ပြည်သူ့ဆေးရုံကြီးက လက်ထောက်ဆရာဝန်ရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၀ ကိုတိုးကြီး(VOM) မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ကျန်းမာရေးဝန်ထမ်းအိမ်ယာထဲက လက်ထောက်ဆရာဝန် တစ်ဦးရဲ့ နေအိမ် အိပ်ခန်းထဲမှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၁ နာရီက မူးယစ်စိတ်ကြွဆေးပြားတွေနဲ့အတူ မြို့ခံလူငယ် ၃ ယောက်ကိုပါ တွေ့ရှိရတယ်လို့ ရေးမြို့နယ် ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။ ရေးမြို့မရဲစခန်းမှူး ဒု-ရဲမှူး ဝင်းမြင့် က ” ပြည်သူ့ဆေးရုံးကြီးက လက်ထောက်ဆရာဝန်ရဲ့ နေအိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ် ၊ ဆရာဝန် အပါအဝင် လူငယ် ၄ ယောက်နဲ့ မူးယစ် စိတ်ကြွဆေးပြား ၃၃ ပြား ရှာဖွေသိမ်းဆည်းမိတာဖြစ်တယ်”လို့ ပြောပါတယ်။ လက်ထောက်ဆရာဝန်ရဲ့ နေအိမ်အခန်းအတွင်း ဂျပ်စက္ကူပုံးထဲကနေ WY စာတမ်းပါ ပန်းရောင် ရူးသွပ်စိတ်ကြွဆေးပြား ၂၇ ပြား…

Read More

ရေနီမြို့ အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားနဲ့ လူ ၄ ဦး ကိုဗစ်ပိုးတွေ့၊ အထည်ချုပ်စက်ရုံအားလုံးပိတ်

ဒီဇင်ဘာ ၂၉-၂၀၂၀ သိင်္ဂီထွန်း(VOM) ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့က အထည်ချုပ်စက်ရုံအားလုံးကို ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး ဇန်နဝါရီလ ၄ ရက်နေ့အထိ ပိတ်လိုက်ပြီဖြစ်တယ်လို့် ရေနီမြို့နယ်ကျန်းမာရေးမှူး ဦးမြင့်ဇော်ကပြောပါတယ်။ ကနီမြို့နယ်အတွင်းရှိ Bago Young Clothing အထည်ချုပ်စက်ရုံ ၃ ခုထဲက စက်ရုံတစ်ခုမှာ တရုတ်နိုင်ငံသားအပါအဝင် ကိုဗစ်အတည်ပြု လူနာ ၄ ဦးအထိ ထွက်ပေါ်ထားသလို အနံ့ပျောက်သူတွေလည်းရှိနေတာကြောင့် အထည်ချုပ်စက်ရုံတွေကို တစ်ပတ်တိတိ ပိတ်လိုက်တာဖြစ်ပါတယ်။ “စက်ရုံအကုန်ပိတ်တာပါ။ အထည်ချုပ်စက်ရုံကနှစ်ခုရှိတယ်။ Bago Young မှာက ၄ ရုံရှိပေမယ့် ၁ရုံက လုပ်ငန်းမလည်ပတ်သေးဘူး။ ပိတ်ရတဲ့အကြောင်းအရင်းက bago young က လက်တလော ပိုးတွေ့ ထွက်နေတာပေါ့။ အဲ့ဒါကို နောက်ကုမ္ပဏီကို ဘာလို့ပိတ်လဲဆိုရင် အဲ့ဒီစက်ရုံက အရမ်းကြီးဝေးတာမရှိဘူး ကပ်နေတယ်၊ အုတ်တံတိုင်းပဲခြားတယ်။နောက်ပြီး အရင်ကလည်း ၁၉ရက်နေ့လောက်က…

Read More

ကွာရန်တင်းဝင်နေတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီး အဓမ္မပြုကျင့်ခံရ

ဒီဇင်ဘာ ၂၉-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ စွန်သိုက်ကျေးရွာအုပ်စု၊ ငါးကြီးဂရက်ကျေးရွာရှိ ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၀ အရွယ်အမျိုးသားက အဓမ္မပြုကျင့်မှု ဒီဇင်ဘာ ၂၇ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မအူပင်မြို့မရဲစခန်းကနေ သိရပါတယ်။ ”ငါးကြီးဂရက်ကျေးရွာက ရွှေပြည်အေးဘုရားကြီးကျောင်းမှာပဲ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားက ကျူးလွန်တယ်လို့ ပြောပါတယ်။ ကောင်မလေးက ဒလမြို့နယ်ကနေပြန်လာပြီး မအူပင်မြို့ကို အလည်လာရောက်တာဖြစ်ပါတယ်။ တစ်ကြိမ်ပြုကျင့်ခံရတယ်လို့ပြောပါတယ်။ လက်ရှိ ပြစ်မှုကျူးလွန်သူလို့ဆိုသူကို အမှုဖွင့်ထားပါတယ်”လို့ မအူပင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ ငါးကြီးဂရက်ကျေးရွာရှိ ရွှေပြည်အေးဘုရားကြီးကျောင်း ကွာရန်တင်းစင်တာအောက်ထပ်မှာ ရန်ကုန်တိုင် ၊ဒလမြို့နယ်၊ ရှမ်းကန်ကျေးရွာကနေပြန်လာပြီး ကွာရန်တင်းဝင်နေတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးဟာ အခြား အမျိုးသမီး ၃ ဦးတို့နဲ့ အိပ်နေချိန် တံခါးခေါက်သံကြားလို့ တံခါးကိုဖွင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို တံခါးဖွင့်ကြည့်ခဲ့ရာ ရွှေပြည်အေးဘုရားကြီးကျောင်းအပေါ်ထပ်မှာ…

Read More

မျိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်ရောဂါ ဘင်္ဂလားဒေ့ရှ်မှာ စတင်တွေ့ရှိဆိုတဲ့ သတင်းမှားပျံ့နေ

ဒီဇင်ဘာ-၂၉-၂၀၂၀ ဆွေလင်းထွန်း(VOM) မျိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်ရောဂါဟာ ဘင်္ဂလားဒေ့ရှ်မှာ စတင်တွေ့ရှိတာဖြစ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ အဆိုပါသတင်းမှားကို ခေတ်ဘုန်းခ ခေတ်ဘုန်းခဆိုတဲ့ အကောင့်ကနေ လူမှုကွန်ယက်မှာ ဒီနေ့နေ့လယ် ၁ နာရီခန့်က တင်ခဲ့တာဖြစ်ပြီး နှစ်သက်သူ ၃ထောင်ကျော်၊ မှတ်ချက်ရေးသားသူ ၁၅၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၅၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ သတင်းမှားမှာ “သက်ဆိုင်ရာအာဏာပိုင်များ သိစေရန်{မျိုးဗီဇပြောင်း ကူးဆက်မြန်} COVID-19 ကပ်ရောဂါသည် ဘင်္ဂလားဒေ့ရှ်၌ စတင်တွေ့ရှိဆိုတဲ့ သတင်းတွေ အချိန်နဲ့တပြေးညီ တက်နေပါတယ် ဒေသအာဏာပိုင်များ သတင်းလက်ဦးမှု ရယူကာ နယ်စပ်မျဉ်းတလျှောက် ပိတ်ဆို့ထားနိုင်ဖို့ပါ” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ UK နိုင်ငံမှာတွေ့တဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုးနဲ့ဆင်တူတဲ့ ရောဂါပိုးကို လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ခဲ့တယ်လို့ Bangladesh Council of Scientific…

Read More

တိုင်းရင်းသားပြည်နယ်တွေနဲ့ အာဏာခွဲဝေဖို့ကိစ္စ NLD ပါတီမှာ အစီအစဉ်ရှိပြီးပြီလား

နေပြည်တော်-ဒီဇင်ဘာ-၂၉-၂၀၂၀ ကိုထွန်း(VOM) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာအမှတ်(၂)၊ ရတနာသိဒ္ဓိရပ်ကွက်၊ မလှိုင်လမ်းနဲ့ ပန်းရွှေပြည် (၃)လမ်းထောင့်မှာရှိတဲ့ ၊ အမှတ်(၅၆၅၉)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)မှာ ဒီကနေ့ ဒီဇင်ဘာ ၂၉ မွန်းလွဲပိုင်းက NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေး အပြီးမှာ UEC မှာ ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်စာရင်းနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဖို့ကိစ္စတွေအပြင် ပြည်နယ်တွေမှာ အာဏာခွဲဝေမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။   တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုန်ခမ်းနော်ဆမ်းတို့ဦးဆောင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ရက်နေ့က ဖွဲ့စည်းပေးထားခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း၊ ဦးသိန်းဦး၊ ဦးဟံသာမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမြင့်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးအောင်ကြည်ညွန့်၊…

Read More

ရှမ်းကုန်းကျေးရွာကို အမည်မသိ လူတစ်စုက မီးဝင်ရှို့

ဒီဇင်ဘာ ၂၉-၂၀၂၀ ကိုတိုးကြီး၊ ထက်အောင်စိုင်း (VOM) ချင်းလူမျိုးတွေ အများစု နေထိုင်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ရှမ်းကုန်းကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက အမည်မသိလူတစ်စု ရွာထဲကိုဝင်လာပြီး လူနေအိမ်တွေကို မီးရှို့သွားတယ်လို့ သိရပါတယ်။ ‌” မနက်က ၁ နာရီ မထိုးခင် အချိန်လောက်ဖြစ်မယ်၊ ပရဟိတရုံးနဲ့ လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးတယ်၊ အခြား လူနဲ့ တိရစ္ဆာန် သေဆုံးဒဏ်ရာရတာတော့ မရှိဘူး၊ မီးစတင်လောင်ရတဲ့ အခြေအနေက ရှို့မီးဖြစ်တာပါ၊ ကောက်သိမ်းရင် ဆက်ကြေးအခွန် ပေးရမယ်၊ တာဝန်မကျေရင် မီးရှို့မယ်။ အဲ့ဒါမှ မဟုတ်ရင် ကျွဲ၊ နွားတွေယူမယ်လို့ ရွာကို ပြောခံထားရတာတွေရှိတယ်။ ဘယ်အဖွဲ့ကလည်းဆိုတာ ‌အဖွဲ့အစည်း အမည်ကို မပြောရဲဘူး “လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းကုန်းရွာခံတစ်ဦးက ပြောပါတယ်။ အမည်မသိ လူတစ်စုရဲ့…

Read More

မြန်မာအပါအဝင် တရားမဝင်လုပ်သားတွေကို မှတ်ပုံတင်ပေးဖို့ ထိုင်းပြည်ထဲရေး စီစဉ်နေ

ဘန်ကောက်၊ ဒီဇင်ဘာ၂၉-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုထိန်းချုပ်ဖို့ အားထုတ်မှုတစ်ခုအဖြစ် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှ တရားမဝင်ရွှေ့ပြောင်းလုပ်သား တစ်သန်းကျော်ကို တရားဝင်မှတ်ပုံတင်ပေးဖို့အတွက် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၉ ရက်နှောင်းပိုင်းမှာပြုလုပ်မယ့် အစိုးရအဖွဲ့ အပတ်စဉ်အစည်းအဝေးမှာ ခွင့်ပြုချက်ရရှိဖို့အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တင်ပြသွားမှာဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်ကို အစိုးရအဖွဲ့က အတည်ပြုမယ်ဆိုရင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ – ၁၇ ကို အသုံးပြုပြီး တရားမဝင်အလုပ်သမားတွေကို မှတ်ပုံတင်ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီ ပြုပြင်ပြောင်းလဲမှုဟာ ယမန်နေ့မတိုင်မီက ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှ တရားမဝင်လုပ်သားတွေအတွက်သာ အကြုံးဝင်မှာဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်မှ ဝင်ရောက်လာသူတွေ မပါဘူးလို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံအတွင်းက…

Read More

ရေတွင်းဘောင်ပေါ်ထိုင်ပြီး ဖုန်းပြောလေ့ရှိတဲ့ ကျောင်းထိုင်ဘုန်းကြီး ရေတွင်းထဲပြုတ်ကျလို့ ပျံတော်မူ

ဒီဇင်ဘာ ၂၉ -၂၀၂၀ ကိုတိုးကြီး (VOM) ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ကိုင်းတာအုပ်စု ၊ ကျီးတောကျေးရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ ရေတွင်းထဲပြုတ်ကျပြီး ပျံလွန်တော်မူနေတာကို မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေ ၆ နာရီကျော်က တွေ့ရတယ်လို့ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” ရေတွင်းကျပြီး ပျံလွန်တော်မူနေတာ ၂ ရက်ရှိပြီလို့ ခန့်မှန်းရတယ်၊ ဘာကြောင့်လဲဆိုတော့ ၂၇ ရက် မနက်က ဆွမ်းပို့လာသူတွေက ဘုန်းကြီးမတွေ့လို့ ဖုန်းဆက်တယ်၊ ဆက်လို့မရဘူးလို့ သိရတယ်။ အဲ့ဒါကြောင့် ဆွမ်းပို့သူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားထားတယ်၊ မနေ့က ညနေပိုင်းအထိ ဘုန်းကြီးမတွေ့လို့ လိုက်ရှာကြရာက ရေတွင်းထဲ ပြုတ်ကျ ပျံလွန်တော်မူနေတာကို တွေ့ရတယ်”လို့ ကျီးတောကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သက်တော် ၃၉ နှစ် အရွယ် ကျောင်းထိုင်ဆရာတော်ဟာ…

Read More

သစ်သားနဲ့ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံးဂြိုဟ်တု ဂျပန်နိုင်ငံတီထွင်နေ

တိုကျို၊ ဒီဇင်ဘာ၂၉-၂၀၂၀ မျိုးဆက်(VOM) ဂျပန်ကုမ္ပဏီတစ်ခုနဲ့ ကျိုတိုတက္ကသိုလ်တို့ဟာ ၂၀၂၃ ခုနှစ်မှာ သစ်သားနဲ့ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံး ဂြိုဟ်တုကိုဖန်တီးဖို့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။ ဆူမစ်တိုမိုသစ်ကုမ္ပဏီဟာ သစ်ပင်တွေကြီးထွားလာမှုနဲ့ အာကာသအတွင်း သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေ အသုံးပြုနိုင်ဖို့ သုတေသနလုပ်ငန်းကို စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျိုတိုတက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဲဒီကုမ္ပဏီဟာ ကမ္ဘာကြီးရဲ့ ပြင်ပမှာ သစ်အမျိုးအစား အမျိုးမျိုးနဲ့အတူ စမ်းသပ်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်းကို နိုင်ငံစုံကနေ ဂြိုဟ်တုများစွာ လွှတ်တင်နေကြတာကြောင့် အာကာသအမှိုက်တွေဟာ လက်ရှိမှာတော့ ပြဿနာတစ်ရပ်အဖြစ် ကြီးထွားလာနေပြီဖြစ်ပါတယ်။ သစ်သားနဲ့ပြုလုပ်မယ့် ဂြိုဟ်တုဟာ ကမ္ဘာမြေပေါ်ကို ပြန်ကျလာရင်လည်း လေထုထဲမှာ အခြားအရာလိုမျိုး အန္တရာယ်မဖြစ်စေဘဲ မီးလောင်ကျွမ်းသွားတာ ဒါမှမဟုတ် အပိုင်းအစတွေအဖြစ် ပြန့်ကျဲသွားမှာဖြစ်ပါတယ်။ Ref : BBC Photo: SUMITOMO FORESTRY #voiceofmyanmar #VOM #တိုကျို

Read More

နိုင်ငံသားအထောက် အထားမဲ့သူတွေကို သယ်လာတဲ့ ပုသိမ်ကဘုန်းကြီးထွက်ပြေးတာ ဖမ်းမမိသေး

ပုသိမ်-ဒီဇင်ဘာ-၂၉-၂၀၂၀ ကိုအောင်(ပုသိမ်) ဒီဇင်ဘာ၂၄ရက်နေ့က နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ယောက်ကို သယ်လာတဲ့ ပုသိမ် သာသနာ့ဓမ္မဂုဏ်ရည် တံဆိပ်နဲ့ ကားတစ်စီးဟာ ပြည်မြို့အရောက်မှာ ဘီးပေါက်သွားကာမှ ကားထဲမှာ နိုင်ငံသားအထောက်အထားမပြနိုင်သူ ၁၃ယောက်ကိုတွေ့ခဲ့ချိန်မှာ ယာဉ်မောင်းနဲ့ဘုန်းကြီးဟာ ကားကိုထားပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီ ၁၃ ယောက်ကို ပို့ဆောင်ပေးခဲ့တဲ့သူဟာ ပုသိမ်မြို့ အမှတ်၁၄ရပ်ကွက်က သာသနာ့ဓမ္မာ့ဂုဏ်ရည်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်နဲ့ သူ့ရဲ့ယာဉ်မောင်း ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင် က “အမှတ်၁၄ ပန်းဆက် ရပ်ကွက်ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဦးဣိန္ဒကနဲ့ ယဥ်မောင်းက ဂိုလေး(ခ)ခင်မောင်လင်းတို့လို့ အတည်ပြုလို့ရပါတယ်။ တရားခံတွေကတော့ ထွက်ပြေးနေပါတယ်”လို့ ပြောပါတယ်။ ပုသိမ်သာသနာ့ ဓမ္မဂုဏ်ရည်ကျောင်းက ကျောင်းထိုင်ဘုန်းကြီးကို ပြည်မြို့မှာအမှုဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။ “ဘုန်းကြီးကတော့ပုသိမ်က သူတို့ကိုပြည်မှာပဲ ပုဒ်မ ၃၆၇နဲ့အမှုဖွင့်ထားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။ အထောက်အထားမဲ့သူတွေကို ခိုးသွင်းမှုနဲ့ ပတ်သတ်ပြီး ပဲခူးတိုင်း ပြည်မြို့မရဲစခန်းက…

Read More
VOM News

FREE
VIEW