ရခိုင်မှာ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုး

ဖေဖော်ဝါရီ ၂၅- ၂၀၂၁

 

ထက်အောင်စိုင်း (VOM)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဘာသာကြီး (၄) ခုက ဘာသာရေးခေါင်းဆောင် အသက်ကြီးပိုင်းတွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။

 

ကိုဗစ်ကာကွယ်ဆေးလာရောက် ထိုးနှံမှုခံယူတဲ့ စစ်တွေမြို့က ဗုဒ္ဓဘာသာ ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ အရှင်အရိယာဝံသက

 

“ အဓိကတော့ ကပ်ရောဂါကို ကာကွယ်ဖို့အတွက် ဆေးထိုးတာကတော့ ကောင်းတာပေါ့။ ဆေးထိုးတဲ့အပေါ်မှာ စိုးရိမ်မှုသိပ်မရှိပါဘူး။ စမ်းသပ်ပြီးတော့မှ ထိုးတာဆိုတော့လေ။ လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေက တည်ငြိမ်အေးချမ်းတဲ့ အခြေအနေမှာ ရှိတယ်လို့ မြင်ပါတယ်။ ဒီအခြေအနေကို တာဝန်ရှိသူတွေအနေနဲ့ ထိမ်းသိမ်းထားစေချင်တယ်။” လို့ မိန့်ပါတယ်။

 

အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်တဲ့ ဦးဆံနီကလည်း  “ ဒီကာကွယ်ဆေးက ဝယ်လို့မရဘူးလို့ ကြားပါတယ်။ အခုလို လာပြီးထိုးပေးတာကိုလည်း ကျနော်တို့ ဝမ်းသာပါတယ်။ ကျန်တဲ့မထိုးရသေးတဲ့လူတွေကိုလည်း ထိုးပေးစေချင်တယ်။ အခုက အသက် (၆၅) နှစ်အထက်လူကြီးတွေကို ထိုးပေးတာဆိုတော့ ကျနော်တို့လည်း ပါတာပေါ့။ ဒီမှာ လူကြီးတွေလာမယ်ဆိုလို့ ကျနော်တို့ စောင့်နေတာပါ။ ဒီလို ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရတဲ့အပေါ် ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။” လို့ ဆိုပါတယ်။

 

ဒီကနေ့ ရခိုင်က ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရာမှာဗုဒ္ဓဘာသာ ဆရာတော် အပါး (၂၀)၊ ဟိန္ဒူဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် (၁)ပါး၊ အစ္စလာမ်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် (၂၀)ပါးနဲ့ ခရစ်ယာန်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် (၁၉) ပါး ဖြစ်ကာ အားလုံးပေါင်း ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် (၆၀) ပါး  ကာကွယ်ဆေးထိုးနှံပြီးကြောင်း သိရပါတယ်။

 

#voiceofmyanmar #VOM #ရခိုင်မှာဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW