ရေနီမြို့ အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားနဲ့ လူ ၄ ဦး ကိုဗစ်ပိုးတွေ့၊ အထည်ချုပ်စက်ရုံအားလုံးပိတ်

ဒီဇင်ဘာ ၂၉-၂၀၂၀
သိင်္ဂီထွန်း(VOM)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့က အထည်ချုပ်စက်ရုံအားလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး ဇန်နဝါရီလ ၄ ရက်နေ့အထိ ပိတ်လိုက်ပြီဖြစ်တယ်လို့် ရေနီမြို့နယ်ကျန်းမာရေးမှူး ဦးမြင့်ဇော်ကပြောပါတယ်။

ကနီမြို့နယ်အတွင်းရှိ Bago Young Clothing အထည်ချုပ်စက်ရုံ ၃ ခုထဲက စက်ရုံတစ်ခုမှာ တရုတ်နိုင်ငံသားအပါအဝင် ကိုဗစ်အတည်ပြု လူနာ ၄ ဦးအထိ ထွက်ပေါ်ထားသလို အနံ့ပျောက်သူတွေလည်းရှိနေတာကြောင့် အထည်ချုပ်စက်ရုံတွေကို တစ်ပတ်တိတိ ပိတ်လိုက်တာဖြစ်ပါတယ်။

“စက်ရုံအကုန်ပိတ်တာပါ။ အထည်ချုပ်စက်ရုံကနှစ်ခုရှိတယ်။ Bago Young မှာက ၄ ရုံရှိပေမယ့် ၁ရုံက လုပ်ငန်းမလည်ပတ်သေးဘူး။ ပိတ်ရတဲ့အကြောင်းအရင်းက bago young က လက်တလော ပိုးတွေ့ ထွက်နေတာပေါ့။ အဲ့ဒါကို နောက်ကုမ္ပဏီကို ဘာလို့ပိတ်လဲဆိုရင် အဲ့ဒီစက်ရုံက အရမ်းကြီးဝေးတာမရှိဘူး ကပ်နေတယ်၊ အုတ်တံတိုင်းပဲခြားတယ်။နောက်ပြီး အရင်ကလည်း ၁၉ရက်နေ့လောက်က ပိုးတွေ့သူတစ်ဦးထွက်ထားတယ်။ ဒါကြောင့် အားလုံးစိတ်ချရအောင် အများပြည်သူစိုးရိမ်ပူပန်မှုလျော့ကျအောင်၊ ကူးစက်မှုကိုလည်းပြတ်တောက်အောင်ပေါ့ လုပ်ဆောင်တာပါ”လို့ ကနီမြို့နယ်ကျန်းမာရေးမှူး ဦးမြင့်ဇော်ကပြောပါတယ်။

အခုလို စက်ရုံတွေ ယာယီပိတ်ထားဖို့အတွက် ဒီနေ့ ဒီဇင်ဘာလ ၂၉ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၊ အလုပ်ရုံနဲ့အလုပ်သမားဥပဒေဆိုင်ရာစစ်ဆေးရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“သူတို့ထဲက နည်းပြတစ်ယောက်ဖြစ်တဲ့ တရုတ်မတစ်ယောက်ကလည်း ပိုးတွေ့ သွားတယ်။ အနံ့ပျောက်တဲ့သူတွေက တော်တော်များများ တွေ့လာတယ်။ အဲ့ဒါကြောင့်မို့ အခု ၇ ရက်ပိတ်တယ်”လို့ ရေတာရှည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ကပြောပါတယ်။

အထည်ချုပ်စက်ရုံတွေကို ပိတ်ထားချိန်မှာ ကိုဗစ်အတည်ပြုလူနာတွေထွက်ရှိထားတဲ့ Bago Young Clothing ကုမ္ပဏီကို ပိုးသတ်ဆေးဖြန်းတာတွေကိုပြုလုပ်မယ့်အပြင် မြို့နယ်ကိုဗစ်ကော်မတီကနေလည်း စစ်ဆေးမှုတွေကိုပြုလုပ်သွားမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရေနီ #အထည်ချုပ်စက်ရုံ #အားလုံပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW