ညောင်ဦးရွှေစည်းခုံစေတီက ဘုရားငွေတွေ သိမ်းခံရတာမဟုတ်ဘဲ မြန်မာ့စီးပွားရေးဘဏ်မှာပဲရှိနေဆဲ

ဖေဖော်ဝါရီ ၁၈ -၂၀၂၁ သိင်္ဂီထွန်း(VOM) ညောင်ဦးရွှေစည်းခုံစေတီက ဘုရားရန်ပုံငွေ စုစုပေါင်း သိန်း ၇ဝဝဝ ကျော် ဓားပြတိုက်ခံရတယ်ဆိုတာ ကောလဟာလဖြစ်ပြီး ဘုရားငွေတွေကို မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားတယ်လို့ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးကနေ သိရပါတယ်။ “ဘုရားငွေတွေက လက်ရှိမှာ မြန်မာ့စီးပွားရေးဘဏ်မှာပဲ ငွေစာရင်းစာအုပ်ဖွင့်ပြီး အပ်ထားတယ်။ ဒီသတင်းကိုဖြန့်တဲ့သူတွေအနေနဲ့ သတင်းကို တိတိကျကျသေချာမှ တင်တာကောင်းမယ်လို့ ကျနော်ကတော့ပြောချင်ပါတယ်”လို့ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးက ပြောပါတယ်။ ဒါကြောင့် ဘုရားရဲ့ ဘဏ္ဍာတော်ငွေတွေကို ဓားပြတိုက်ခံရခြင်းမရှိသလို လူပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခုခုကို လွှဲပြောင်းထုတ်ပေးခြင်း စတဲ့ဖြစ်စဉ်တွေ လုံးဝမရှိကြောင်း ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ က ဒီကနေ့ဖေဖော်ဝါရီ ၁၈ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ထိန်းသိမ်ထားတဲ့ ဘဏ္ဍာဘော်ငွေတွေကို ခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့ ဆောင်ငွေ ၅-သိန်းကျပ်က လွဲပြီး ကျန်ရှိငွေကြေးတွေကို မြန်မာစီးပွားရေးဘဏ်မှာသာ အပ်နှံထားခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ လူမှုကွန်ယက်( FACEBOOK)မှာတော့…

Read More

ဘားအံမှာ WE WANT DEMOCRACY စာတန်းပန်းချီကမ်ပိန်း ပြုလုပ်

ဖေဖော်ဝါရီလ ၁၈-၂၀၂၁ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံတက္ကသိုလ်ရှေ့ လမ်းမပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၀ နာရီက WE WANT DEMOCRACY စာတန်းကို ဆန္ဒပြသူတွေက ရေးဆွဲခဲ့ကြပါတယ်။ သပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း ကြွေးကြော်သံတွေနဲ့အတူ စီတန်းလည့်လည်ပြီး ဘားအံတက္ကသိုလ်ရှေ့ လမ်းမပေါ်အရောက်မှာ စာတန်းရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးက” စစ်အာဏာရှင်တွေက မတရားအာဏာသိမ်းပြီး မတရားတဲ့ ဥပဒေတွေနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတယ်။ ဒါကိုလက်မခံနိုင်လို့ လမ်းပေါ်ထွက်တောင်းဆိုနေရတာ ဖြစ်တယ်။ ဒီမိုကရေစီက ကျနော်တို့အတွက် မရှိမဖြစ်လိုအပ်တယ်”လို့ ပြောပါတယ်။ အဲ့ဒီ စာတန်းကို ကျောင်းသား၊ ကျောင်းသူတွေက ဦးဆောင်ရေးဆွဲတာဖြစ်ပြီး ဆန္ဒပြစစ်ကြောင်းကလည်း ပူးပေါင်း ရေးဆွဲခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်အလိုမရှိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွှတ်၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွှတ်၊…

Read More

အထက်မင်းလှမှာ ရေနံချက်စက်ရုံ CDM ဦးဆောင်သူတွေကို ဖမ်းဖို့ကြိုးစားပြီးနောက် ဆန္ဒပြသူပိုများလာ

ဖေဖော်ဝါရီလ ၁၈-၂၀၂၁ Voice Of Myanmar မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် မန်းသံပုရာကန်ရေနံချက်စက်ရုံက CDM ပြုလုပ်နေတဲ့ အလုပ်သမားခေါင်းဆောင် ၆ဦးကို မနေ့ညပိုင်းမှာ ရဲကဖမ်းဖို့ကြိုးစားပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက်နေ့မှာတော့ အထက်မင်းလှမြို့နယ်မှာ နစအကောင်စီကို ဆန့်ကျင်ဆန္ဒပြသူအရေအတွက်ဟာ အရင်နေ့တွေထက် ပိုများလာတာကို တွေ့ရပါတယ်။ အဲ့ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်တွေကို မနေ့ညပိုင်းမှာ ရဲကားတစ်စီး၊ ရဲဆိုင်ကယ် ၂၃ စီးနဲ့ စုစုပေါင်း လူ ၇၀ ခန့်က ဝန်ထမ်းအိမ်ရာတွေထဲလာပြီး ဖမ်းဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ လက်ရှိရပ်နားထားတဲ့စက်ရုံကို ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ ပြန်ပြီးလည်ပတ်ဖို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ #VoiceOfMyanmar #VOM #အထက်မင်းလှမြို့နယ် #မန်းသံပုရာကန်ရေနံချက်စက်ရုံ #ဆန္ဒပြ

Read More

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၈၊၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်ရှိ ကျောက်တံတားမြို့နယ်မှာ ဒီနေ့နေ့လယ်က စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ တိုင်းရင်သားပေါင်းစုံလူငယ်တွေက ဆူးလေကုန်းကျော်တံတားကနေ သမ္မတရုပ်ရှင်ရုံကိုပတ်ပြီး ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ချီတက်ရာလမ်းတစ်လျှောက်မှာ တိုင်းရင်သားလူငယ်တွေက “အမေစုနှင့်ခေါင်းဆောင်များအမြန်ဆုံးလွှတ်ပေးရေး ဒို့အရေး အာဏာရှင်စနစ်အလိုမရှိ ပြည်သူ့အာဏာ ပြည်သူပြန်ပေး မတရားမှုမှန်သမျှ ဆန့်ကျင်ကြ ” တို့ကြွေးကြော်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ကချင်၊ ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်းနဲ့အခြားမျိုးနွယ်စုတွေလည်း ပါဝင်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #ရန်ကုန်

Read More

“CDM တွေအပေါ် နစအကောင်စီလုပ်ဆောင်နေတဲ့ ILO ရဲ့ အခြေခံမူတွေကိုချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်”

ဖေဖော်ဝါရီ ၁၈-၂၀၂၁ Voice Of Myanmar NLD ပါတီကနေ CDM လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစောင်ထွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်သမားရေးရာကော်မတီအတွင်းရေးမှူး ဒေါ်အိရွှေစင်ညွန့်ကို VOM က ဆက်သွယ်မေးမြန်းထားတာ တင်ပြလိုက်ပါတယ်။ VOM- CDM လှုပ်ရှားနေတဲ့ဝန်ထမ်းတွေကို မနေ့ကရုံးထုတ်ပြီးတော့ စစ်ဆေးနေပြီ။ NLD ပါတီအနေနဲ့ ဒီလိုခံရတဲ့ဝန်ထမ်းတွေအတွက် ဘာတွေလုပ်ပေးနေလဲခင်ဗျ။ DESSN- CDM လုပ်တဲ့ဝန်ထမ်းတွေအတွက် ကျမလည်း တရားဝင်ကြေညာထားပါတယ်။ နောက်တခုက ခုအခြေအနေက ပြည်သူနဲ့စစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျမတို့ NLD ပါတီက တခန်းတကဏ္ဍအနေနဲ့ ဘယ်လိုနေရာက ကူညီပေးရမလဲဆိုတော့ အကူအညီတောင်းလာတဲ့အခါမှာပဲဖြစ်ဖြစ်၊ ချိတ်ဆက်လို့ရလာရင်ပဲဖြစ်ဖြစ် ဥပဒေပိုင်းဆိုင်ရာတွေ ကျမတို့ တာဝန်ယူပေးမယ်။ နောက်တချက်က အနေအထိုင်၊ အစားအသောက် အခက်အခဲရှိတဲ့လူတွေကို ကျမတို့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ ပါတီအနေနဲ့က တိုက်ရိုက်မဟုတ်ပေမယ့် ကျမတို့က ချိတ်ဆက်လို့ရသလောက်ကို ပရဟိတအနေနဲ့…

Read More

အာဏာသိမ်းစစ်ကောင်စီကိုအလိုမရှိကြောင်း လားရှိုးမှာ လူအင်အားသောင်းချီ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြ

လာရှိုး၊ ဖေဖော်ဝါရီ ၁၈၊၂၀၂၁ Violin Shayi(VOM) လာရှိုးမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားသူ အင်အား တစ်သောင်းခန့်ဟာ ဆောက်လုပ်ရေးဌာနကနေစပြီး မြို့တော်ခန်းမနားအထိ ထိုင်သပိတ်ပြုလုပ်ကာ အာဏာသိမ်း စစ်ကောင်စီကို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက “စစ်အာဏာရှင် အစိုးရအလိုမရှိ၊ ရုံးမတက်နှင့် ရုန်းထွက်၊ အမေစုနှင့် ဖမ်းဆီးထိန်းသမ်းခံထားရသူများ ချက်ချင်းလွှတ်၊ ပြည်သူ့အာဏာ ပြည်သူ့ ပြန်ပေး ” စတာတွေနဲ့ကြွေးကြော်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ကချင်၊ ရှမ်း၊ တအာင်း ပလောင်၊ “ဝ”၊ မြန်မာပြည်ဖွား မွတ်ဆလင်များ စတဲ့ လူမျိုးစုံပါဝင်ပြီး ပညာရေးဝန်ထမ်းတွေ၊ကျောင်းသားသမဂ္ဂတွေ၊ စက်ဘီးစီးအဖွဲ့၊ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူ တစ်သောင်းနီးပါးခန့် ပါဝင်ပါတယ်။ #voiceofmyanmar #VOM # လားရှိုး

Read More

စစ်အာဏာစနစ်ကို အလိုမရှိကြောင်း မူဆယ် ၁၀၅ မိုင် မှာဆန္ဒပြ

မူဆယ်၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁ Shayi Violin(VOM) မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့ မနက် ၁၀ နာရီကစပြီး ပူးပေါင်း ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြပွဲမှာ ကချင်၊ ကရင်၊ ဗမာ၊ ရှမ်း ၊တအာင်းပလောင် စတဲ့ တိုင်းရင်းသားလူမျိုးတွေအပြင် ဒေသခံလူဦးရေ ၁၀၀၀ ခန့် ပါဝင် ဆန္ဒပြကြပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ကားတွေပျက်ကြပြီး ကားပိတ်မှုဖြစ်ကာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် အဓိက ကုန်သွယ်ရေး တံခါးပေါက်ဖြစ်တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ခေတ္တ ရပ်တန့် သွားခဲ့ရတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မူဆယ်

Read More

မဟာဗန္ဓုလ တံတားပေါ် မှာ ကားလမ်းပိတ်ဆန္ဒပြရင် ရှင်းလင်းဖို့ရဲနဲ့ မော်တော်ပီကယ်တို့စောင့်နေ

မဟာဗန္ဓုလ တံတားပေါ် မှာ ကားလမ်းပိတ်ဆန္ဒပြရင် ရှင်းလင်းဖို့ရဲနဲ့ မော်တော်ပီကယ်တို့စောင့်နေပေမယ့်လည်း လူတွေကတံတားပေါ်မသွားပဲ ရှုခင်းသားပတ်လမ်း မြင်တော်ထိပ်မှာ ကားတွေနဲ့ပိတ်ဆို့ပြီး တံတားပေါ်ကားတွေမရောက်အောင်ဆန္ဒပြ ဓါတ်ပုံ – HA #voiceofmyanmar #VOM #မဟာဗန္ဓုလတံတား

Read More
VOM News

FREE
VIEW