ဒေါ်နယ်ထရန့်ရဲ့ အဓိကမူဝါဒတွေကို သမ္မတသစ်ဂျိုးဘိုင်ဒင် အကြီးအကျယ်ပြောင်းလဲ

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁-၂၀၂၁
မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်းဒင်ဟာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီအနည်းငယ်အကြာမှာ ဒေါ်နယ်ထရန့်ရဲ့ အဓိကမူဝါဒအချို့ကို ပယ်ဖျက်မှုတွေ စတင်လုပ်ဆောင်လိုက်ပါတယ်။

မိမိတို့ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အချိန်ဖြုန်းဖို့ မလိုဘူလို့ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အိမ်ဖြူတော်ကိုရောက်ချိန် တွစ်တာမှာရေးသားခဲ့တာဖြစ်ပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ဟာ အမိန့် ၁၅ ခုကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ပထမဦးစွာ ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကို တုံ့ပြန်ဖို့ အစိုးရရဲ့ဆောင်ရွက်မှုကို မြှင့်တင်ဖို့ဖြစ်ပါတယ်။

နောက်ထပ်အမိန့်တွေထဲမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်ကို ပြန်လည်ဝင်ရောက်ရေးနဲ့ မွတ်စလင်နိုင်ငံတွေအပေါ် ချမှတ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးတားမြစ်ချက်တွေ ရုပ်သိမ်းရေးတွေပါဝင်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ တရုတ်ဝင်နှုတ်ထွက်ဖို့ ဒေါ်နယ်ထရန့်လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်ကို တရားဝင်ရပ်ဆိုင်းပြီး ပြန်လည်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၄၆ ဦးမြောက်အမေရိကန်သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်အစောပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ မစ္စတာဘိုင်ဒင်ကို သမ္မတအဖြစ်တရားဝင်အတည်ပြုခြင်းမရှိသေးတဲ့ ဒေါ်နယ်ထရန့်ကတော့ အမေရိကန်ရဲ့ ကာလကြာရှည် ထုံးတမ်းစဉ်လာတွေကို ဖီလာဆန့်ကျင်ခဲ့တဲ့ သမ္မတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW