အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မ ၂ ခုစီထပ်တိုး

မတ် ၁-၂၀၂၁
ဦးထွန်း(VOM)

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇တို့နဲ့ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ထပ်မံတရားစွဲဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးသဲမောင်မောင်ကနေ သိရပါတယ်။

သူတို့နှစ်ဦးကို video conferencing နဲ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ဒီနေ့ မတ်လ ၁ရက်နေ့က ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ၂၅နဲ့ တရားစွဲထားပြီးအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈အပြင် ပုဒ်မ ၂၅ နဲ့ပါ တရားစွဲထားတာဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #အမှု၂ခုစီထပ်တိုး

Related posts

Leave a Comment

VOM News

FREE
VIEW