ဖေဖော်ဝါရီ ၂၃ -၂၀၂၁ သတင်း+ဓါတ်ပုံ KS တောင်ငူမှာ နှစ်ငါးလုံးအ ထွေထွေသပိတ်အပြီး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒ ဖေါ်ထုတ်မှုတွေဆက်ဖြစ်ခဲ့ပါတယ်။ ဆန္ဒ ဖေါ်ထုတ်ပွဲကို CDM လုပ်နေသော ပညာ ရေးဌာနမှ ဆရာ၊ဆရာမများ၊ တောင်ငူတက္ကသိုလ် ဗကသများအဖွဲ့ချုပ်နှင့် တက္ကကျောင်းသားများ ၊ ပြည်သူများ နှင့် တောင်ငူဂီတချစ်သူများ ပါဝင်ခဲ့ပြီး အင်အား ၁ထောင်ကျော်ခန့်ရှိပါတယ်။ သပိတ်စစ်ကြာင်းတွေဟာ တောင်ငူမြို့တွင်းလှည့်လည် ဆန္ဒ ဖေါ်ထုတ်ခဲ့ပြီး ၊ တောင်ငူတက္ကသိုလ် ဗကသအဖွဲ့ချုပ်နဲ့ တက္ကသိုလ် ကျောင်းသားတွေက လမ်းမကျယ်မှာ အထိုင်သပိတ်ပြုလုပ်ပြီး ၁၁ မှာ လူစုခွဲမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #တောင်ငူ
Read MoreMonth: February 2021
ပညာရေးဝန်ထမ်းတွေအများစုပါဝင်တဲ့ ဒီနေ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ဆန္ဒပြပွဲ
ဖေဖော်ဝါရီ ၂၃-၂၀၂၁ KAL #VoiceOfMyanmar #VOM #ရေဦး #ဆန္ဒပြ
Read Moreအာဏာရှင်စနစ်ကျဆုံးရေး စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ နေ့စဉ်မနက် (၉) နာရီတိုင်း မပျက်မကွက် ဆန္ဒထုတ်ဖော်နေပါတယ်။
ဖေဖော်ဝါရီ ၂၃-၂၀၂၁ MM #VoiceOfMyanmar #VOM #ကသာ #ဆန္ဒပြ
Read More၂ ငါးလုံးအလွန် မုံရွာမြို့မှာ ၁၇ ရက်နေ့မြောက်အဖြစ် ဆက်လက် ဆန္ဒပြ
ဖေဖော်ဝါရီ ၂၃-၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ၂ ငါးလုံးအလွန် ၁၇ ရက်နေ့မြောက်အဖြစ် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ ဆန္ဒပြရာမှာ မုံရွာမြို့ခံ သံဃာတော်တွေက အန္တရာယ်ကင်း ပရိတ်တရားတော်ကို မြို့နေရာအနှံ့ လှည့်လည်ပြီး ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြ ပင်မသပိတ်စစ်ကြောင်းကလည်း မုံရွာနာရီစင်ရှေ့မှာ ဒီမနက် ၁၀ နာရီကစလို့ ထိုင်သပိတ်ပြုလုပ်နေပါတယ်။ #VoiceOfMyanmar #VOM #မုံရွာ #ဆန္ဒပြ
Read MoreCDM ပြုလုပ်တဲ့ ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးက အကြီးတန်းစာရေးပါ ၁၃ဦးကို ရာထူးက ယာယီရပ်ဆိုင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃-၂၀၂၁ အေးချမ်းသူ(VOM) နစအကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတာကြောင့် လုပ်ငန်းခွင်မဝင်ဘဲ CDM ပြုလုပ်နေတဲ့ ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးပါ ၁၃ဦး ဖေဖော်ဝါရီ ၁၉ရက်နေ့ကစပြီး တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရတယ်လို့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတဦးကနေ သိရပါတယ်။ CDM မှာ ပါဝင်တဲ့ အငယ်တန်းစာရေး(ရပ်ကျေး)ဝန်ထမ်းအမျိုးသားက “အခု ၁၉ရက်နေ့မှာပဲ ရုံးကစာထုတ်တာပါ။ စလုပ်တုန်းက ၁၅ယောက် ၂ယောက်က ရုံးပြန်တက်တယ် ၁၃ယောက်ပေါ့ တာဝန်က ယာယီရပ်ဆိုင်းထားတာ” လို့ VOMကို ပြောပါတယ်။ CDM ပြုလုပ်ခြင်းဟာ ပါတီနိုင်ငံရေးကြောင့်မဟုတ်ဘဲ ကိုယ့်စိတ်သဘောအလျှောက် ပြုလုပ်ခဲ့တာဖြစ်ပြီး ပြစ်ဒဏ်တစ်စုံတစ်ရာပေးလာရင် ငြင်းဖို့မရှိဘဲ နောင်တရမှာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။ အငယ်တန်းစာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက “အခုကိစ္စနဲ့ပတ်သက်ပြီး ဌာနဘက်က ဘယ်လိုအရေးယူမလဲတော့မသိနိုင်ဘူးပေါ့နော်။ အလွန်ဆုံးအလုပ်ထုတ်မှာပေါ့။ ညီမတို့ကလည်း CDM ကိုစပြီးကျင့်သုံးတဲ့အချိန်ကစပြီး အလုပ်ပြုတ်နိုင်တယ်ဆိုတဲ့အထိ တွေးထားပြီးသားပါ၊ အဲ့ဒါအတွက် ကိုယ်တွေမှန်ကန်တဲ့ဘက်က…
Read Moreလူမင်းကို လက်ခံထားလို့ ချိုကြည်သာ တေးသံသွင်းပိုင်ရှင်ကိုအမှုဖွင့်
ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ် ၊ ရွှေတောင်ကြား (၂) ရပ်ကွက် ၊ ရွှေတောင်ကြားလမ်း အမှတ် (၂၇ အေ) က နေအိမ်ပိုင်ရှင်ဟာ သရုပ်ဆောင် လူမင်းကိုယ် လက်ခံထားရှိတာနဲ့ပတ်သက်လို့ ဗဟန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လွင်က တရားလိုပြုလုပ် တိုင်တန်းပြီး အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ ဗဟန်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး ပြောပြတာက ” ချိုကြည်သာ တေးသံသွင်း ပိုင်ရှင် ဦးကြည်ဝင်းရဲ့ နေအိမ်မှာ ရုပ်ရှင် သရုပ်ဆောင် လူမင်း ခိုလှုံနေတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါ အဲ့ဒီ အိမ်ရဲ့ နေအိမ်အပေါ်ထပ် အခန်းထဲမှာ လူမင်းကို တွေ့ခဲ့ရတာပါ၊ အချိန်က ၂၁ ရက် မနက် ၁ နာရီဝန်းကျင်မှာ “လို့…
Read Moreလူမင်း လက်ခံထားလို့ ချိုကြည်သာ တေးသံသွင်းပိုင်ရှင်ကိုအမှုဖွင့်
ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ် ၊ ရွှေတောင်ကြား (၂) ရပ်ကွက် ၊ ရွှေတောင်ကြားလမ်း အမှတ် (၂၇ အေ) က နေအိမ်ပိုင်ရှင်ဟာ သရုပ်ဆောင် လူမင်းကို လက်ခံထားရှိတာနဲ့ပတ်သက်လို့ ဗဟန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လွင်က တရားလိုပြုလုပ် တိုင်တန်းပြီး အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ ဗဟန်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး ပြောပြတာက ” ချိုကြည်သာ တေးသံသွင်း ပိုင်ရှင် ဦးကြည်ဝင်းရဲ့ နေအိမ်မှာ ရုပ်ရှင် သရုပ်ဆောင် လူမင်း ခိုလှုံနေတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါ အဲ့ဒီ အိမ်ရဲ့ နေအိမ်အပေါ်ထပ် အခန်းထဲမှာ လူမင်းကို တွေ့ခဲ့ရတာပါ၊ အချိန်က ၂၁ ရက် မနက် ၁ နာရီဝန်းကျင်မှာ “လို့…
Read Moreနေပြည်တော်မှာ ဆန္ဒပြဖို့ထွက်လာသူတိုင်းကို လိုက်လံဖမ်းဆီး
ဖေဖော်ဝါရီ ၂၂-၂၀၂၁ ကိုထွန်း(VOM) နေပြည်တော် လမ်းဆုံလမ်းခွတိုင်းမှာ ရဲနဲ့စစ်သားအစောင့်တွေရှိနေပြီး ထွက်လာသမျှအဖွဲ့တိုင်းကို အတင်းလိုက်ဖမ်းနေပြီဖြစ်ပါတယ်။ ဒီကနေ့နေပြည်တော် နှင်းဆီအဝိုင်းက ဆန္ဒပြသူတွေကို ဖြိုခွင်းဖမ်းဆီးရာမှာလည်း လူဦးရေ ၁၀၀ဝန်းကျင်လောက်ရှိနိုင်တယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။ #voiceofmyanmar # VOM #နေပြည်တော်
Read Moreတောင်ငူမှာ CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေကို ကူညီထောက်ပံ့မှုစတင်
တောင်ငူ_ဖေဖေါ်ဝါရီ-၂၂-၂၀၂၁ KS civil disobedience movenment (CDM) မှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် Toungoo Civil Disovedience Movenment Supporting Group ကို ဖွဲ့စည်းထားပြီး တောင်ငူခရိုင်က CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒီမှာပါဝင်တဲ့ တောင်ငူဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောပြတာက “ တောင်ငူခရိုင်မှာ အစိုးရဝန်ထမ်းပေါင်းစုံ (၃၃၀၀)ခန့် ရှိပြီး၊ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့ဖို့ မ တည်အလှူငွေ ကျပ် (၂၀၀၀)ဖြင့် စတင်ခဲ့ပြီး တောင်ငူမြို့တွင်းမှ စေတနာရှင်များနှင့် ပြည်ပရောက် တောင်ငူဇာတိဖွား အလှူရှင်များကလည်း ပါဝင်လှူဒါန်းလျှက်ရှိပြီး (CDM)လုပ်နေတဲ့ ဝန်ထမ်းတိုင်းကို ထောက်ပံ့ဖို့ ရံပုံငွေ အလုံအလောက် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း” လို့ ပြောပါတယ်။ အဲဒီအဖွဲ့ကနေ ခရိုင်ကျန်းမာရေးဝန်ထမ်း ၃၀၀ ကျော်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်း(၇၀)ဦး၊ သစ်ထုတ်ရေး…
Read Moreမြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်း ၂ ငါးလုံးသပိတ်မှောက်နေ့ ဘားအံမှာ ဆန္ဒပြ
ဖေဖော်ဝါရီ ၂၂-၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လူဦးရေ ၃ သိန်းကျော်ပါဝင်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းဟာ ၂ ငါးလုံး အထွေထွေသပိတ်မှောက်တဲ့နေ့အဖြစ် ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မမိုးမိုးသန်းဆွေက “မတရားမှုတွေကို မခံနိုင်တော့ဘူး။ စစ်အာဏာရှင်တွေကို အမြန်ဆုံးကျဆုံးစေချင်တယ်။ ကျမတို့ သားသမီးတွေ အနာဂတ်အတွက် တိုက်ပွဲဝင်ရမယ်။ အောင်နိုင်ဖို့အတွက် ကျန်ရှိနေသေးတဲ့ ဝန်ထမ်းတွေက CDM မှာ ပူးပေါင်းပါဝင်ပေးပါ “လို့ ဆိုပါတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် နာရီစင်စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ကော့ကရိတ်အထွက် လမ်းဆုံအထိ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ သပိတ်စစ်ကြောင်းမှာ ဆရာ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ၊ အင်ဂျင်နီယာတွေ၊ ဌာနဆိုင်ရာတွေ၊ မြို့ခံပြည်သူတွေ၊ မသန့်စွမ်းတွေနဲ့…
Read More