ဦး၀ဏ္ဏမောင်လွင်နဲ့တွေ့ဆုံမှု အာဏာသိမ်းတာထောက်ခံတဲ့ သဘောမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ်ပြော

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၁
မျိုးဆက်(VOM)

နစအ ကောင်စီကခန့်အပ်ထားတဲ့ ၀န်ကြီးဦး၀ဏ္ဏမောင်လွင်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ တွေ့ဆုံခဲ့ခြင်းဟာ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ထောက်ခံတာမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သူ့အနေနဲ့ စစ်အာဏာသိမ်းမှုဆိုတဲ့စကားရပ်ကို အသုံးပြုပြောဆိုတာမျိုးမရှိပေမယ့် ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံမှုအပေါ် ေ၀ဖန်တာတွေကို တုံ့ပြန်နေပုံရပါတယ်။

ဒါဟာ သူတို့ဘက်ကတောင်းဆိုမှုကြောင့်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးအရ ဒီလိုတောင်းဆိုမှုအပေါ် တုံ့ပြန်တွေ့ဆုံမှုသာဖြစ်တယ်လို့ ထိုင်း၀န်ကြီးချုပ်က ဆိုပါတယ်။

ဒီလိုတွေ့ဆုံမှုဟာ ထောက်ခံတဲ့သဘောမျိုးမဟုတ်ကြောင်း ၊ ဦး၀ဏ္ဏမောင်လွင်နဲ့ မတွေ့ဆုံမီ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆုဒီနဲ့ တွေ့ဆုံခဲ့တယ်လို့ ပရာယွတ်ချန်အိုချာက ပြောပါတယ်။

ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ကိုဗစ်-၁၉ ရောဂါ၊ တရားမ၀င်၀င်ရောက်လာသူတွေအကြောင်းနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးရာတွေကိုဆွေးနွေးခဲ့တယ်လို့ သူကဆိုပါတယ်။

မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းရေးပြသနာသာဖြစ်ပြီး နိုင်ငံတိုင်းမှာ မတူညီတဲ့ ပြသနာတွေ ရှိကြကြောင်း၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ထိုင်းနဲ့ အင်ဒိုနီးရှားတို့က ကြား၀င်ဖြန်ဖြေဖို့လုပ်မယ်ဆိုတာကို သူက ငြင်းဆိုလိုက်ပြီး ဒီကိစ္စအပေါ် အာဆီယံက အခန်းကဏ္႑တစ်ခုအဖြစ် လုပ်ဆောင်နိုင်မယ်လို့ ပြောဆိုပါတယ်။

Ref : Bangkok Post
Photo:AP

#voiceofmyanmar #VOM #ထိုင်းဝန်ကြီးချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW