ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးပြစ်တင်ရှုတ်ချဖို့နဲ့ တာ၀န််ရှိသူတွေအပေါ် အရေးယူနိုင်ဖို့အတွက် မြန်မာ့ဒီမိုကရေစီကာကွယ်ပေးရေ ဥပဒေကြမ်း (Protect Democracy in Burma Act of 2021) ကို အမေရိကန်အောက်လွှတ်တော်မှာ ဖေဖော်ဝါရီ ၂၅ ရက်က တင်သွင်းလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို အောက်လွှတ်တော် ဒီမိုကရက်တစ်အများစုအဖွဲ့ ဥက္ကဌ ဒေးဗစ်ပရိုက်၊ နေတိုးအဖွဲ့ပါလီမန်ညီလာခံဥက္ကဌ ဂယ်ရီကွန်နယ်လီ၊ အောက်လွှတ်တော် ဒီမိုကရက်တစ်မိတ်ဖက်လူနည်းစု ပူးတွဲဥက္ကဌ ဗန်ဘန်ချနန်တို့က တင်သွင်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဦးဆောင်ပြုလုပ်တဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းမှုဖြစ်လာတဲ့အတွက် မိမိတို့ အံ့သြထိတ်လန်ခ့ဲရကြောင်း၊ ဒါဟာ မြန်မာ့ဒီမိုကရေစီတည်ဆောက်ရေးအုတ်မြစ် နိုင်ငံတကာမှာ ရပ်တည်မှုတွေကို ထိခိုက်စေပြီး အမေရိကန်လွှတ်တော်အနေနဲ့ ပြည်သူတွေတောင်းဆိုနေတဲ့ အရပ်သားအစိုးရလက်သို့ အာဏာပြန်ရောက်ရေး၊ အာဏာသိမ်းလုပ်ရပ်ကို ပြစ်တင်ရှုတ်ချဖို့အတွက် နိုင်ငံတကာမိတ်ဖက်တွေနဲ့ အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ ဒေးဗစ်ပရိုက်စ်က ပြောပါတယ်။ အာဏာသိမ်းလိုက်တာဟာ ပြည်သူတွေရဲ့ အနာဂတ်နဲ့…
Read MoreMonth: February 2021
ဦး၀ဏ္ဏမောင်လွင်နဲ့တွေ့ဆုံမှု အာဏာသိမ်းတာထောက်ခံတဲ့ သဘောမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ်ပြော
ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၁ မျိုးဆက်(VOM) နစအ ကောင်စီကခန့်အပ်ထားတဲ့ ၀န်ကြီးဦး၀ဏ္ဏမောင်လွင်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ တွေ့ဆုံခဲ့ခြင်းဟာ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ထောက်ခံတာမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူ့အနေနဲ့ စစ်အာဏာသိမ်းမှုဆိုတဲ့စကားရပ်ကို အသုံးပြုပြောဆိုတာမျိုးမရှိပေမယ့် ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံမှုအပေါ် ေ၀ဖန်တာတွေကို တုံ့ပြန်နေပုံရပါတယ်။ ဒါဟာ သူတို့ဘက်ကတောင်းဆိုမှုကြောင့်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးအရ ဒီလိုတောင်းဆိုမှုအပေါ် တုံ့ပြန်တွေ့ဆုံမှုသာဖြစ်တယ်လို့ ထိုင်း၀န်ကြီးချုပ်က ဆိုပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ ထောက်ခံတဲ့သဘောမျိုးမဟုတ်ကြောင်း ၊ ဦး၀ဏ္ဏမောင်လွင်နဲ့ မတွေ့ဆုံမီ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆုဒီနဲ့ တွေ့ဆုံခဲ့တယ်လို့ ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ကိုဗစ်-၁၉ ရောဂါ၊ တရားမ၀င်၀င်ရောက်လာသူတွေအကြောင်းနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးရာတွေကိုဆွေးနွေးခဲ့တယ်လို့ သူကဆိုပါတယ်။ မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းရေးပြသနာသာဖြစ်ပြီး နိုင်ငံတိုင်းမှာ မတူညီတဲ့ ပြသနာတွေ ရှိကြကြောင်း၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ထိုင်းနဲ့ အင်ဒိုနီးရှားတို့က ကြား၀င်ဖြန်ဖြေဖို့လုပ်မယ်ဆိုတာကို သူက…
Read Moreရခိုင်မှာ ဘာသာရေးခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေးထိုး
ဖေဖော်ဝါရီ ၂၅- ၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဘာသာကြီး (၄) ခုက ဘာသာရေးခေါင်းဆောင် အသက်ကြီးပိုင်းတွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။ ကိုဗစ်ကာကွယ်ဆေးလာရောက် ထိုးနှံမှုခံယူတဲ့ စစ်တွေမြို့က ဗုဒ္ဓဘာသာ ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ အရှင်အရိယာဝံသက “ အဓိကတော့ ကပ်ရောဂါကို ကာကွယ်ဖို့အတွက် ဆေးထိုးတာကတော့ ကောင်းတာပေါ့။ ဆေးထိုးတဲ့အပေါ်မှာ စိုးရိမ်မှုသိပ်မရှိပါဘူး။ စမ်းသပ်ပြီးတော့မှ ထိုးတာဆိုတော့လေ။ လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေက တည်ငြိမ်အေးချမ်းတဲ့ အခြေအနေမှာ ရှိတယ်လို့ မြင်ပါတယ်။ ဒီအခြေအနေကို တာဝန်ရှိသူတွေအနေနဲ့ ထိမ်းသိမ်းထားစေချင်တယ်။” လို့ မိန့်ပါတယ်။ အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်တဲ့ ဦးဆံနီကလည်း “ ဒီကာကွယ်ဆေးက ဝယ်လို့မရဘူးလို့ ကြားပါတယ်။ အခုလို လာပြီးထိုးပေးတာကိုလည်း ကျနော်တို့ ဝမ်းသာပါတယ်။ ကျန်တဲ့မထိုးရသေးတဲ့လူတွေကိုလည်း…
Read MoreCDM ပြုလုပ်တဲ့ ကသာမြို့ ထွေအုပ်ဝန်ထမ်း(၈)ဦးကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုချီးမြှင့်
ကသာ၊ ဖေဖော်ဝါရီလ ၂၅-၂၀၂၁ စပ်ခွန်သာ(VOM) ကသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ပြုလုပ်နေတဲ့ ဝန်ထမ်း(၈)ဦးကို ပြည်သူလူထုက ဒီနေ့ ဖေဖော်ဝါရီလ(၂၅)ရက် မနက်ပိုင်းမှာ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်း(၉)နာရီအချိန်က စုရပ်ဖြစ်တဲ့ မဟာလေးထပ်ကျောင်းဝန်းအတွင်းမှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒထုတ်ဖော်ဖို့ လာရောက်ကြတဲ့ ပြည်သူလူထုတွေက CDM လုပ်နေတဲ့ ထွေအုပ်ဝန်ထမ်း(၈)ဦးကို ပန်းကုံးစွပ်ဂုဏ်ပြုတာ၊ အလေးပြုဂုဏ်ပြုတာအပါအဝင် ဂုဏ်ပြုငွေပါ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ CDM မှာပါတဲ့ ထွေအုပ်ဝန်ထမ်းတဦးက “ဘယ်သူမှဦးဆောင်ခြင်းမရှိဘဲ တစ်ယောက်ချင်းစီရဲ့ ဦးဆောင်မှုနဲ့အတူ ပြည်သူများနဲ့အတူ ကျွန်တော်တို့ရပ်တည်တာဖြစ်ပါတယ်။ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတယ်။ အဲဒီလမ်းကြောင်းကနေသွေဖယ်တဲ့ ကိစ္စရပ်တွေကို မကြိုက်နှစ်သက်ပါဘူး။ ဒါကြောင့် ဒီနေ့မှာ ပြည်သူနဲ့အတူရပ်တည်တာပါ။ ကျွန်တော်တို့ အောင်ပွဲရတဲ့အထိ သွားမှာပါ။ ကျွန်တော်တို့ အရေးတော်ပုံ အောင်ကိုအောင်ရမယ်” လို့ ပြောပါတယ်။ ကသာမြို့မှာ CDM ပြုလုပ်နေတဲ့…
Read Moreကလေးမြို့မှာ ထိုင်သပိတ်ဆင်နွှဲကာ သနပ်ခါး Campaign ပြုလုပ်
ဖေဖော်ဝါရီ ၂၅ -၂၀၂၁ သိမ်မွေ့ကဗျာ ကလေးမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်ကြတဲ့ ပြည်သူလူထုဟာ ဒီကနေ့ပဲ ထိုင်သပိတ်ဆင်နွှဲဆန္ဒပြမှုနဲ့အတူ သနပ်ခါး Campaign ပြုလုပ်ကြပါတယ်။ အဲဒီဆန္ဒပြမှုနဲ့အတူ ပါဝင်သူအချို့က သပိတ်တော်လှန်ရေး ဆက်လက်လုပ်ဆောင်ရေးမှာ ပြည်သူလူထုပူးပေါင်းပါဝင်ရေး ဟောပြောခဲ့ကြသလို ထိုင်သပိတ်ပြုလုပ်ပြီးချိန်မှာတော့ ကလေးမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ #voiceofmyanmar #VOM #ကလေးမြို့
Read Moreမြင်းခြံမြို့ မြို့လူထုနဲ့အတူ စက်ယန္တရားကြီးတွေပါ ပါဝင်တဲ့ နွေဦးတော်လှန်ရေး (၁၉) ရက်မြောက်နေ့
ဖေဖော်ဝါရီ ၂၅-၂၀၂၁ MPG #VoiceOfMyanmar #VOM #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ #မြင်းခြံ #၁၉ရက်မြောက်
Read Moreတောင်ကြီးမြို့မှာ လူသောင်းချီပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ
ဖေဖော်ဝါရီ ၂၅-၂၀၂၁ နေနန်းနွယ် VOM #VoiceOfMyanmar #VOM #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ #တောင်ကြီးမြို့
Read Moreပင်လည်ဘူးမြို့ရှိ မြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံးရှေ့မှာ CDMထိုင်သပိတ်ပြုလုပ်
ဖေဖော်ဝါရီ ၂၅-၂၀၂၁ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို လူအင်အား ရာဂဏန်းနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲစခန်းနဲ့ ထွေအုပ်ရုံးရှေ့မှာလည်း CDM ထိုင်သပိတ်လုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ #ပင်လည်ဘူး
Read Moreမန္တလေးတိုင်း၊ အမရပူရမြို့က အာဏာရှင်ဆန့်ကျင်ရေး သနပ်ခါးလိမ်းကမ်ပိန်းနဲ့ ဆန္ဒပြပွဲ
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၅-၂၀၂၁ ဓါတ်ပုံ ထိန်လင်းအောင် #VoiceOfMyanmar #VOM #အာဏာသိမ်းမှုဆန့်ကျင် #စစ်ကိုင်း #ဆန္ဒပြ
Read Moreတပ်မတော်မှ အာဏာရယူမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကိုင်းမြို့မှာ လူဦးရေ ထောင်ချီ ဆန္ဒပြ
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၅-၂၀၂၁ MTY တပ်မတော်အာဏာရယူမှု ဆန့်ကျင်တဲ့ အနေနဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက လူဦးရေ ထောင်ချီဟာ မြို့တွင်းကို စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #အာဏာသိမ်းမှုဆန့်ကျင် #စစ်ကိုင်း
Read More