ကသာ၊ ဖေဖော်ဝါရီလ ၂၂-၂၀၂၁
စပ်ခွန်သာ(VOM)
စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဒီနေ့ ဖေဖော်ဝါရီလ(၂၂)ရက် မနက်ပိုင်းက ကသာမြို့မှာ ဈေးဆိုင်တွေပိတ်ထားခဲ့ကြပြီး ဒေသခံပြည်သူတွေက မဟာလေးထပ်ကျောင်းဝန်း စုရပ်မှာ လာရောက်စုရုံးတာကိုတွေ့ရပါတယ်။
ကသာမြို့ မြို့မဈေးကြီးနဲ့ သီရိခေမာဈေးလေးအတွင်းက ဈေးဆိုင်တွေအပြင် အခြား ဈေးဆိုင်ခန်းတွေနဲ့ ဆေးဆိုင်လေးတွေလည်း ပိတ်ထားကြတာကို တွေ့ရပါတယ်။
“ဈေးမရောင်းဘူး။ ဒီနေ့တော့ ဆန္ဒထုတ်ဖော်ဖို့ အတွက်လိုက်မယ်။ ဈေးပိတ်ရက်တော့မဟုတ်ပေမယ့် ဈေးမရောင်းတော့ဘဲ ဒီနေ့တော့ စစ်အာဏာရှင်ကျဆုံးရေးအတွက်ကို အားထည့်မယ်။ ဈေးလည်းမရောင်းရချင်နေတော့”လို့ ကသာမြို့ဒေသခံ ဈေးသည်တစ်ဦးကပြောပါတယ်။
ဒီနေ့ တနိုင်ငံလုံးမှာ ၂ငါးလုံးအထွေထွေသပိတ်ဆင်နွှဲမယ်ဆိုပြီး ကြေညာထားကာ ဈေးဆိုင်တွေပါ ပိတ်ထားတာကို တွေ့ရပါတယ်။
#VoiceOfMyanmar #VOM #ကသာ #ဈေးဆိုင်တွေပိတ်