မတ် ၁-၂၀၂၁
KA
ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၂၃ရက်မြောက်ရှိပြီဖြစ်ပြီး ဒီနေ့ မတ် ၁ရက်နေ့မှာတော့ မြို့တွင်းမှာ လည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က အင်အားအများအပြားနဲ့ လိုက်လံလူစုခွဲဖို့ ကြိုးစားခဲ့ပြီး ပြည်သူတွေကရဲတပ်ဖွဲ့မဝင်ရောက်နိုင်အောင် လမ်းတွေကို ပိတ်ဆို့ပေးခဲ့ပါတယ်။
ရွှေစည်းခုံဘုရားရှေ့မှာတော့ ဆန္ဒပြသူတွေကို လမ်းရှင်းပေးနေတဲ့ ဆိုင်ကယ်ပေါ်ကအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။
#VoiceOfMyanmar #VOM #ပုသိမ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ #၂၃ရက်မြောက်