ရခိုင်မှာ စစ်ပွဲတွေရပ်နေပေမယ့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး

ဖေဖော်ဝါရီ ၂၈- ၂၀၂၁
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ပွဲတွေရပ်တန့်နေတာ ၄ လနီးပါးကြာမြင့်လာပေမယ့် ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေနေရပ်မပြန်နိုင်သေးပါဘူး။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကနေ စစ်တွေမြို့ကို ထွက်ပြေးလာတဲ့ ရခိုင်စစ်ဘေးရှောင်တွေရဲ့ပြောပြချက်အရ ကျေးရွာထဲနဲ့ အနီးအနားတောတောင်တွေမှာ မိုင်းတွေရှိနေမှာကို စိုးရိမ်ပြီး ရွာကိုပြန်သွားလို့ နေစရာအိမ်တွေမရှိသေးတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲတာကြောင့် လက်ရှိမှာ မပြန်နိုင်သေးတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က အပစ်အခတ်ရပ်စဲပြီး မိုင်းရှင်းလင်းရေးတွေကို စစ်တွေ- ရန်ကုန် အဝေးပြေးလမ်းမတစ်လျှောက် လုပ်ဆောင်နေပြီး နောက်ပိုင်းမှာ ကျေးရွာတွေဖက်ကို ဆက်လက်ပြီး တဖြည်းဖြည်းရှင်းလင်းသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြီးခဲ့တဲ့ အပတ်က ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ရှိပြီး အဲဒီထဲက နေရပ်ပြန်သူအနည်းစုသာရှိကြောင်း သိရပါတယ်။

#voiceofmyanmar #vom #ရခိုင်စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW