ပြည်က မြို့လုံးကျွတ် အထွေထွေသပိတ်

ဖေဖော်ဝါရီလ ၂၂-၂၀၂၁
သိင်္ဂီထွန်း(VOM)

အာဏာရှင်ကို တွန်းလှန်ဆန့်ကျင်နေတဲ့ နိုင်ငံလုံးဆိုင်ရာ နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်ကြီးကို ပြည်မြို့ပြည်သူလူထုကလည်း ပြည်လုံးကျွတ်ပါဝင် ခဲ့ကြပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နွေဦးတော်လှန်ရေး ၂၂၂၂၂ အထွေထွေ သပိတ်ကိုပါဝင်ဖို့အတွက် ပြည်မြို့မဈေးကြီးအပါအဝင် ဈေးဆိုင်တွေ၊ shopping mall တွေ၊ ပုဂ္ဂလိက ဆိုင်ခန်းအားလုံးနီးပါး၊ ဆေးခန်းအများစုနဲ့ ဆေးဆိုင်တွေအပါအဝင် ပြည်မြို့က ဆိုင်တွေအားလုံးနီးပါး ပိတ်ထားကြပါတယ်။

ဒီကနေ့မှာ ဆန္ဒပြ လူထုအင်အား သိန်းဂဏန်း လမ်းမပေါ်ထွက်ပြီး အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပြည်မြို့ #အထွေထွေသပိတ်

  

Related posts

✕
VOM News

FREE
VIEW