မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အမေရိကန်အောက်လွှတ်တော်မှာ ဥပဒေကြမ်းတင်သွင်း

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးပြစ်တင်ရှုတ်ချဖို့နဲ့ တာ၀န််ရှိသူတွေအပေါ် အရေးယူနိုင်ဖို့အတွက် မြန်မာ့ဒီမိုကရေစီကာကွယ်ပေးရေ ဥပဒေကြမ်း (Protect Democracy in Burma Act of 2021) ကို အမေရိကန်အောက်လွှတ်တော်မှာ ဖေဖော်ဝါရီ ၂၅ ရက်က တင်သွင်းလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို အောက်လွှတ်တော် ဒီမိုကရက်တစ်အများစုအဖွဲ့ ဥက္ကဌ ဒေးဗစ်ပရိုက်၊ နေတိုးအဖွဲ့ပါလီမန်ညီလာခံဥက္ကဌ ဂယ်ရီကွန်နယ်လီ၊ အောက်လွှတ်တော် ဒီမိုကရက်တစ်မိတ်ဖက်လူနည်းစု ပူးတွဲဥက္ကဌ ဗန်ဘန်ချနန်တို့က တင်သွင်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဦးဆောင်ပြုလုပ်တဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းမှုဖြစ်လာတဲ့အတွက် မိမိတို့ အံ့သြထိတ်လန်ခ့ဲရကြောင်း၊ ဒါဟာ မြန်မာ့ဒီမိုကရေစီတည်ဆောက်ရေးအုတ်မြစ် နိုင်ငံတကာမှာ ရပ်တည်မှုတွေကို ထိခိုက်စေပြီး အမေရိကန်လွှတ်တော်အနေနဲ့ ပြည်သူတွေတောင်းဆိုနေတဲ့ အရပ်သားအစိုးရလက်သို့ အာဏာပြန်ရောက်ရေး၊ အာဏာသိမ်းလုပ်ရပ်ကို ပြစ်တင်ရှုတ်ချဖို့အတွက် နိုင်ငံတကာမိတ်ဖက်တွေနဲ့ အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ ဒေးဗစ်ပရိုက်စ်က ပြောပါတယ်။ အာဏာသိမ်းလိုက်တာဟာ ပြည်သူတွေရဲ့ အနာဂတ်နဲ့…

Read More

ဦး၀ဏ္ဏမောင်လွင်နဲ့တွေ့ဆုံမှု အာဏာသိမ်းတာထောက်ခံတဲ့ သဘောမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ်ပြော

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၁ မျိုးဆက်(VOM) နစအ ကောင်စီကခန့်အပ်ထားတဲ့ ၀န်ကြီးဦး၀ဏ္ဏမောင်လွင်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ တွေ့ဆုံခဲ့ခြင်းဟာ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ထောက်ခံတာမဟုတ်ဘူးလို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူ့အနေနဲ့ စစ်အာဏာသိမ်းမှုဆိုတဲ့စကားရပ်ကို အသုံးပြုပြောဆိုတာမျိုးမရှိပေမယ့် ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံမှုအပေါ် ေ၀ဖန်တာတွေကို တုံ့ပြန်နေပုံရပါတယ်။ ဒါဟာ သူတို့ဘက်ကတောင်းဆိုမှုကြောင့်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးအရ ဒီလိုတောင်းဆိုမှုအပေါ် တုံ့ပြန်တွေ့ဆုံမှုသာဖြစ်တယ်လို့ ထိုင်း၀န်ကြီးချုပ်က ဆိုပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ ထောက်ခံတဲ့သဘောမျိုးမဟုတ်ကြောင်း ၊ ဦး၀ဏ္ဏမောင်လွင်နဲ့ မတွေ့ဆုံမီ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆုဒီနဲ့ တွေ့ဆုံခဲ့တယ်လို့ ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ကိုဗစ်-၁၉ ရောဂါ၊ တရားမ၀င်၀င်ရောက်လာသူတွေအကြောင်းနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးရာတွေကိုဆွေးနွေးခဲ့တယ်လို့ သူကဆိုပါတယ်။ မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းရေးပြသနာသာဖြစ်ပြီး နိုင်ငံတိုင်းမှာ မတူညီတဲ့ ပြသနာတွေ ရှိကြကြောင်း၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ထိုင်းနဲ့ အင်ဒိုနီးရှားတို့က ကြား၀င်ဖြန်ဖြေဖို့လုပ်မယ်ဆိုတာကို သူက…

Read More
VOM News

FREE
VIEW