မြစ်ကြီးနားဆန္ဒပြမှု ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့

ဖေဖော်ဝါရီ ၂၈ -၂၀၂၁
YAT

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်က လူထုအင်အားသောင်းနဲ့ချီပြီး ဆန္ဒဖော်ထုတ်ခဲ့ကြရာမှာ အောင်နန်းရပ်ကွက်အနီးက လမ်းမှာ ရဲနဲ့ စစ်တပ်က ပိတ်ဆို့ ဖြိုခွင်းခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေထဲက အမျိုးသားများဟာ ပိတ်ဆို့ထားတဲ့ ရဲနဲ့ စစ်တပ်ဝင်လာတဲ့ လမ်းရှေ့က ပိတ်ပြီး အမျိုးသမီးတွေ ထွက်လို့ရအောင် ပြုလုပ်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် ‌ရေကားနဲ့ ဖျန်းတာနဲ့ မီးခိုးဗုံးပစ်ဖောက်တာတွေကြောင့် ဆန္ဒပြသူတွေ ထွက်ပြေးခဲ့ကြပါတယ်။ မျက်မြင်သူတွေရဲ့ ပြောပြချက်အရ ကားနှစ်စီးပေါ်မှာ အဖမ်းခံရသူတွေ ပါသွားတယ်လို့ ပြောပါတယ်။

#voiceofmyanmar #vom #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW