မန္တလေးမြို့ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းအတွင်းမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ မသင်္ကာဖွယ်အရပ်သား ၁ ဦးတွေ့လို့ ထိန်းသိမ်းထား

ဖေဖော်ဝါရီ ၂၈ -၂၀၂၁
Voice Of Myanmar

မန္တလေးမြို့၊ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းထွက်ချိန် ၈၃လမ်းနဲ့ ၃၅လမ်းထောင့်မှာ သပိတ်စစ်ကြောင်းအတွင်း ရဲတပ်ဖွဲ့ဝင်၁ဦးနဲ့ အရပ်သား၁ ဦးကို တွေ့ရှိခဲ့လို့ သပိတ်စစ်ကြောင်းကနေ လက်ရှိအချိန်ထိ ထိန်းသိမ်းထားပါတယ်။

ထိန်းသိမ်းထားတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ ရဲအရာရှိသင်တန်းကျောင်းက ဒု-တပ်ကြပ်တစ်ဦးလို့သိရပြီး အရပ်သား ၁ဦးကတော့ လမ်း၉၀ ဒေးဝန်းအနောက်ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ထိန်းသိမ်းထားသူ ၂ဦးကို မေးမြန်းကြည့်ရာမှာတော့” ဆန္ဒပြပွဲကို လိုက်လာတာမဟုတ်ဘူး”လို့သာ ပြန်လည်ဖြေဆိုပါတယ်။

သူတို့နှစ်ဦးမှာ လေးဂွ နဲ့ ဆက်စပ်ပစ္စည်းများ၊ အရက်ဘူးများ၊ NLDစာတန်းပါ ခေါင်းစည်းပတ်တစ်ခု၊ အမျိုးသားဝတ် အင်္ကျီနဲ့ ပုဆိုး၊ အိုက်ဆံအနည်းငယ်တို့ကို တွေ့ရှိခဲ့ရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW