မန္တလေးမင်္ဂလာဈေးကိစ္စ ၁၅ရက်အတွင်း အကြောင်းမပြန်ရင် တိုင်းအစိုးရရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်မယ်

ဇန်နဝါရီ ၂၁ -၂၀၂၀
ဟိန်းကို(VOM)

မန္တလေး မင်္ဂလာဈေးက ဈေးသူဈေးသားတွေဟာ ဈေးကိုပြန်လည်တည်ဆောက်ပေးမှု ရှိ၊မရှိ စာတင်ထားတာ လက်ရှိအချိန်ထိ အကြောင်းပြန်မှုမရှိတဲ့အတွက် ဒီကနေ့နေ့လယ်ပိုင်းက မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

” ကျွန်တော်တို့ အခုစာတင်ထားတယ်၊ ထပ်ပြီးစာတင်ထားတယ်၊ ၁၅ရက်အတွင်းမှာ အကြောင်းမပြန်ဘူးဆိုရင် ကျွန်တော်တို့ ၃ ယောက်လောက် ထိုင်သပိတ်လုပ်မယ်”လို့ မင်္ဂလာဈေးအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးကျော်ကျော်စိုးကပြောပါတယ်။

မင်္ဂလာဈေး ဈေးသူဈေးသားတွေဟာ တိုင်းအစိုးရတာဝန်ရှိသူတွေကိုတွေ့ဆုံဖို့ ကြိုတင်အကြောင်းကြားစာတင်ရမယ်လို့ ပြောတဲ့အတွက် ထပ်မံစာတင်ပြီးပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့ မင်္ဂလာဈေးဟာ ၂၀၁၆ခုနှစ်၊ မတ်လ၂၂ ရက်က မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်တည်ဆောက်ခြင်းမရှိတာဟာ အခု ၂၀၂၁ခုနှစ်၊ မတ်လ ၂၂ရက်နေ့မှာ ၅နှစ်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။

မီးလောင်သွားတဲ့ မင်္ဂလာဈေးမြေညီထပ်က ဈေးသည်တွေကိုတော့ မန္တလေးမြို့၊ ၃၅ လမ်းနဲ့ ၇၁ လမ်းထောင့်က မဟာနွယ်စဉ်ဘောလုံးကွင်းမှာ မင်္ဂလာဈေး(ယာယီဈေး)အဖြစ် ဖွင့်လှစ်ပေးထားပေမယ့် အရောင်းအဝယ်အဆင်မပြေဖြစ်နေတယ်လို့လည်း ဈေးသူဈေးသားတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #မင်္ဂလာဈေး

Related posts

Leave a Comment

VOM News

FREE
VIEW