မန္တလေးမြို့ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းအတွင်းမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ မသင်္ကာဖွယ်အရပ်သား ၁ ဦးတွေ့လို့ ထိန်းသိမ်းထား

ဖေဖော်ဝါရီ ၂၈ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းထွက်ချိန် ၈၃လမ်းနဲ့ ၃၅လမ်းထောင့်မှာ သပိတ်စစ်ကြောင်းအတွင်း ရဲတပ်ဖွဲ့ဝင်၁ဦးနဲ့ အရပ်သား၁ ဦးကို တွေ့ရှိခဲ့လို့ သပိတ်စစ်ကြောင်းကနေ လက်ရှိအချိန်ထိ ထိန်းသိမ်းထားပါတယ်။ ထိန်းသိမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ ရဲအရာရှိသင်တန်းကျောင်းက ဒု-တပ်ကြပ်တစ်ဦးလို့သိရပြီး အရပ်သား ၁ဦးကတော့ လမ်း၉၀ ဒေးဝန်းအနောက်ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ ထိန်းသိမ်းထားသူ ၂ဦးကို မေးမြန်းကြည့်ရာမှာတော့” ဆန္ဒပြပွဲကို လိုက်လာတာမဟုတ်ဘူး”လို့သာ ပြန်လည်ဖြေဆိုပါတယ်။ သူတို့နှစ်ဦးမှာ လေးဂွ နဲ့ ဆက်စပ်ပစ္စည်းများ၊ အရက်ဘူးများ၊ NLDစာတန်းပါ ခေါင်းစည်းပတ်တစ်ခု၊ အမျိုးသားဝတ် အင်္ကျီနဲ့ ပုဆိုး၊ အိုက်ဆံအနည်းငယ်တို့ကို တွေ့ရှိခဲ့ရပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

ကြည့်မြင့်တိုင် ပညာရေးသပိတ်ဖြိုခွဲမှု ဆရာမတယောက်သေဆုံးပြီး အဖမ်းခံရသူများပြား

ရန်ကုန်-ဖေဖေါ်ဝါရီ-၂၈-၂၀၂၁ မင်းဝဿန် (VOM) မနက်က ကြည့်မြင်တိုင် ပညာရေးရုံးရှေ့သပိတ်ကို ရဲတွေအနေနဲ့ ဖြိုခွင်းခဲ့ရာမှာ ဆရာဆရာမများဖမ်းဆီးခံခဲ့ရပြီး ဆရာမတစ်ဦးသေနတ်မှန်သေဆုံးခဲ့တယ်လို့ သပိတ်မှာပါဝင်ခဲ့တဲ့ ဆရာမတစ်ဦးက အတည်ပြုပါတယ်။ ရဲတွေအနေနဲ့ သပိတ်ရှေ့ကို ရောက်ရောက်ချင်း တစ်စုံတစ်ရာပြောဆိုဆွေးနွေးမှု လူစုခွဲခိုင်းတာတွေမလုပ်ဘဲ ပစ်ခတ်ဖြိုခွင်းမှုတွေကို ချက်ချင်းလုပ်ဆောင်ခဲ့တာမှာ သေနတ်အချက် ၂၀ ကနေ ၃၀ ကြား ပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ ဒီလိုပစ်ခတ်မှုလုပ်ဆောင်ရာမှာလည်း နှလုံးရောဂါအခံရှိတဲ့ ဆရာမတစ်ဦး သေနတ်ထိမှန်မှုကြောင့် ဆုံးပါးခဲ့ရပြီး တခြားဆရာမတချို့လည်း ဒဏ်ရာရ ရှိခဲ့ပါတယ်။ သပိတ်ထိုင်နေတဲ့ဆရာမတွေအနေနဲ့ ပညာရေးရုံးထဲကို ဝင်ရောက်ပုန်းခိုခဲ့ကြရပြီး ဒီလိုပြေးလွှားပုန်းခိုမှုအပေါ် မီးခိုးဗုံးတွေနဲ ထပ်မံပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ ဒီဖြစ်စဉ်မှာ ဆရာဆရာမ ၂၀ ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။ #voiceofmyanmar #VOM #ကြည်မြင့်တိုင် #ပညာရေးသပိတ်

Read More

ပန်းဆိုးတန်းမှာ ကျောက်ဆည်နည်းပညာတက္ကသိုလ်သပိတ်ကို ရဲကဖြိုခွင်း ကျောင်းသား ၆ ဦးဖမ်းဆီးခံထားရ

ရန်ကုန်- ဖေဖော်ဝါရီ ၂၈ -၂၀၂၁ မင်းဝဿန် (VOM) ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်းက ကျောက်တံတားမြို့နယ်အတွင်း ဆန္ဒထုတ်ဖော်နေတဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်သပိတ်ကို ရဲကဖြိုခွင်းပြီး ကျောင်းသား ၆ ဦးဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး လေးဦးနဲ့ အမျိုးသားနှစ်ဦးတို့ဖြစ်ပြီး စုစုပေါင်းခြောက်ဦးဖြစ်ပါတယ်။ ကျောင်းသားတွေကိုဖမ်းဆီးလို့ ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရေးအတွက် တခြားပြည်သူတွေက ကြိုးပမ်းခဲ့ပေမယ့်လည်း အချုပ်ကားနဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။ #voiceofmyanmar #VOM #ကျောက်တံတား

Read More

မန္တလေးမှာ ကျည်အစစ်တွေနဲ့ ပစ်ခတ်လို့ ကျည်ဆံထိမှန်သူ အများအပြားရှိ

မန္တလေး၊ ဖေဖော်ဝါရီ ၂၈- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ စစ်သားတွေနဲ့ ရဲတွေက ဆန္ဒပြတဲ့သူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျည်ဆံထိမှန်ပြီး ဦးနှောက်ပွင့်တဲ့သူပါ ရှိခဲ့ပါတယ်။ ဒဏ်ရာရသူစာရင်းနဲ့ ကျည်ဆံထိမှန်တဲ့ အရေအတွက်ကိုတော့ အတည်ပြုဖို့ ကြိုစားနေပြီး လက်ရှိမှာ ၅ ဦးထက်မနည်း ကျည် ဆံထိမှန်ထားတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #ကျည်ဆံထိမှန် #ဦးနှောက်ပွင့်

Read More

ပဲခူးမှာ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ၊ လူငယ်တစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၂၈ ကောင်းလက်ျာ(VOM) ပဲခူးမြို့နယ် ဘူတာကုန်း တံတားအနီးမှာ ဆန္ဒဖော်ထုတ် ဖော်ထုတ်နေကြသူတွေကို ဒီနေ့မွန်းတည့် ၁၂ နာရီခန့်က လုံခြုံရေးလုပ်ဆောင်နေကြတဲ့ တပ်နဲ့ရဲတပ်ဖွဲ့ဝင်များမှပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ဆယ်ဦးထက် မနည်း ထိခိုက် ဒဏ်ရာရခဲ့တဲ့အပြင် လူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ “လတ်တလော လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေ အပြောအရ ဆယ်ဦးနီးပါး ထိခိုက်ဒဏ်ရာရတယ်၊ လူငယ်တဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့သိရပြီး ဘယ်ကဘယ်သူဆို‌တာ မသိသေးဘူး” လို့ ပဲခူးမြို့ခံ သတင်းထောက်တဦးက ပြောပါတယ်။ အဆိုပါ သေဆုံးသူ လူငယ်ဟာ ပဲခူးမြို့နယ် မဇင်းရပ်ကွက် ဒိုဘီ ၁ လမ်းနေသူဖြစ်ပြီး လတ်တလောမှာ နေရပ် လိပ်စာ အတည်ပြုရုံသာ ရှိပါသေးတယ်။ မိသားစုဝင်တွေ မလာသေးဘူးလို့ သူ့ရဲ့ ရုပ်အလောင်းကို ပဲခူးဆေးရုံကြီးကို ပို့ပေးခဲ့သူ ပဲခူးမြို့သက်ကျနွယ် လူမှုကူညီရေး အသင်းမှ လူငယ်တစ်ဦးက ပြောပါတယ်။ “အသက်နဲ့အမည် မသိသေးဘူး။ လက်ရှိ ရင်ခွဲတိုက်မှာ ကျွန်တော်တို့စောင့်နေဆဲပါ”…

Read More

ကသာမှာ လုံခြုံရေးတွေချထားသော်လည်း ဆန္ဒဖော်ထုတ်ဆဲ

ကသာ၊ဖေဖော်ဝါရီ ၂၈ -၂၀၂၁ စပ်ခွန်သာ ကသာမြို့မှာ ဖေဖော်ဝါရီလ(၂၈)ရက်နံနက်ပိုင်းက မိန်းလမ်းမကြီးပေါ် လုံခြုံရေးတွေ ချထားပေမယ့်လည်း အခြားလမ်းတွေကနေပတ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ကသာမြို့ခံတွေဟာ အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နည်းမျိုးစုံနဲ့ လုပ်နေကြတာမှာ ဒီနေ့(၂၁)ရက်မြောက်နေ့မှာ လမ်းမတော်လမ်းမကြီး KBZဘဏ်ရှေ့နေရာကို လုံခြုံရေးရဲတပ်ဖွဲ့တွေ နေရာယူထားတဲ့ အတွက် အဲဒီလမ်းမကြီးကို သပိတ်စစ်ကြောင်းမဖြတ်သန်းကြတော့ပဲ အခြားလမ်းတွေကနေ ဆန္ဒဖော်ထုတ်ခဲ့တာတွေ့ရပါတယ်။ “စတင်ဆန္ဒဖော်ထုတ်တဲ့နေ့ကစပြီး လုံခြုံရေး ချထားတာမရှိပေမယ့် ဒီနေ့တော့ KBZဘဏ်ရှေ့မှာ ရဲကားအသေးတစ်စီး၊ရဲတပ်ဖွဲ့ဝင်အပြည့်နဲ့ ကားတစ်စီးရယ်၊အချုပ်ကားတစ်စီးချထားတယ်။ပြီးတော့ သပိတ်စစ်ကြောင်းစထွက်နေတဲ့ အချိန်မှာ လမ်းကို သံဆူကြိုး နာရီဝတ်လောက်ကာထားပြီးမှပြန်သိမ်းလိုက်တယ်။ပြည်သူတွေက အဲဒီဘက် မထွက်ဘူး အခြားလမ်းကနေ ဆန္ဒထုတ်ဖော်တယ်။ဘာမှမဖြစ်ခဲ့ကြပါဘူး” လို့ ကသာ ဒေသခံတစ်ဦးကပြောပါတယ်။ ကသာမြို့ မဟာလေးထပ်ကျောင်းဝန်းအတွင်းမှာတော့ စစ်အာဏာရှင်ကျဆုံးရေးအတွက်ဆိုပြီး ပြည်သူ့အမိန့်နဲ့ ပြည်သူများက တိုင်တည်သစ္စာ အဓိဌါန်ပြုပြီး ကျိန်စာတိုက်ပွဲ ကျင်းပခဲ့ပြီးနောက်မှာတော့ လမ်းလျောက်လှည့်လည်ဆန္ဒ ထုတ်ဖော်ခြင်းကို စတင်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #vom…

Read More

ပုသိမ်မှာသတင်းထောက်တစ်ဦး အပါအဝင် လူ၂၀ကျော်အဖမ်းခံရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိ

ဖေဖော်ဝါရီ ၂၈ -၂၀၂၁ AA ပုသိမ်က ပင်မသပိတ်စစ်ကြောင်းကို ကျောက်ငူရပ်ကွက်မှာရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အသံဗုံး၊မျက်ရည်ယိုဗုံး၊ ရာဘာကျည် ၊ ရေအမြှောက်ကားတွေနဲ့ ပစ်ခတ်နှိမ်နှင်းခဲ့ပါတယ်။ ဖြစ်စဉ်မှာ ပုသိမ်မြို့က မြန်မာ့သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းအပါအဝင် လူ၂၀ကျော်ခန့်ဖမ်းဆီးခံခဲ့ရပြီး ရာဘာကျည် ထိမှန်ဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။ #voiceofmyanmar #vom #ပုသိမ်

Read More

မြစ်ကြီးနားဆန္ဒပြမှု ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့

ဖေဖော်ဝါရီ ၂၈ -၂၀၂၁ YAT မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်က လူထုအင်အားသောင်းနဲ့ချီပြီး ဆန္ဒဖော်ထုတ်ခဲ့ကြရာမှာ အောင်နန်းရပ်ကွက်အနီးက လမ်းမှာ ရဲနဲ့ စစ်တပ်က ပိတ်ဆို့ ဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်သူတွေထဲက အမျိုးသားများဟာ ပိတ်ဆို့ထားတဲ့ ရဲနဲ့ စစ်တပ်ဝင်လာတဲ့ လမ်းရှေ့က ပိတ်ပြီး အမျိုးသမီးတွေ ထွက်လို့ရအောင် ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ‌ရေကားနဲ့ ဖျန်းတာနဲ့ မီးခိုးဗုံးပစ်ဖောက်တာတွေကြောင့် ဆန္ဒပြသူတွေ ထွက်ပြေးခဲ့ကြပါတယ်။ မျက်မြင်သူတွေရဲ့ ပြောပြချက်အရ ကားနှစ်စီးပေါ်မှာ အဖမ်းခံရသူတွေ ပါသွားတယ်လို့ ပြောပါတယ်။ #voiceofmyanmar #vom #မြစ်ကြီးနား

Read More
VOM News

FREE
VIEW