မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အမေရိကန်အောက်လွှတ်တော်မှာ ဥပဒေကြမ်းတင်သွင်း

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၁

မျိုးဆက်(VOM)

 

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးပြစ်တင်ရှုတ်ချဖို့နဲ့ တာ၀န််ရှိသူတွေအပေါ် အရေးယူနိုင်ဖို့အတွက် မြန်မာ့ဒီမိုကရေစီကာကွယ်ပေးရေ ဥပဒေကြမ်း (Protect Democracy in Burma Act of 2021) ကို အမေရိကန်အောက်လွှတ်တော်မှာ ဖေဖော်ဝါရီ ၂၅ ရက်က တင်သွင်းလိုက်ပါတယ်။

ဒီဥပဒေကြမ်းကို အောက်လွှတ်တော် ဒီမိုကရက်တစ်အများစုအဖွဲ့ ဥက္ကဌ ဒေးဗစ်ပရိုက်၊ နေတိုးအဖွဲ့ပါလီမန်ညီလာခံဥက္ကဌ ဂယ်ရီကွန်နယ်လီ၊ အောက်လွှတ်တော် ဒီမိုကရက်တစ်မိတ်ဖက်လူနည်းစု ပူးတွဲဥက္ကဌ ဗန်ဘန်ချနန်တို့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဦးဆောင်ပြုလုပ်တဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းမှုဖြစ်လာတဲ့အတွက် မိမိတို့ အံ့သြထိတ်လန်ခ့ဲရကြောင်း၊ ဒါဟာ မြန်မာ့ဒီမိုကရေစီတည်ဆောက်ရေးအုတ်မြစ် နိုင်ငံတကာမှာ ရပ်တည်မှုတွေကို ထိခိုက်စေပြီး အမေရိကန်လွှတ်တော်အနေနဲ့ ပြည်သူတွေတောင်းဆိုနေတဲ့ အရပ်သားအစိုးရလက်သို့ အာဏာပြန်ရောက်ရေး၊ အာဏာသိမ်းလုပ်ရပ်ကို ပြစ်တင်ရှုတ်ချဖို့အတွက် နိုင်ငံတကာမိတ်ဖက်တွေနဲ့ အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ ဒေးဗစ်ပရိုက်စ်က ပြောပါတယ်။

အာဏာသိမ်းလိုက်တာဟာ ပြည်သူတွေရဲ့ အနာဂတ်နဲ့ မျှော်လင့်ချက်တွေကို လျစ်လျူရှုလိုက်တာဖြစ်ပြီး ဒါကို အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက နည်းပေါင်းစုံနဲ့ တုံ့ပြန်ရမယ်လို့ ကွန်နယ်လီကလည်း ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီကာကွယ်ပေးရေ ဥပဒေကြမ်း (Protect Democracy in Burma Act of 2021) ဥပဒေကြမ်းမှာတော့ အမေရိကန်ဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချဖို့ ၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုပြန်လွှတ်ပေးဖို့၊ အရပ်သားအစိုးရထံ အာဏာပြန်ရဖို့ နဲ့ အာဏာသိမ်းမှုအတွက် တာ၀န်ရှိသူတွေကို အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂမှာ ဆောင်ရွက်ရေး စတဲ့ မူဝါဒတွေ ချမှတ်ထားပါတယ်။

Ref:Price.house

Photo: White House

Related posts

✕
VOM News

FREE
VIEW