ရန်ကင်းဆေးတက္ကသိုလ် သပိတ်စစ်ကြောင်းမှ ကျောင်းသား/ ကျောင်းသူ ၄၀ဦးခန့်ဖမ်းဆီးခံရ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၈၊၂၀၂၁ အေးချမ်းသူ(VOM) ရန်ကင်းမြို့နယ် ကျောက်ကုန်းမီးပွိုင့်အနီးမှာ ဒီကနေ့ မနက်ပိုင်းက ဆေးတက္ကသိုလ်ပေါင်းစုံကျောင်းသား ထောင်နဲ့ချီ ဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ပြီး ဆေးကျောင်းသား/ ကျောင်းသူ ၄၀ဦးခန့်ဖမ်းဆီးခံရကြောင်း ဦးဆောင်သူကျောင်းသားများက ပြောပါတယ်။ #voiceofmyanmar #vom #ရန်ကုန် #ရန်ကင်း

Read More

စစ်ကိုင်းမြို့မှာ ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိပေမယ့်လည်း ဆက်လက်ချီတက်ဆန္ဒပြ

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၁။ MTY စစ်ကိုင်းမြို့မှာ ဆန္ဒပြမယ့်လူထုကို သေနတ်ပစ်ဖောက် ဖြိုခွင်းမှုရှိပေမယ့်လည်း လူထုမှ ဆက်လက်ချီတက်ဆန္ဒပြခဲ့ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် မလိုမရှိကြောင်း ချီတက်ဆန္ဒပြမယ့် စုရပ်ဖြစ်တဲ့ မရှိခဏစေတီတော်မှာ ရဲတပ်ဖွဲ့တွေရောက်ရှိလာပြီး သေနတ်သုံးချက် ပစ်ဖောက်ကာ လူစုလူဝေးကို ဖြိုခွင်းခဲ့ပေမယ့်လည်း လူထုမှာ စစ်ကိုင်းတောင်ရိုးလမ်းဘက်ကို ချီတက်ပြီး ဆက်လက်ဆန္ဒပြခဲ့ပါတယ်။ ဒါအပြင် မြို့တွင်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတဲ့သူတွေကို လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူ အချို့လည်း ရှိခဲ့ပါတယ်။ #voiceofmyanmar #vom #စစ်ကိုင်း

Read More

ရန်ကုန်အင်းစိန်လမ်းမ ဘူတာရုံလမ်းမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲနေသော်လည်း သပိတ်စစ်ကြောင်းများ ဆက်တိုက်တက်နေကြပါတယ်

TRK #voiceofmyanmar #vom #ရန်ကုန်

Read More

အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်သံဃာတော်တွေ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်း

မန္တလေး၊ ဖေဖော်ဝါရီ- ၂၈- ၂၀၂၁ ရှိုင်းအောင်(VOM) #voiceofmyanmar #VOM #မန္တလေး #မဟာဂန္ဓာရုံစစ်ကြောင်း

Read More

မနေ့က ဖမ်းဆီးခံရတဲ့ မုံရွာအခြေစိုက် မုံရွာဂေဇက် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုကျော်ကျော်ဝင်း ဒီနေ့မနက်မှာ ပြန်လည်လွတ်မြောက်လာပါတယ်။

  TG #voiceofmyanmar #မုံရွာ #vom #မုံရွာဂေဇက်

Read More

“အမှိုက်က စ ပြသာဒ်မီးလောင်သလိုပေါ့ UECက မဲစာရင်းကိစွနဲ့ပတ်သက်ပြီး ဖြေရှင်းခဲ့ရင် တပ်မတော်က အာဏာသိမ်းဖို့ အကြောင်းရှာ လို့မရတော့ဘူး” ဦးရဲထွန်း(သီပေါ)

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁ အေးချမ်းသူ (VOM) တပ်မတော်က အာ့ကြောင့်အာဏာရယူခဲ့လဲ။ ဒီဖြစ်စဉ်တွေဟာ ဘာကြောင့်ဖြစ်ခဲ့တာလဲ။ နောင်အနာဂတ်မှာ မြန်မာနိူင်ငံရဲ့အခြေအနေဟာ ဘယ်လိုတွေဖြစ်လာနိူင်လဲဆိုတာ နိူင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးရဲထွန်း(သီပေါ)နဲ့ VOM သတင်းထောက် အေးချမ်းသူက ဆက်သွယ်မေးမြန်းထားပါတယ်။   VOM – လက်ရှိအခြေအနေတွေအရ အာဏာသိမ်းတာ အာဏာလွှဲပြောင်းယူတာဆိုတာတွေက အဓိက ဘာကြောင့် ဖြစ်လာရတယ်လို့ မြင်လဲ။ UYT – အကြောင်းအရင်းက နှစ်ချက်ရှိတယ်။ အခြေခံအကြောင်းအရင်းနဲ့ လတ်တလော အကြောင်းအရင်းနှစ်ချက်ရှိတယ်။ အခြေခံ အကြောင်းအရင်းတွေကတော့ တပ်ကလာတဲ့NLDနဲ့ပြိုင်ဘက် ပါတီတွေ ဒီတစ်ကြိမ်ရွေးကောက်ပွဲ မှာတော်တော်များများ ပါတီတွေက အရွေးမခံရဘူး။ အထူးသဖြင့် ပြည်မကို အခြေခံတဲ့ နိူင်ငံရေးပါတီကြီးတွေပေါ့။ ဦးရွှေမန်းပါတီ၊ ဒေါက်သက်သက်ခိုင်ပါတီ၊ ဦးသိန်းညွန့် တို့ NDFတို့ တစညတို့ အဲ့လိုပါတီကြီးတွေက လုံးဝအရွေးမခံရဘူး။ တိုင်းရင်းသားပါတီတွေ တော်တော်များများလဲ အရွေးမခံရဘူး။   အဲ့မှာသူတို့အမြင်တစ်ခု…

Read More
VOM News

FREE
VIEW