ဖေဖော်ဝါရီလ ၂၂-၂၀၂၁ သိင်္ဂီထွန်း(VOM) အာဏာရှင်ကို တွန်းလှန်ဆန့်ကျင်နေတဲ့ နိုင်ငံလုံးဆိုင်ရာ နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်ကြီးကို ပြည်မြို့ပြည်သူလူထုကလည်း ပြည်လုံးကျွတ်ပါဝင် ခဲ့ကြပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်ကိုပါဝင်ဖို့အတွက် ပြည်မြို့မဈေးကြီးအပါအဝင် ဈေးဆိုင်တွေ၊ shopping mall တွေ၊ ပုဂ္ဂလိက ဆိုင်ခန်းအားလုံးနီးပါး၊ ဆေးခန်းအများစုနဲ့ ဆေးဆိုင်တွေအပါအဝင် ပြည်မြို့က ဆိုင်တွေအားလုံးနီးပါး ပိတ်ထားကြပါတယ်။ ဒီကနေ့မှာ ဆန္ဒပြ လူထုအင်အား သိန်းဂဏန်း လမ်းမပေါ်ထွက်ပြီး အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပြည်မြို့ #အထွေထွေသပိတ်
Read MoreMonth: February 2021
လူအင်အားသိန်းချီဆန္ဒပြတဲ့ ဆူးလေက နှစ်ငါးလုံးအထွေထွေသပိတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့ ဆူးလေမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကို လူအင်အားသိန်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီဆန္ဒပြပွဲကို တက္ကသိုလ်အသီးသီးက ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်း၊ အလုပ်သမားသပိတ်စစ်ကြောင်း၊ ရုပ်ရှင်အနုပညာရှင်တွေ၊ NLDပါတီဝင် သပိတ်စစ်ကြောင်း၊ ပြည်သူများသပိတ်စစ်ကြောင်း အသီးသီးက လူအင်အားသိန်းချီကာ ဂုံးကျော်တံတားအောက်မှာ ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ ရုပ်ရှင်သရုပ်ဆောင်ဇင်ဝိုင်းက “ရုံးမတက်နဲ့ရုန်းထွက်၊ လူငယ်တွေက လမ်းထွက်ကုန်ပြီ ခင်ဗျားတို့တွေက ရုံးတက်တုန်းလား၊ အာဏာရှင်စနစ် အလိုမရှိ၊ အမေစုနှင့်ခေါင်းဆောင်များချက်ချင်းလွှတ်” စတာတွေကို ဦးဆောင်ကြွေးကြော်ခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ ဆူးလေဂုံးကျော်တံတားမှာသာမကဘဲ မဟာဗန္ဓုလပန်းခြံရှေ့နဲ့ ပန်းဆိုတန်းလမ်းဆုံတို့မှာလည်း လူအင်အားသောင်းချီကာ ထိုင်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။ တပ်မတော်က အာဏာရယူခဲ့ပြီးနောက် ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၆ရက်နေ့က စတင်ဆန္ဒပြခဲ့ရာ ဒီနေ့ဆိုရင် ၁၇ရက်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM…
Read Moreပြန်ကြားရေးဝန်ကြီးဌာနမှ CDMဝန်ထမ်းများဆန္ဒပြ
ရန်ကုန်၊ဖေဖော်ဝါရီ ၂၂၊၂၀၂၁ အေးချမ်းသူ(VOM) န.စ.အကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ဝန်ထမ်း၄၀ ကျော်ဟာ လုပ်ငန်းခွင်မဝင်ဘဲ ဒီနေ့နေ့လယ်ပိုင်းက ပန်းဆိုးတန်းလမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူက “ဒါလုပ်သင့်လုပ်ထိုက်တယ် ထင်လို့ လုပ်တာ ဒါကြောင့်လည်း ပြည်သူလူထုတွေနဲ့ ပူးပေါင်းပါဝင်တာ CDMလုပ်မှလည်း တရားမှုကြီးက နိူင်မယ်ဆိုတော့ မဖြစ်မနေပါဝင်ရမယ်ဆိုတဲ့ စိတ်နဲ့လုပ်တာပါ “လို့ပြောပါတယ်။ ပြည်သူတွေ့ရဲ့ ဆန္ဒအရရွေးချယ်တင်မြောက်ထားသော ပြည်သူ့အစိုးရလက်အောက်တွင်သာအလုပ်လုပ်လိုပြီး မည်သူတစ်ဦးတစ်ယောက်၏တိုက်တွန်းမှုကြောင့်မဟုတ်ဘဲ မိမိတို့၏ သဘောဆန္ဒကြောင့်သာ CDMပြုလုပ်တာလို့လည်း ရှင်းပြပါတယ်။ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ဝန်ထမ်း၄၀ ကျော် ဆန္ဒပြချီတက်ရာ လမ်းတစ်လျှောက်တွင်ပြည်သူများရာနှင့်ချီ လိုက်ပါဝန်းရံခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၈ရက်နေ့ကလည်း နိုင်ငံပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာမှာ လုပ်နေတဲ့ နေပြည်တော်၊ တပ်ကုန်း၊ ရန်ကုန်၊ မန္တလေးက ဝန်ထမ်း ၁၀၀ခန့်ဟာ CDMမှာ ပူးပေါင်းပါဝင်လာတာလည်း တွေ့ရပါတယ်။ #voiceofmyanmar #VOM #ပြန်ကြားရေးCDM
Read Moreပဲခူးတိုင်း၊ ပေါင်းတည်မြို့ကလည်း အာဏာရှင်စနစ်ကို မြို့လုံးကျွတ်နီးပါးနဲ့ ဆန္ဒပြခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂-၂၀၂၁ SN #VoiceOfMyanmar #VOM #ပေါင်းတည် #ဆန္ဒပြ
Read Moreတောင်ကြီးမြို့ ၂ ငါးလုံးအထွေထွေသပိတ်နေ့
ဖေဖော်ဝါရီ ၂၂-၂၀၂၁ နေနန်းနွယ်(VOM) တောင်ကြီးမြို့မှာ ဒီကနေ့ကျရောက်တဲ့ ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်မှာ လူအင်အား ၅ သိန်းထက်မနည်း စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။ တောင်ကြီးမြို့သူ၊သားများတင်မကပဲ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေကဲ့သို့သော အနီးအနားမြို့များက ပြည်သူတွေလဲ ပါဝင်တာကို တွေ့ရပါတယ်။ လူအင်အား ၅ သိန်းခန့်ထဲမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်ကြောင်း၊ မြန်မာပြည်ပေါက် တရုတ်လူမျိုးများသပိတ်ကြောင်း၊ ဘာသာပေါင်းစုံအဖွဲ့များ၊ ကျောင်းပေါင်းစုံမှ ကျောင်းသား၊သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ အစိုးရဝန်ထမ်းပေါင်းစုံ စသဖြင့် နယ်ပယ်စုံမှ ပြည်သူများ ပါဝင်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #တောင်ကြီး
Read Moreစစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှက အထွေထွေသပိတ်
ဖေဖော်ဝါရီ ၂၂-၂၀၂၁ MANM #VoiceOfMyanmar #VOM #ကျွန်းလှ #အထွေထွေသပိတ်
Read Moreမကွေးတိုင်း မြိုင်မြို့ မြို့လုံးကျွတ် အထွေထွေသပိတ်
ဖေဖော်ဝါရီ ၂၂-၂၀၂၁ KZ #VoiceOfMyanmar #VOM #မြိုင်မြို့ #အထွေထွေသပိတ်
Read Moreကလေးမြို့မှာ ၂ ငါးလုံး အရေးတော်ပုံသပိတ်ဆင်နွှဲ
ဖေဖော်ဝါရီ ၂၂-၂၀၂၁ ဓါတ်ပုံ- သိမ်မွေ့ကဗျာ ကလေးမြို့မှာ နွေဦးသပိတ်စစ်ကြောင်းလို့ အမည်ပေးထားတဲ့ ၂ ငါးလုံး အရေးတော်ပုံသပိတ်ကို ဒီကနေ့မနက်ပိုင်းက ပြည်သူလူထု ၃ သိန်းကျော်က ဆင်နွှဲကြပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့ ဒီကနေ့ ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ အဖွဲ့အစည်းအသီးသီးက လူပုဂ္ဂိုလ်တွေ သံဃာတော်တွေနဲ့ ခရစ်ယာန်ဘာသာ ဓမ္မဆရာတွေ ချင်းတိုင်းရင်းသားတွေ စတဲ့ အလွှာစုံပါဝင်ကြတာ တွေ့ရပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့
Read Moreရန်ကုန် UN.ရုံးရှေ့က ဆန္ဒပြပွဲ
ဓါတ်ပုံ HA #voiceofmyanmar #VOM #ရန်ကုန်UN
Read Moreမြင်းခြံမှာ ၂ ငါးလုံးအရေးတော်ပုံကို ဈေးတွေ၊ ဆိုင်တွေအားလုံးပိတ်ပြီး ခရိုင်လုံးကျွတ်ဆင်နွှဲ
ဖေဖော်ဝါရီ ၂၂-၂၀၂၁ KM #VoiceOfMyanmar #VOM #မြင်းခြံ #၂ငါးလုံး
Read More