ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမေ ၃ ဦး CDM လှုပ်ရှားမှု၌ ပထမဦးဆုံး ပါဝင်လာ

ကလေး-ဖေဖေါ်ဝါရီ၂၁-၂၀၂၁
သိမ်မွေ့ကဗျာ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားအဆင့် ရဲမေ ၃ ဦးဟာ CDM လှုပ်ရှားမှုမှာ ပထမဦးဆုံး ပါဝင်လာပါတယ်။

ကလေးမြို့မှာ စည်ပင်၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ သစ်တော၊ မြန်မာ့မီးရထား၊ ပညာရေး စတဲ့ ဌာနတွေက ဝန်ထမ်းတွေအနေနဲ့ CDM လှုပ်ရှားမှုဟာ ဆက်တိုက်ပါဝင်ခဲ့ကြပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့က ရဲမေ ၃ ဦးဟာ CDM မှာ ပထမဦးဆုံး ပါဝင်လာတာပါ။

အဲဒီရဲမေ ၃ ဦးထဲက နှစ်ဦးဟာ ပြည်သူလူထုနဲ့အတူ ဆန္ဒပြရာမှာ အရပ်ဝတ်နဲ့ လိုက်ပါခဲ့ကြသလို ယခုလောလောဆယ်မှာတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးရန် လိုက်လံရှာဖွေနေတာကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတယ်လို့ ရဲတပ်သား ရဲမေတစ်ဦးက ပြောပါတယ်။

သူတို့အနေနဲ့ မြို့နယ်ရဲတပ်ဖွဲ့အကြီးအကဲအပေါ် သဘောမကျခြင်းကြောင့်မဟုတ်ဘဲ စစ်အာဏာသိမ်းမှုကို လုံးဝလက်ခံနိုင်စရာမရှိတဲ့အတွက် CDM မှာ ပါဝင်ခဲ့တာလို့လည်း ရှင်းပြပါတယ်။ ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှပဲ ရုံးပြန်တက်ဖို့ စဉ်းစားဆုံးဖြတ်ထားတယ်လို့ ရဲမေ ၃ ဦးက ဆက်သွယ်ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ကလေးမြို့

ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမေ ၃ ဦး CDM လှုပ်ရှားမှု၌ ပထမဦးဆုံး ပါဝင်လာ

Related posts

Leave a Comment

VOM News

FREE
VIEW