ဖေဖော်ဝါရီ ၁၈-၂၀၂၁ #VoiceOfMyanmar #VOM #မုံရွာဆန္ဒပြပွဲ
Read MoreMonth: February 2021
စစ်တပ်နဲ့ရဲက ဖမ်းဆီးအရေးယူမယ့်အနေအထားမျိုး ပြသခဲ့ပေမယ့် လူအင်အားသိန်းချီဆန္ဒပြခဲ့ကြတဲ့ တောင်ငူပြည်သူများ
ဖေဖော်ဝါရီ ၁၈-၂၀၂၁ #VoiceOfMyanmar #VOM #တောင်ငူ #ဆန္ဒပြပွဲ
Read Moreရာဘာကျည်နဲ့ ပစ်ခတ်ခံရတဲ့ ပရဟိတအသင်းကားကို မပြုပြင်ဘဲ ထားရှိမယ်
ဖေဖော်ဝါရီ ၁၈ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့ ၊ ၇၉လမ်း ၃၃လမ်းနဲ့ ၃၄လမ်းကြားရှိ ပရဟိတဓါရီ လူမူကူညီရေးအသင်းရုံးပိုင် လူနာတင်ယာဉ်တစ်စီးနဲ့ အသင်းသားတစ်ဦး ရာဘာကျည်ဆန် ထိမှန်ခဲ့မှု မနေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်က ဘာကျည်ထိမှန်ခဲ့ပြီး မှန်ကွဲကာ ကျည် ပေါက်ရာတွေဖြစ်ပွားခဲ့တဲ့ လူနာတင်ယာဉ်ကို မပြုပြင်ဘဲ ထားရှိသွားမယ်လို့ မန္တလေးတိုင်းလူမှုကူညီရေးအသင်းများကနေ သိရပါတယ်။ “ဒီ အသင်းကားကို ထိတဲ့အတွက် မှန်ကွဲတာကို ကျနော်တို့ မပြုပြင်ဘူး၊ မပြုပြင်ဘဲနဲ့ ကျနော်တို့ ညီနောင်အ သင်းတွေနဲ့ တိုင်ပင်ပြီးတော့ ဘာဆက်လုပ်မလဲဆိုတာတော့ ပြောလို့မရသေးဘူး” မန္တလေးတိုင်းလူမှုကူညီရေးအသင်းများ တာဝန်ရှိသူ ဦးခင်မောင်တင့်ကပြောပါတယ်။ ဒါ့အပြင် ” တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်၊ သူတို့ပြော ထားသလို ဥပဒေစိုးမိုးရေးဆိုတာ ဘာကိုစိုးမိုးမှာလဲ ၊ ဘယ်သူ့အတွက်စိုးမိုးမှာလဲ၊ ကျွန်တော်တို့ပြည်သူတွေအတွက်စိုးမိုးမှာလား၊ သူတို့တွေအတွက်…
Read Moreမင်းလှမြို့နယ် မန်းသံပုရာကန်ရေနံချက်စက်ရုံက CDM ဝန်ထမ်းတွေ ဖိအားပေးခံရလို့ ကျီးလန့်စာစားဖြစ်
ဖေဖော်ဝါရီ ၁၈-၂၀၂၁ Voice Of Myanmar မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် မန်းသံပုရာကန်ရေနံချက်စက်ရုံ CDM မှာပါဝင်တဲ့ အလုပ်သမားတွေကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖိအားပေးလို့ ဝန်ထမ်းတွေ ကျီးလန့်စာစားဖြစ်နေတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်တဦးဆီကနေ သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၇ရက် ည၁၁နာရီလောက်က အလုပ်သမားခေါင်းဆောင် ၆ယောက်ကို ရဲကားတစ်စီး၊ ရဲဆိုင်ကယ် ၂၃ စီးနဲ့ စုစုပေါင်း လူ ၇၀ ခန့်က ဝန်ထမ်းအိမ်ရာတွေထဲလာပြီး ဖမ်းဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ နေပြည်တော် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းဦးအောင်မြင့်နဲ့ နေပြည်တော်ရုံးချုပ်ကနေ ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်တဲ့ အဲ့ဒီဌာနရဲ့ ညွှန်ကြားရေးမှူး အရင်စက်ရုံမှူးဟောင်း ဗိုလ်မှူးဟောင်းဦးလွင်စိုးတို့က ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ စက်ရုံပြန်လည်ပတ်ဖို့ ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။ တကယ်လို့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ စက်ရုံမလည်ပတ်ရင် ခုံရုံးဖွဲ့စစ်ဆေးပြီး ဝန်ထမ်းဥပဒေနဲ့ တရားစွဲမယ့်အပြင် အလုပ်တွေက ရပ်နားမယ်လို့လည်း…
Read Moreအာဏာရှင်စနစ်ကျရှုံးရေး ကသာမြို့က (၁၁)ကြိမ်မြောက် လူထုဆန္ဒထုတ်ဖော်ပွဲ
ဖေဖော်ဝါရီ ၁၈-၂၀၂၁ #VoiceOfMyanmar #VOM #ကသာ #ဆန္ဒပြပွဲ
Read Moreလူ ၅ဦးထက်ပိုတင်လာတဲ့ကားတွေကို ပြည်မြို့အဝင်မှာ စစ်တပ်နဲ့ရဲက ပြန်လှည့်ခိုင်း
ဖေဖော်ဝါရီ ၁၈-၂၀၂၁ သိင်္ဂီထွန်း(VOM) ဆန္ဒပြလာတဲ့ကားတွေအပါအဝင် ပြည်မြို့ထဲကိုဝင်မယ့် လူ ၅ ဦးထက်ပိုပြီး တင်လာတဲ့ကားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက် မနက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့စစ်သားတွေက မြို့တွင်းပေးမဝင်ဘဲ နောက်ပြန်လှည့်ခိုင်းနေတယ်လို့သိရပါတယ်။ ဒါကြောင့် ပြည်မြို့တွင်း ဝင်ရောက်မယ့်ကားတွေဟာ တခြားဝင်ပေါက်တစ်ခုကနေ ဝင်ရောက်နေရပါတယ်။ ပြည်ခရိုင်ဝက်ထီးကန်မြို့နယ်ကနေ ဆန္ဒပြလာရောက်တဲ့ တောင်သူလယ်သမားတစ်ဥိးက “ဦးတို့ကားဆို လူ ၁၈ ယောက်ပါတယ်။ ဦးတို့က သူတို့မရှိတဲ့ နေရာကဝင်တာ။ အာဏာရှင်ကိုအလိုမရှိလို့ တကူးတကလာပြီး ဆန္ဒပြတာ”လို့ ပြောပါတယ်။ နစအကောင်စီဟာ အာဏာသိမ်းပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး လူ ၅ ဦးထက်ပိုမစုရ၊ ည ၈ နာရီကနေ မနက် ၄နာရီထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပြည်မြို့အဝင် #လူ၅ဦးထက်ပိုတင်တဲ့ကား #ပြန်လှည့်ခိုင်း
Read Moreပြည်အင်အားသည် ပြည်တွင်းမှာသာရှိသည်
(အယ်ဒီတာအာဘော်) နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လိုအပ်လို့ အာဏာထိန်းသိမ်းရပါတယ်ဆိုပြီး တိုင်းပြည်ရဲ့ မဏ္ဍိုင် ၃ရပ်ကို ဖေဖေါ်ဝါရီ ၁ရက်မနက်အစောကစပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့က ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(နစအ)ဖွဲ့ပြီး ကိစ္စအဝဝကို ဦးဆောင်လုပ်လာတဲ့နောက် ဖေဖေါ်ဝါရီ ၆ ရက်ကစပြီး လူထုဟာ လမ်းပေါ်ထွက်ဆန္ဒပြတာ ဒီကနေ့ဆို ၁၃ ရက်ရှိနေပြီဖြစ်ပါတယ်။ ဆန္ဒပြမှုတွေဟာ မြို့ကြီးတွေနဲ့ မြို့နယ်အတော်များများမှာ သိန်းချီရှိလာခဲ့သလို ဝန်ထမ်းတွေရဲ့ ရုံးမတက်တဲ့ CDM လှုပ်ရှားမှုတွေလည်း ကျယ်ပြန့်လာလို့ နစအ ကောင်စီက အခြေအနေကို ထိန်းနိုင်အောင်ကြိုးစားပြီး ဖမ်းပြီးတရားစွဲသူစွဲ ၊ စာထုတ်ပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဖိအားပေးခေါ်တာတွေ စသဖြင့် အခြေအနေက တင်းမာနေဆဲဖြစ်တယ်။ ဒီလိုတတိုင်းပြည်လုံးနီးပါး အုတ်အော်သောင်းနင်းဖြစ်နေချိန်မှာ တခြားတဖက်မှာလည်း ပြည်ပနိုင်ငံရဲ့ဖိအားတို့ အကူအညီတို့မျှော်လင့်နေကြသူတွေလည်းရှိပါတယ်။ ဒီထဲမှာ သာမာန်ပြည်သူတွေအပြင် ရွေးချယ်ခံအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တချို့…
Read Moreဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ ပြည်မြို့စည်ပင်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဆန္ဒပြ
ဖေဖော်ဝါရီ ၁၇-၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့က အာဏာရှင်ကိုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူတွေဟာ အစိုးရဝန်ထမ်းအားလုံး CDM ကိုပါဝင်ပေးဖို့အတွက် ဒီနေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ စည်ပင်နဲ့ မြန်မာ့စီးပွားရေးဘဏ်တွေရှေ့မှာသွားပြီး တွန်းအားပေးတောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ အင်ဂျင်နီယာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေပါဝင်တဲ့ အထွေထွေသပိတ်၊ ရပ်ကွက်အလိုက်သပိတ်စစ်ကြောင်း၊ NLD ပါတီဝင်တွေရဲ့ သပိတ်စစ်ကြောင်းတွေအပြင် အလှဖန်တီးရှင်တွေက ဗိုလ်ချုပ်ကျောက်ရုပ်အနီးမှာ ထိုင်သပိတ်ပြုလုပ်ပြီး အစိုးရဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ လက်ရှိပြည်မြို့မှာ EPC၊ အရံမီးသတ်၊ အခြေခံပညာ၊ ပြည်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ မီးရထား၊ သစ်ထုတ်လုပ်ရေး၊ ဆည်မြောင်းနဲ့ရေအသုံးအချစီမံခန့်ခွဲရေးစတဲ့ ဌာနတွေက ဌာနလုံးနီးပါး၊ ပြည်ဆေးရုံကြီး လက်ထောက်ဆရာဝန်တွေနဲ့ စည်ပင်ရုံးက ဝန်ထမ်း ၁၄ ယောက်တို့က CDM လှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #ပြည်မြို့ #ဆန္ဒပြပွဲ #CDM
Read Moreစက်မှု၁ လမ်း ဗဟိုဘဏ်ရှေ့က ဆန္ဒပြပွဲ
ဓါတ်ပုံ HA #voiceofmyanmar #VOM #ဗဟိုဘဏ်
Read Moreမန္တလေးမြို့မှာ ပုဂ္ဂလိကဝန်ထမ်းတွေနဲ့ လုပ် ငန်းရှင်တချို့ပါဝင်တဲ့ စုပေါင်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
ဖေဖော်ဝါရီ- ၁၇- ၂၀၂၁ ရှိုင်းအောင်(VOM)
Read More