၂ ငါးလုံးအလွန် မုံရွာမြို့မှာ ၁၇ ရက်နေ့မြောက်အဖြစ် ဆက်လက် ဆန္ဒပြ

ဖေဖော်ဝါရီ ၂၃-၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ၂ ငါးလုံးအလွန် ၁၇ ရက်နေ့မြောက်အဖြစ် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ ဆန္ဒပြရာမှာ မုံရွာမြို့ခံ သံဃာတော်တွေက အန္တရာယ်ကင်း ပရိတ်တရားတော်ကို မြို့နေရာအနှံ့ လှည့်လည်ပြီး ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြ ပင်မသပိတ်စစ်ကြောင်းကလည်း မုံရွာနာရီစင်ရှေ့မှာ ဒီမနက် ၁၀ နာရီကစလို့ ထိုင်သပိတ်ပြုလုပ်နေပါတယ်။

#VoiceOfMyanmar #VOM #မုံရွာ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW