လူအင်အားသိန်းချီဆန္ဒပြတဲ့ ဆူးလေက နှစ်ငါးလုံးအထွေထွေသပိတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့ ဆူးလေမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကို လူအင်အားသိန်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြပွဲကို တက္ကသိုလ်အသီးသီးက ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်း၊ အလုပ်သမားသပိတ်စစ်ကြောင်း၊ ရုပ်ရှင်အနုပညာရှင်တွေ၊ NLDပါတီဝင် သပိတ်စစ်ကြောင်း၊ ပြည်သူများသပိတ်စစ်ကြောင်း အသီးသီးက လူအင်အားသိန်းချီကာ ဂုံးကျော်တံတားအောက်မှာ ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ ရုပ်ရှင်သရုပ်ဆောင်ဇင်ဝိုင်းက “ရုံးမတက်နဲ့ရုန်းထွက်၊ လူငယ်တွေက လမ်းထွက်ကုန်ပြီ ခင်ဗျားတို့တွေက ရုံးတက်တုန်းလား၊ အာဏာရှင်စနစ် အလိုမရှိ၊ အမေစုနှင့်ခေါင်းဆောင်များချက်ချင်းလွှတ်” စတာတွေကို ဦးဆောင်ကြွေးကြော်ခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ ဆူးလေဂုံးကျော်တံတားမှာသာမကဘဲ မဟာဗန္ဓုလပန်းခြံရှေ့နဲ့ ပန်းဆိုတန်းလမ်းဆုံတို့မှာလည်း လူအင်အားသောင်းချီကာ ထိုင်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။

တပ်မတော်က အာဏာရယူခဲ့ပြီးနောက် ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၆ရက်နေ့က စတင်ဆန္ဒပြခဲ့ရာ ဒီနေ့ဆိုရင် ၁၇ရက်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ဆူးလေ #၂ငါးလုံး #အထွေထွေသပိတ်

လူအင်အားသိန်းချီဆန္ဒပြတဲ့ ဆူးလေက နှစ်ငါးလုံးအထွေထွေသပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW