ရာဘာကျည်နဲ့ ပစ်ခတ်ခံရတဲ့ ပရဟိတအသင်းကားကို မပြုပြင်ဘဲ ထားရှိမယ်

ဖေဖော်ဝါရီ ၁၈ -၂၀၂၁
Voice Of Myanmar

မန္တလေးမြို့ ၊ ၇၉လမ်း ၃၃လမ်းနဲ့ ၃၄လမ်းကြားရှိ ပရဟိတဓါရီ လူမူကူညီရေးအသင်းရုံးပိုင် လူနာတင်ယာဉ်တစ်စီးနဲ့ အသင်းသားတစ်ဦး ရာဘာကျည်ဆန် ထိမှန်ခဲ့မှု မနေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်က ဘာကျည်ထိမှန်ခဲ့ပြီး မှန်ကွဲကာ ကျည် ပေါက်ရာတွေဖြစ်ပွားခဲ့တဲ့ လူနာတင်ယာဉ်ကို မပြုပြင်ဘဲ ထားရှိသွားမယ်လို့ မန္တလေးတိုင်းလူမှုကူညီရေးအသင်းများကနေ သိရပါတယ်။

“ဒီ အသင်းကားကို ထိတဲ့အတွက် မှန်ကွဲတာကို ကျနော်တို့ မပြုပြင်ဘူး၊ မပြုပြင်ဘဲနဲ့ ကျနော်တို့ ညီနောင်အ သင်းတွေနဲ့ တိုင်ပင်ပြီးတော့ ဘာဆက်လုပ်မလဲဆိုတာတော့ ပြောလို့မရသေးဘူး” မန္တလေးတိုင်းလူမှုကူညီရေးအသင်းများ တာဝန်ရှိသူ ဦးခင်မောင်တင့်ကပြောပါတယ်။
ဒါ့အပြင် ” တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်၊ သူတို့ပြော ထားသလို ဥပဒေစိုးမိုးရေးဆိုတာ ဘာကိုစိုးမိုးမှာလဲ ၊ ဘယ်သူ့အတွက်စိုးမိုးမှာလဲ၊ ကျွန်တော်တို့ပြည်သူတွေအတွက်စိုးမိုးမှာလား၊ သူတို့တွေအတွက် စိုးမိုးမှာလား၊ အသင်းကားကို သေနတ်တွေနဲ့ ဆယ့်လေး ငါးချက် အပစ်ခံရတယ်၊ ကိုဗစ်-၁၉ကာလ ဧရာဝတီစင်တာစဖွင့်ကတည်းက လုပ်အားပေးနေတဲ့ ကလေး၊ မနေ့ညက ဒီမှာ ဆေးခန်းရှိနဲ့အတွက် အရေးပေါ်ကာလလည်းဖြစ်လို့ ဒီကလေးက သင်တန်းတွေလည်း တက်ထားလို့ ဒီကလေးကို ကျနော်တို့က ခေါ်ထားတာ၊ အခု ဒီကလေး ကျည်သင့်တယ်ဆိုတော့ တာဝန်ရှိသူတွေဘက်က ဘယ်လိုမျိုးဖြေရှင်းပေးမလဲ”လို့ ဦးခင်မောင်တင့်ကပြောပါတယ်။

အခုလိုဖြစ်သွားတဲ့ကိစ္စကို မဖြေရှင်းပေးဖူးဆိုရင် တစ် နိုင်ငံလုံးက အသင်းသားတွေနဲ့ ချိတ်ဆက်ပြီး ပြည်သူတွေနဲ့ တသွေးတည်း တသားတည်းဆိုတာကို ပြသွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW