စစ်အာဏာစနစ်ကို အလိုမရှိကြောင်း မူဆယ် ၁၀၅ မိုင် မှာဆန္ဒပြ

မူဆယ်၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁
Shayi Violin(VOM)

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့ မနက် ၁၀ နာရီကစပြီး ပူးပေါင်း ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြပွဲမှာ ကချင်၊ ကရင်၊ ဗမာ၊ ရှမ်း ၊တအာင်းပလောင် စတဲ့ တိုင်းရင်းသားလူမျိုးတွေအပြင် ဒေသခံလူဦးရေ ၁၀၀၀ ခန့် ပါဝင် ဆန္ဒပြကြပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ကားတွေပျက်ကြပြီး ကားပိတ်မှုဖြစ်ကာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် အဓိက ကုန်သွယ်ရေး တံခါးပေါက်ဖြစ်တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ခေတ္တ ရပ်တန့် သွားခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ်

စစ်အာဏာစနစ်ကို အလိုမရှိကြောင်း မူဆယ် ၁၀၅ မိုင် မှာဆန္ဒပြ

Related posts

VOM News

FREE
VIEW