ကြည့်မြင့်တိုင် ပညာရေးသပိတ်ဖြိုခွဲမှု ဆရာမတယောက်သေဆုံးပြီး အဖမ်းခံရသူများပြား

ရန်ကုန်-ဖေဖေါ်ဝါရီ-၂၈-၂၀၂၁
မင်းဝဿန် (VOM)

မနက်က ကြည့်မြင်တိုင် ပညာရေးရုံးရှေ့သပိတ်ကို ရဲတွေအနေနဲ့ ဖြိုခွင်းခဲ့ရာမှာ ဆရာဆရာမများဖမ်းဆီးခံခဲ့ရပြီး ဆရာမတစ်ဦးသေနတ်မှန်သေဆုံးခဲ့တယ်လို့ သပိတ်မှာပါဝင်ခဲ့တဲ့ ဆရာမတစ်ဦးက အတည်ပြုပါတယ်။

ရဲတွေအနေနဲ့ သပိတ်ရှေ့ကို ရောက်ရောက်ချင်း တစ်စုံတစ်ရာပြောဆိုဆွေးနွေးမှု လူစုခွဲခိုင်းတာတွေမလုပ်ဘဲ ပစ်ခတ်ဖြိုခွင်းမှုတွေကို ချက်ချင်းလုပ်ဆောင်ခဲ့တာမှာ သေနတ်အချက် ၂၀ ကနေ ၃၀ ကြား ပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။

ဒီလိုပစ်ခတ်မှုလုပ်ဆောင်ရာမှာလည်း နှလုံးရောဂါအခံရှိတဲ့ ဆရာမတစ်ဦး သေနတ်ထိမှန်မှုကြောင့် ဆုံးပါးခဲ့ရပြီး တခြားဆရာမတချို့လည်း ဒဏ်ရာရ ရှိခဲ့ပါတယ်။

သပိတ်ထိုင်နေတဲ့ဆရာမတွေအနေနဲ့ ပညာရေးရုံးထဲကို ဝင်ရောက်ပုန်းခိုခဲ့ကြရပြီး ဒီလိုပြေးလွှားပုန်းခိုမှုအပေါ် မီးခိုးဗုံးတွေနဲ ထပ်မံပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။ ဒီဖြစ်စဉ်မှာ ဆရာဆရာမ ၂၀ ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။

#voiceofmyanmar #VOM #ကြည်မြင့်တိုင် #ပညာရေးသပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW