနဲ့ပါသွားတယ်။ နောက်ပိုင်းက အခုလိုဖြစ်ကုန်တာလို့ သိရတယ်။ မိဘပြန်လာချိန် မွန်းလွဲပိုင်းလောက် ဖြစ်တော့ အလောင်းတွေသယ်တော့ ညနေ ၃ နာရီပါ”လို့ မော်လမြိုင်ကျွန်းနာရေးကူညီမှုအသင်းမှ ဦးအောင်မျိုးသန့်ကပြောပါတယ်။

သေဆုံသွားသူတွေဟာ အသက် (၈နှစ်)အရွယ် ယောကျာၤးလေး ၊ အသက် (၆ နှစ်)အရွယ် ယောကျာၤးလေး နဲ့ အသက် (၁ နှစ် ၈ လ)အရွယ် မိန်းကလေး တို့ မောင်နှမ ၃ ဦးဖြစ်တယ်လို့ မော်လမြိုင်ကျွန်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ကလေးငယ်တွေ‌ သေဆုံးမှုနဲ့ပတ်သက်ပြီး ကျိုက်ပိနယ်မြေရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်စစ်ဆေး‌ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo – မော်လမြိုင်ကျွန်းနာရေးကူညှီမှုအသင်း
#voiceofmyanmar #VOM #မော်ကျွန်း #မောင်နှမသုံးဦး #သေတ္တာထဲဝင်ကစား #အသက်ရှုကြပ်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW