မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ထပ်မံအမှုဖွင့်

ဇန်နဝါရီ ၂၀ -၂၀၂၀
အေးချမ်းသူ(VOM)

အခြေခံလူတန်းစားဘဝမြင့်မားတိုးတက်ရေးပါတီ(YDP)မှ အတွင်းရေးမှူး ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးက နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ – ၁၂၄(က)နဲ့ မနေ့ ဇန်နဝါရီ ၁၉ရက်နေ့ အမှုဖွင့်ထားတယ်လို့ YDPပါတီကနေ သိရပါတယ်။

“ဟုတ်ပါတယ် အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ၊ အစ်မတို့ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးရင် အမှုကို ရင်
ဆိုင်သွားမှာပါ”လို့ YDPပါတီမှ တွဲဘက်အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဒေါ်မိုးမိုးခိုင်က အတည်ပြုပြောပါတယ်။

မိုက်ကယ်ကျော်မြင့်ဟာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ တိုင်းပြုပြည်ပြု မော်ကွန်းကျောက်စာတိုင်စိုက်ထူမယ့် ကိစ္စနဲ့ပတ်သက်ပြီး ဖြန့်ချီရေးသားခဲ့ပါတယ်။

အဲ့ဒီလိုရေးသားတာဟာ လက်ရှိအစိုးရအနေနဲ့ မဲမသမာမှုပြုလုပ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ယူတယ်လို့ စွပ်စွဲရာရောက်တဲ့အပြင် တပ်မတော်ကို နိုင်ငံတော်အာဏာ ထိန်းသိမ်းဖို့ တိုက်တွန်းတဲ့သဘော သက်ရောက်နေတာကြောင့် တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က မနေ့ ဇန်နဝါရီ ၁၉ရက် နေ့လယ်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမှုပုဒ်မ – ၁၂၄(က)နဲ့ တရားစွဲခဲ့ခြင်းဖြစ်တယ်လို့ YDPပါတီကနေ သိရပါတယ်။

ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးကလည်း မိုက်ကယ်ကျော်မြင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ရက်နေ့က ငြိမ်းစုစီပုဒ်မ – ၁၉နဲ့ တရားစွဲဆိုထားတာလည်း ရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလအတွင်းကလည်း ခင်ဦးမြို့နယ်မှာ YDPပါတီကိုယ်စားလှယ်လောင်း စီးလာတဲ့ကားကို ဖျက်စီးခံရတဲ့ကိစ္စနဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ- ၅၀၅ နဲ့ မိုက်ကယ်ကျော်မြင့်ဟာ ခင်ဦးရဲစခန်းမှာ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

အဲ့ဒီအမှုအတွက် အမှုရင်ဆိုင်ခြင်းမရှိဘဲ ခင်ဦးရဲစခန်းကနေ ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံပြေးတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ အတွင်းရေးမှူဒ မိုက်ကယ်ကျော်မြင့်ကို ခင်ဦးမြို့နယ်မှ ပုဒ်မ – ၅၀၅၊ ကျောက်
တံတားမြို့မရဲစခန်းမှ ငြိမ်းစုစီပုဒ်မ – ၁၉၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ပုဒ်မ – ၁၂၄(က)နဲ့ အမှုဖွင့်တရားစွဲဆိုထားကြတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မိုက်ကယ်ကျော်မြင့် #အကြည်ညိုပျက်စေမှု #ထပ်မံအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW