အထက်မင်းလှမှာ ရေနံချက်စက်ရုံ CDM ဦးဆောင်သူတွေကို ဖမ်းဖို့ကြိုးစားပြီးနောက် ဆန္ဒပြသူပိုများလာ

ဖေဖော်ဝါရီလ ၁၈-၂၀၂၁
Voice Of Myanmar

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် မန်းသံပုရာကန်ရေနံချက်စက်ရုံက CDM ပြုလုပ်နေတဲ့ အလုပ်သမားခေါင်းဆောင် ၆ဦးကို မနေ့ညပိုင်းမှာ ရဲကဖမ်းဖို့ကြိုးစားပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက်နေ့မှာတော့ အထက်မင်းလှမြို့နယ်မှာ နစအကောင်စီကို ဆန့်ကျင်ဆန္ဒပြသူအရေအတွက်ဟာ အရင်နေ့တွေထက် ပိုများလာတာကို တွေ့ရပါတယ်။

အဲ့ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်တွေကို မနေ့ညပိုင်းမှာ ရဲကားတစ်စီး၊ ရဲဆိုင်ကယ် ၂၃ စီးနဲ့ စုစုပေါင်း လူ ၇၀ ခန့်က ဝန်ထမ်းအိမ်ရာတွေထဲလာပြီး ဖမ်းဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

လက်ရှိရပ်နားထားတဲ့စက်ရုံကို ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ ပြန်ပြီးလည်ပတ်ဖို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #အထက်မင်းလှမြို့နယ် #မန်းသံပုရာကန်ရေနံချက်စက်ရုံ #ဆန္ဒပြ

အထက်မင်းလှမှာ ရေနံချက်စက်ရုံ CDM ဦးဆောင်သူတွေကို ဖမ်းဖို့ကြိုးစားပြီးနောက် ဆန္ဒပြသူပိုများလာ

Related posts

✕
VOM News

FREE
VIEW