ပြန်ကြားရေးဝန်ကြီးဌာနမှ CDMဝန်ထမ်းများဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂၊၂၀၂၁
အေးချမ်းသူ(VOM)

န.စ.အကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ဝန်ထမ်း၄၀ ကျော်ဟာ လုပ်ငန်းခွင်မဝင်ဘဲ ဒီနေ့နေ့လယ်ပိုင်းက ပန်းဆိုးတန်းလမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူက “ဒါလုပ်သင့်လုပ်ထိုက်တယ် ထင်လို့ လုပ်တာ ဒါကြောင့်လည်း ပြည်သူလူထုတွေနဲ့ ပူးပေါင်းပါဝင်တာ CDMလုပ်မှလည်း တရားမှုကြီးက နိူင်မယ်ဆိုတော့ မဖြစ်မနေပါဝင်ရမယ်ဆိုတဲ့ စိတ်နဲ့လုပ်တာပါ “လို့ပြောပါတယ်။

ပြည်သူတွေ့ရဲ့ ဆန္ဒအရရွေးချယ်တင်မြောက်ထားသော ပြည်သူ့အစိုးရလက်အောက်တွင်သာအလုပ်လုပ်လိုပြီး မည်သူတစ်ဦးတစ်ယောက်၏တိုက်တွန်းမှုကြောင့်မဟုတ်ဘဲ မိမိတို့၏ သဘောဆန္ဒကြောင့်သာ CDMပြုလုပ်တာလို့လည်း ရှင်းပြပါတယ်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ဝန်ထမ်း၄၀ ကျော် ဆန္ဒပြချီတက်ရာ လမ်းတစ်လျှောက်တွင်ပြည်သူများရာနှင့်ချီ လိုက်ပါဝန်းရံခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၈ရက်နေ့ကလည်း နိုင်ငံပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာမှာ လုပ်နေတဲ့ နေပြည်တော်၊ တပ်ကုန်း၊ ရန်ကုန်၊ မန္တလေးက ဝန်ထမ်း ၁၀၀ခန့်ဟာ CDMမှာ ပူးပေါင်းပါဝင်လာတာလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ပြန်ကြားရေးCDM

ပြန်ကြားရေးဝန်ကြီးဌာနမှ CDMဝန်ထမ်းများဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW