အင်ဒိုနီးရှားမှာ ပြည်သူအားလုံးကို ဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ထိုးပေးတော့မယ်

ဂျကာတာ၊ ဇန်နဝါရီ-၅-၂၀၂၀
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို လာမယ့်သီတင်းပတ်မှာ စတင်တော့မှာဖြစ်တယ်လို့ ထိပ်တန်းဝန်ကြီးတစ်ဦးက ဇန်နဝါရီ ၄ ရက်မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

နိုင်ငံအတွင်းမှာ ကာကွယ်ဆေး ခုနှစ်သိန်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးထားပြီး အစားအသောက်နဲ့ ဆေးဝါးအေဂျင်စီ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာလို့ဆိုပါတယ်။

အာရှဒေသမှာ ကိုဗစ်-၁၉ ရောဂါကို အပြင်းအထန်ခုခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကာကွယ်ဆေး ၃၂၉ သန်းရရှိထားပြီး Pfizer/ BioNTech ထုတ်ကာကွယ်ဆေးနဲ့ AstraZeneca ကုမ္ပဏီထုတ် ကာကွယ်ဆေးအများစုပါဝင်ပါတယ်။

ကာကွယ်ဆေးထိုးနှံမှု ပထမအကြိမ်မှာ ပါဝင်သူတွေအတွက် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အသုံးပြုသွားမှာဖြစ်ပြီး ဒီကာကွယ်ဆေး သုံးသန်းကို အင်ဒိုနီးရှားက ရရှိထားပြီးဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို လာမယ့်သီတင်းပတ်မှာ စတင်ဖို့စီစဉ်ထားပြီး ဘရာဇီးနဲ့ တူရကီနိုင်ငံတို့မှာ ပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်မှုတွေကို လေ့လာနေတဲ့ အစားအသောက်နှင့် ဆေးဝါးအေဂျင်စီထံမှ အချက်အလက်တွေကို စောင့်ဆိုင်းနေတာလို့ အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး အဲလန်ဂါဟာတာတို ကပြောပါတယ်။

ကာကွယ်ဆေးကို နိုင်ငံတစ်ဝန်းမှာ အခမဲ့ထိုးနှံ့ပေးသွားမှာဖြစ်ပြီး ၁၅ လအတွင်း အပြီးသတ်ဖို့မျှော်လင့်ထားပါတယ်။ ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရက ဒေါ်လာ ၅ ဒသမ ၃၃ ဘီလီယံကျခံသုံးစွဲဖွယ်ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီး မူယန်နီအင်ဒရာဝါတီက ထုတ်ဖော်ပြောဆိုပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW