မြန်မာတိုင်းမ်က ထုတ်ဝေတာတွေအားလုံး ၃ လကြာ ယာယီရပ်ဆိုင်း

ဖေဖော်ဝါရီ ၂၂-၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်ကနေထုတ်ဝေနေတဲ့ ဂျာနယ်၊ နေ့စဉ်သတင်းစာ နဲ့ TV Channel တွေအားလုံးကို ဖေဖော်ဝါရီ ၂၁ ရက်နေစပြီးတော့ ၃ လကြာ ယာယီရပ်ဆိုင်းထားတယ်လို့သိရပါတယ်။ မြန်မာတိုင်းမ်ရဲ့ သတင်းဓာတ်ပုံ၊ ဆောင်းပါးနဲ့ ဗီဒီယိုအားလုံးကို Social media platform စတဲ့နေရာတွေမှာ မတင်ဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။ မြန်မာတိုင်းမ်နေ့စဉ် မြန်မာဘာသာ၊ The Myanmar Times Daily English၊ မြန်မာတိုင်းမ်အပတ်စဉ်ထုတ်ဂျာနယ်၊ The Myanmar Time Facebook Page မြန်မာအင်္ဂလိပ် ၊ The Myanmar Times Website မြန်မာအင်္ဂလိပ်၊ The Myanmar Times Twitter Page ၊ The Myanmar Times News App၊ The…

Read More

မိုးမောက်မြို့ ၂ငါးလုံး အထွေထွေသပိတ်

ဖေဖော်ဝါရီ ၂၂-၂၀၂၁ KHAJ ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂ ငါးလုံးအထွေထွေသပိတ်ကို ဒေသခံတွေက ပြုလုပ်ခဲ့ပါတယ်။ #VoiceOfMyanmar #VOM #မိုးမောက်မြို့ #အထွေထွေသပိတ်

Read More

လားရှိုး ၂၂၂၂၂ အထိမ်းအမှတ် သပိတ်

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁ Photos-TTM and violin Shayi ၂ ငါးလုံးအထွေထွေသပိတ် လားရှိုးမြို့မှာ လူအင်အား ၁သိန်းနီးပါးနဲ့ လားရှိုးမိုတယ်ကနေ ပြည်ထောင်စုလမ်းမကြီးအတိုင်း ချီတက်ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့တွင် ယနေ့ ဖေဖော်ဝါရီ ၂၂ တွင် ပြုလုပ်သော ၂၂၂၂၂ အထိမ်းအမှတ် ဆန္ဒဖော်ထုတ်ပွဲမှာ ကျောင်းသား၊ကျောင်းသူများ၊ လူငယ်များ၊ CDM ပြုလုပ်သောဌာနဆိုင်ရာနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများ၊ ကချင်၊ ကရင်၊ ရှမ်း၊ ဝ၊ တအာင်းပလောင် တိုင်းရင်းသားများအပြင် မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများ၊ မြန်မာ မွတ်ဆလင်များ၊ ဘာသာပေါင်းစုံမှ မိဘပြည်သူများ၊ ဈေးသူ၊ဈေးသားများ စတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသိန်းချီ ကြွေးကြော်သံများ၊လက်ကိုင်ပိုစတာများ၊ နိုင်ငံရေးသီချင်းများတက်ကြွသီဆိုကာငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ဆန္ဒ ဖော်ထုတ်ကြခဲ့ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များမှလည်းတစ်စုံတစ်ရာနှောင့်ယှက်ဟန့်တားခြင်း၊ ပိတ်ပင်ခြင်းများမရှိခဲ့တဲ့အတွက် စစ်အာဏာရှင်အလိုမရှိကြောင်းပြည်သူ့ဆန္ဒဖော်ထုတ်မှုလည်းအေးချမ်းအောင်မြင်စွာ ပြီးဆုံး ခဲ့ ပါတယ် #VoiceOfMyanmar…

Read More

ကျောက်မဲ ၂၂၂၂၂ သပိတ်မြင်ကွင်း

ဖေဖော်ဝါရီ ၂၂၊ ၂၀၂ Shayi Violin ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မြို့ ၂၂၂၂၂ လုံး ပြည်လုံးကျွတ် သပိတ်တွင် ဒေသခံ ပြည်သူလူထု ၅ သောင်းကျော် ပါဝင်ဆင်နွဲခဲ့ပါတယ်။ ကရင်၊ ရှမ်း၊ တအာင်းပလောင် အပြင် အခြား တိုင်းရင်းသားများ ပါဝင်ပြီး လျှပ်စစ်၊ ပညာရေး၊ ပြည်သူ့ဆေးရုံ၊ ပြည်သူရဲ စတဲ့ ဌာနဆိုင်ရာမှ ဝန်ထမ်းများပါ ပါဝင် တယ်လို့ ဦးဆောင်သူ တစ်ဦး က ပြောပါတယ်။ #voiceofmyanmar #VOM #ကျောက်မဲ

Read More

သတင်းမီဒီယာကောင်စီဝင် ၅ဦးထပ်ထွက်လို့ ၃ယောက်တည်းကျန်တာမို့ မီဒီယာကောင်စီပျက်ပြီ

မန္တလေး-ဖေဖေါ်ဝါရီ-၂၂-၂၀၂၁ Voice Of Myanmar   သတင်းမီဒီယာကောင်စီဝင် ၂၉ ဦးရှိတဲ့အနက် အားလုံးနီးပါးထွက်ရာက ၈ဦးကျန်ရာကနေ သမ္မတဦးဝင်းမြင့်ကိုယ်တိုင် အဆိုပြုခန့်အပ်ထားတဲ့ စာရေးဆရာ ထက်မြက် အမည်ရင်း ဦးကျော်နိုင်နဲ့ ၅ ဦးဟာ ဒီကနေ့ ထပ်မံထွက်စာတင်လိုက်တာမို့ ၃ယောက်သာကျန်ပါတော့တယ်။   ဒီကနေ့ထွက်စာတင်တဲ့ ဆရာထက်မြက်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အလိုကျခိုင်းစေတာ မလုပ်လိုတာကြောင့် ထွက်ရတာလို့ သူ့ရဲ့နုတ်ထွက်စာမှာ ဖေါ်ပြထားပါတယ်။ ဆရာထက်မြက်ကို VOM ကဆက်သွယ်မေးကြည့်တော့   “သတင်းမီဒီယာကောင်စီဟာ ဒီမိုကရေစီရှင်သန်ရေးအတွက် မီဒီယာသမားတွေကို ကာကွယ်ဖို့ဖွဲ့ထားတာခုတော့ မီဒီယာကိုပစ်မှတ်ထားပြီး ရန်သူသဖွယ် ဖိနှိပ်နေတာမျိုး မီဒီယာကောင်စီက ဘယ်လိုမှအကာကွယ်မပေးနိုင်လို့  သတင်းလွတ်လပ်ခွင့်ကိုချိုးဖေါက်နေတာကို လက်မခံနိုင်လို့ထွက်တာပါ ၊ ပြောရရင်မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာ မလိုလားဘူး ၊ ဒီမိုကရေစီကို ပိုပြီးအကျိုးပြုနိုင်ဖို့ သမ္မတကြီးဦးဝင်းမြင့်က  မီဒီယာကို ကာကွယ်ဖို့ ခန့်အပ်ထားတာမှာခုတော့ အာဏာသိမ်းစစ်ကောင်စီအလိုကျဖြစ်တော့မှာမို့ မလုပ်လိုတာကြောင့် ထွက်တာပါ” လို့ဆိုပါတယ်။…

Read More

ဖျာပုံမြို့ နှစ်ငါးလုံးပြည်လုံးကျွတ်သပိတ် ပြည်သူသိန်းချီ ချီတက်ဆန္ဒပြ

ဖေဖော်ဝါရီ ၂၂-၂၀၂၁ ST ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့ ဖျာပုံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ လူဦးရေသိန်းချီပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မနက် ၉နာရီမှာ စတင်ပြီး ဖျာပုံမြို့ ဗိုလ်ချုပ်ကြေးရုပ်ကနေ မြို့တွင်းလှည်လည်ဆန္ဒပြကာ ၁၁နာရီ ဗိုလ်ချုပ်ကြေးရုပ်မှာ အဆုံးသတ်ခဲ့ပါတယ်။ ဆန္ဒပြရာမှာ ဖျာပုံမြို့ပေါ်က ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ ကျောင်းသူ၊ကျောင်းသားတွေ၊ စျေးသူ၊စျေးသားတွေအပြင် ဖျာပုံခရိုင်အတွင်းက ကျေးရွာနေပြည်သူတွေပါ ပါဝင်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ဖျာပုံမြို့ #ဆန္ဒပြ

Read More

ဓါတ်ပုံသမားတို့ရဲ့ ဆန္ဒပြပွဲ

ဖေဖော်ဝါရီ ၂၂-၂၀၂၁ Photos-TAG နိုင်ငံလုံးဆိုင်ရာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၂.၂.၂၀၂၁ အထွေထွေ သပိတ်မှာ မြန်မာနိုင်ငံဓာတ်ပုံအင်အားစု Myanmar Photographers Association (MPA) ကလည်း ရန်ကုန်မြို့ ဆန္ဒပြပွဲမှာ ငြိမ်းချမ်းစွာ ပါဝင် ဆန္ဒ ပြခဲ့ပါတယ်။ MPA အဖွဲ့ဟာ မနက် ၉ နာရီမှာ ရန်ကုန်မြို့၊ ပြည်လမ်းရှိ တော်ဝင်စင်တာရှေ့ကနေ စတင်ကာ တရုတ်သံရုံး၊ ထိုင်းသံရုံးတွေကို သွားရောက်ကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီး မြေနီကုန်းရှိ အထွေထွေ စုပေါင်းသပိတ်ကို ဆက်လက်ချီတက် ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #ဓါတ်ပုံအင်အားစု

Read More
VOM News

FREE
VIEW