ဘိုးဘွားပိုင် လယ်မြေပေါ် ပြန်လည်နေထိုင်တဲ့ လယ်သမား ၁၅ ဦးကို တပ်မတော်က တရားစွဲ

ဇန်နဝါရီ ၂၂ -၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ဘားအံ-လှိုင်းဘွဲသွား ကားလမ်းဘေးရှိ ဘိုးဘွားပိုင်လယ်မြေပေါ် ပြန်လည်နေထိုင်ဖို့ တဲအိမ်ဆောက်လုပ်ပြီး ခြံစည်းရိုးကာရံတဲ့ ဒေသခံ တမီးလ်လူမျိုးလယ်သမား ၁၅ ဦးကို တပ်မတော်က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ သိမ်းဆည်းခံလယ်သမားတွေဟာ တဲအိမ်ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်းတွေကို ပြုလုပ်ခဲ့တဲ့အတွက် ပိုင်နက်ကျူးလွန်မှုပုဒ်မ – ၄၄၇နဲ့ ၁၄ ဦး၊ အားပေးကူညီမှုပုဒ်မ – ၁၁၄ နဲ့ ၁ ဦး တပ်မတော်ဖက်က တရားစွဲဆိုတာဖြစ်တယ်လို့ လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးကပြောပါတယ်။ “ခမရ ၂၀၃ က အမှုဖွင့်ထားတယ်။ ကျနော်တို့က ဥပဒေအကြံပြုချက် တင်တယ်။ စစ်ဆေးပေါ် ပေါက်ချက်အရ တရားစွဲဖို့အတွက် ဥပဒေအကြံဉာဏ်လည်း ကျလာတယ်။ ကျလာတဲ့အပေါ်မှာ ကျနော်တို့က တရားစွဲတင်ရမှာ”လို့ ရဲမှူးသန်းဦးကပြောပါတယ်။ မိဘဘိုးဘွားပိုင်လယ်မြေဧက ၄၉ ဧကကို တပ်မ(၂၂)လက်အောက်ခံ၊…

Read More

ဝိုင်းမော်မြို့နယ်က ကာရာအိုကေဆိုင် ဝန်ထမ်း ၈ ဦး Covid-19 ရောဂါပိုးတွေ့

ဝိုင်းမော်-ဇန်နဝါရီ၂၁-၂၀၂၁ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား ၊ မခေါယန်ကျေးရွာအနီးက Green Valley ကာရာအိုကေဆိုင် ဝန်ထမ်းတွေထဲက ၈ ဦး Covid-19 ရောဂါပိုးတွေ့ရှိခဲ့လို့ ဝိုင်းမော်မြို့နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေတယ်လို့ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဲ့ဒီပိုးတွေ့လူနာတွေဟာ ဇန်နဝါရီ ၁၉ ရက်နေ့က မြစ်ကြီးနားမှာတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာ ၁၁ ယောက်နဲ့ ဆက်စပ်ပြီး Green Valley ကာရာအိုကေဆိုင် ဝန်ထမ်း အမျိုးသား ၈၀ နဲ့ အမျိုးသမီး ၈၁ ဦးကို စစ်ဆေးခဲ့ရာကနေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုပိုးတွေ့လူနာတွေဟာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ဦးပါဝင်ပြီး အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပါတယ်။ လက်ရှိမှာတော့ Green Valley ကာရာအိုကေဆိုင်ကို လော့ဒေါင်းချထားပါတယ်။ ပိုးတွေ့လူနာတွေ သွားလာခဲ့တဲ့…

Read More

Voice Of Myanmar ရဲ့ဇန်နဝါရီ၂၁ရက် သတင်းစုံလင် မြန်ပြည်တခွင် ညနေခင်းအစီအစဉ်

ဇန်နဝါရီ၊ ၂၁- ၁- ၂၀၂၁ (VOM) – အိန္ဒိယကမှာထားတဲ့ ကိုဗစ်၁၉ ကာကွယ်ဆေးရောက်ပြီဆိုတဲ့ သတင်းထွက်ပေါ်နေ – ပြည်အကျဉ်းထောင်က ဝန်ထမ်းတစ်ဦးနဲ့ အကျဉ်းသား ၁၈ ဦးမှာ ကိုဗစ်ပိုး ထပ်တွေ့ – မန္တလေးက မင်္ဂလာဈေးကိစ္စ ၁၅ရက်အတွင်း အကြောင်းမပြန်ရင် တိုင်းအစိုးရရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်မယ် – စစ်ကိုင်းမြို့သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်တုန်းက သိမ်းဆည်းခဲ့တဲ့ မြေယာတွေအတွက် မြေယာလျော်ကြေးပေး – ကျောက်တော်က ဆန္ဒပြစစ်ရှောင်တွေကို ထွေအုပ်နဲ့ရဲက မီဒီယာနဲ့ဆက်သွယ်မှုမလုပ်ဖို့ ဖိအားပေး – အလုပ်သမား၉ဦး အလုပ်ထုတ်ခံရလို့ အလုပ်သမားရာနဲ့ချီ ဆန္ဒပြမှုဖြစ်ပွား – ရွေးကောက်ပွဲတရားမျှတမှုလိုလားကြောင်း ဆန္ဒပြခဲ့လို့ တရားစွဲခံရတဲ့သူရတဲ့ ကိစ္စ USDP ပါတီဘက်ကတုံ့ပြန်ထားတဲ့သတင်း – မိုင်းတုံမှာ သတ်ဖြတ်ခံရတဲ့လက္ခဏာနဲ့ အလောင်းနှစ်လောင်းတွေ့ စတဲ့ သတင်းတွေကို တင်ဆက်ထားပါတယ်။ VOM သတင်းဌာနရဲ့ သတင်းတွေကို ဖေ့ဘုတ်ကနေကြည့်မယ်ဆိုရင်…

Read More

ဝန်ကြီးချုပ်နေရာတွေဟာ NLD ပါတီကပဲ ဖြစ်ဖို့များတယ်

မန္တလေး ဇန်နဝါရီ ၂၁ -၂၀၂၁ ဖြူဖြူ (VOM) ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေနဲ့ လာမယ့် အစိုးရသက်တမ်းအတွက် ဘယ်လိုဝန်ကြီးချုပ်တွေရွေးချယ်ခန့်အပ်မလဲဆိုတာကို အများကစိတ်ဝင်တစားရှိနေသလို တိုင်းရင်းသားပါတီတွေ ပါဝင်လာမလားဆိုတာကိုလည်း စိတ်ဝင်စားနေကြပါတယ်။ NLD ပါတီရဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကတော့ တိုင်းရင်းသားတွေပါဝင်မှုများလာမယ်လို့ပြောဆိုပြီး အခြေခံဥပဒေပြဌာန်းချက်အရ အစိုးရဖွဲ့နိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပဲ ဖြစ်ဖို့များတယ်လို့လည်း ဆိုပါတယ်။ #voiceofmyanmar #VOM #NLD #ဒေါက်တာဇော်မြင့်မောင်  

Read More

ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမှာ ငြိမ်းစုစီမတင်ဘဲ တစ်ကိုယ်တော်ဆန္ဒပြသူ ၂ဦးကို ငြိမ်းစုစီနဲ့အမှုဖွင့်

ဇန်နဝါရီ ၂၁ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ တပ်မတော်ကိုထောက်ခံကာ ရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်ကြောင်း ငြိမ်းစုစီမတင်ဘဲ တကိုယ်တော်ဆန္ဒပြခဲ့သူ နှစ်ဦးကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ သက်ဆိုင်ရာရဲစခန်းတွေကနေ သိရပါတယ်။ ဒဂုံမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၁ရက်နေ့လယ်ပိုင်းက ပြည်လမ်း အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ ပြည်ထောင်စုတရားသူကြီးချုပ် နိူင်ငံတော်ကို ကယ်တင်ပေးပါ ခေါင်းစဉ်နဲ့ တကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။ တစ်ကိုယ်တော်ဆန္ဒပြသူ ဒေါ်တူးတူးမာက “အဓိက မဲလိမ်မဲခိုးမှု မဖြေရှင်းပေးလို့ ဆန္ဒပြတာပါ၊ ပြည်သူ့ဆန္ဒကိုအလေးထားပါ၊ စာချွန်တော်ကိုလက်ခံပါ၊ ပြည်ထောင်စုတရားသူကြီးချုပ် နိူင်ငံတော်ကိုကယ်တင်ပေးပါ၊ ပြည်သူဆန္ဒကိုအလေးမထားလို့ ဆန္ဒပြတာပါ”လို့ ပြောပါတယ်။ ခွင့်ပြုချက်မဲ့ ငြိမ်းစုစီမတင်ဘဲ ဆန္ဒဖော်ထုတ်ခဲ့သူ ဒေါ်တူးတူးမာကို (ပ)၉/၂၀၂၁၊ ငြိမ်းစုစီပုဒ်မပုဒ်မ-၁၉နဲ့ ဒဂုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတာဖြစ်တယ်လို့ သိရပါတယ်။ အလားတူး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရာဇဂြိုလ်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့န့လယ်ပိုင်းက ပြည်သူဆန္ဒဖော်ထုတ်ခြင်းမပြုဘဲ လွှတ်တော်ခေါ်ယူခြင်းမပြုဖို့ ကိုဘိုဘိုဆိုသူက တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။…

Read More

ရေးမြို့မရဲစခန်းက အချုပ်သား ၃၄ ဦး ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၂၁ -၂၀၂၁ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့မရဲစခန်းအချုပ်ခန်းမှ အချုပ်သား ၃၄ ဦးမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး‌ ရဲစခန်းကို ဒီကနေ့က စတင်ပြီး ဆီမီးလော့ခ်ဒေါင်းချလိုက်ပြီဖြစ်တယ်လို့ ရေးမြို့မရဲစခန်းကနေ သိရပါတယ်။ ” ၁၉ ရက်နေ့က ထောင်ကိုပို့မယ့်အချုပ်သားကို စစ်ဆေးရာက ပိုးတွေ့လို့ ထိစပ်သူတွေကို ဒီကနေ့ စစ်ဆေးခဲ့တာပါ။ စစ်ဆေးသူ ၇၃ ဦးကို စစ်ဆေးတယ်၊ ၃၄ဦး ကိုဗစ်တွေ့‌တော့ စခန်းကို ဆီမီးလော့ဒေါင်းချတယ်။ အချုပ်ခန်းကိုတော့ လုံးဝပိတ်ထားတယ်”လို့ ရေးမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးဝင်းမြင့်ကပြောပါတယ်။ ကိုဗစ်ပိုးတွေ့တဲ့ အချုပ်သား ၃၄ ဦးကို မော်လမြိုင်ဆေးရုံကိုပို့ဆောင်ကာ ကြပ်မတ်ကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။ ရေးမြို့မရဲစခန်းက ပိုးတွေ့တဲ့အချုပ်သားတွေဟာ မူးယစ်ဆေးဝါးမ‌ှုနဲ့ အချုပ်ကျခံနေရတဲ့ အချုပ်သား ၁၁ ဦး၊ အခြားအမှု အချုပ်ကျခံနေရသူ ၂၃ ဦးပါဝင်ပြီး အခုလက်ရှိ ပိုးမတွေ့တဲ့ အချုပ်သား…

Read More

အဂတိအမှုနဲ့ တရားစွဲခံထားရတဲ့ FDAက ဒေါက်တာသန်းထွဋ်အမှု နောက်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်

မန္တလေး ဇန်နဝါရီ ၂၁ -၂၀၂၁ ဖြူဖြူ (VOM) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ နေပြည်တော်က FDA ညွှန်ကြားရေးမှူးချုပ်အမှုကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ပါတယ်။ ဒီအမှုဟာ ၂၀၁၈ ခုနှစ် ဧပြီလကတည်းက မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်သို့ စွဲဆိုတင်ပို့ခဲ့ကာ တရားရုံးက လက်ခံစစ်ဆေးခဲ့တာဖြစ်ပြီး တရားရင်ဆိုင်နေခဲ့တာဟာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒေါက်တာသန်းထွဋ်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ စွဲချက်တင်ခဲ့ကာ နှစ်ဖက်စစ်ဆေးပြီး အပြီးသတ်လျှောက်လဲချက် ကြားနာဖို့အဆင့်မှာ တရားလိုဘက်က အောက်ရုံးအမိန့်အပေါ် လက်မခံ ထပ်မံပြီး အဆင့်ဆင့်အယူခံတက်ခဲ့ပါတယ်။ ဒေါက်တာသန်းထွဋ်ဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ငွေကျပ်သိန်းပေါင်း ၁၅၀၀ ကျော်တန်ဖိုးရှိဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းနဲ့ နေအိမ်အသုံးအဆောင်ပစ္စည်းတွေကို အဆောက်အဦးဆောက်လုပ်ဖို့တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီတခုဆီက လက်ခံရယူခဲ့တာကြောင့်ဆိုပြီး တိုင်တန်းခံခဲ့ရတာပါ။…

Read More

မန္တလေးမင်္ဂလာဈေးကိစ္စ ၁၅ရက်အတွင်း အကြောင်းမပြန်ရင် တိုင်းအစိုးရရုံးရှေ့မှာ ထိုင်သပိတ်ပြုလုပ်မယ်

ဇန်နဝါရီ ၂၁ -၂၀၂၀ ဟိန်းကို(VOM) မန္တလေး မင်္ဂလာဈေးက ဈေးသူဈေးသားတွေဟာ ဈေးကိုပြန်လည်တည်ဆောက်ပေးမှု ရှိ၊မရှိ စာတင်ထားတာ လက်ရှိအချိန်ထိ အကြောင်းပြန်မှုမရှိတဲ့အတွက် ဒီကနေ့နေ့လယ်ပိုင်းက မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။ ” ကျွန်တော်တို့ အခုစာတင်ထားတယ်၊ ထပ်ပြီးစာတင်ထားတယ်၊ ၁၅ရက်အတွင်းမှာ အကြောင်းမပြန်ဘူးဆိုရင် ကျွန်တော်တို့ ၃ ယောက်လောက် ထိုင်သပိတ်လုပ်မယ်”လို့ မင်္ဂလာဈေးအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးကျော်ကျော်စိုးကပြောပါတယ်။ မင်္ဂလာဈေး ဈေးသူဈေးသားတွေဟာ တိုင်းအစိုးရတာဝန်ရှိသူတွေကိုတွေ့ဆုံဖို့ ကြိုတင်အကြောင်းကြားစာတင်ရမယ်လို့ ပြောတဲ့အတွက် ထပ်မံစာတင်ပြီးပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ မန္တလေးမြို့ မင်္ဂလာဈေးဟာ ၂၀၁၆ခုနှစ်၊ မတ်လ၂၂ ရက်က မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်တည်ဆောက်ခြင်းမရှိတာဟာ အခု ၂၀၂၁ခုနှစ်၊ မတ်လ ၂၂ရက်နေ့မှာ ၅နှစ်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ မီးလောင်သွားတဲ့ မင်္ဂလာဈေးမြေညီထပ်က ဈေးသည်တွေကိုတော့ မန္တလေးမြို့၊ ၃၅ လမ်းနဲ့ ၇၁ လမ်းထောင့်က မဟာနွယ်စဉ်ဘောလုံးကွင်းမှာ မင်္ဂလာဈေး(ယာယီဈေး)အဖြစ်…

Read More

စစ်ကိုင်းသီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်တုန်းက သိမ်းဆည်းခဲ့တဲ့ မြေယာတွေအတွက် လျော်ကြေးရပြီ

စစ်ကိုင်း ဇန်နဝါရီ ၂၁ -၂၀၂၁ မောင်တာရာ (VOM) စစ်ကိုင်းမြို့၊ရွာထောင်ရပ်ကွက်၊အိုးဘိုရပ်မှာ၂၀၀၈ -၂၀၀၉ ဘဏ္ဍာရေးနှစ်က တည်ဆောက်ခဲ့တဲ့ သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်ခဲ့စဉ်က မြေသိမ်းဆည်းခံခဲ့ရတဲ့ မြေပိုင်ရှင် (၁၆)ဦးကို ဒီနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနကနေ မြေယာလျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်း (၂၃၅၈ ) သိန်း လျော်ကြေးပေးခဲ့ပါတယ်။ တံတားဦးစီဌာန၊တည်ဆောက်ရေးအဖွဲ့ (၁)၊ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်စွာထွန်း က ”၂၀၀၈ -၂၀၀၉ ဖြစ်တဲ့အတွက်ကြောင့်မို့ မြေယာလျော်ကြေးပေးတဲ့ အနေအထားမရှိပါဘူး၊ အခုလက်ရှိ နိုင်ငံတော်အစိုးရမူဝါဒအရ နစ်နာကြေးငွေ ပေးရမှာရှိတဲ့အတွက်ကြောင့် မူဝါဒနဲ့ အညီ လျော်ကြေးငွေ နစ်နာကြေး ပြန်လည်တွက်ချက်ပြီးတော့မှ ခု လျော်ကြေးငွေ ပေးအပ်နိုင်ခဲ့ပါတယ်၊ တစ်ဧကရဲ့ လက်ရှိပေါက်ဈေး ကျပ်သိန်းသုံးထောင်နဲ့ တွက်ချက်ပြီး လျော်ကြေးပေးခဲ့တာ ဖြစ်ပါတယ် ”လို့ ပြောပါတယ်။ သီရိမင်္ဂလာခုံးကျော်တံတား တည်ဆောက်တုန်းက…

Read More

ဒေါ်နယ်ထရန့်ရဲ့ အဓိကမူဝါဒတွေကို သမ္မတသစ်ဂျိုးဘိုင်ဒင် အကြီးအကျယ်ပြောင်းလဲ

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်းဒင်ဟာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီအနည်းငယ်အကြာမှာ ဒေါ်နယ်ထရန့်ရဲ့ အဓိကမူဝါဒအချို့ကို ပယ်ဖျက်မှုတွေ စတင်လုပ်ဆောင်လိုက်ပါတယ်။ မိမိတို့ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အချိန်ဖြုန်းဖို့ မလိုဘူလို့ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အိမ်ဖြူတော်ကိုရောက်ချိန် တွစ်တာမှာရေးသားခဲ့တာဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ အမိန့် ၁၅ ခုကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ပထမဦးစွာ ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကို တုံ့ပြန်ဖို့ အစိုးရရဲ့ဆောင်ရွက်မှုကို မြှင့်တင်ဖို့ဖြစ်ပါတယ်။ နောက်ထပ်အမိန့်တွေထဲမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်ကို ပြန်လည်ဝင်ရောက်ရေးနဲ့ မွတ်စလင်နိုင်ငံတွေအပေါ် ချမှတ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးတားမြစ်ချက်တွေ ရုပ်သိမ်းရေးတွေပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ တရုတ်ဝင်နှုတ်ထွက်ဖို့ ဒေါ်နယ်ထရန့်လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်ကို တရားဝင်ရပ်ဆိုင်းပြီး ပြန်လည်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၄၆ ဦးမြောက်အမေရိကန်သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်အစောပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ မစ္စတာဘိုင်ဒင်ကို သမ္မတအဖြစ်တရားဝင်အတည်ပြုခြင်းမရှိသေးတဲ့ ဒေါ်နယ်ထရန့်ကတော့ အမေရိကန်ရဲ့ ကာလကြာရှည် ထုံးတမ်းစဉ်လာတွေကို ဖီလာဆန့်ကျင်ခဲ့တဲ့…

Read More
VOM News

FREE
VIEW