ရသေ့တောင်မှာ ပေါက်ကွဲမှုကြောင့် စစ်ရှောင် ကလေးနှစ်ဦး ဒဏ်ရာပြင်းထန်လို့ စစ်တွေပို့

စစ်တွေ-မတ် -၅-၂၀၂၁
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မတ်လ ၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လက်ပံပွင့် ကောက်နေတဲ့ အသက် (၁၀) နှစ်နဲ့ (၈) နှစ်အရွယ် စစ်ရှောင် ကလေး(၂) ဦး မိုင်းထိပြီး (၈) နှစ်အရွယ်ကလေးမှာ ဒဏ်ရာပြင်းလို့ စစ်တွေဆေးရုံသို့ ရောက်လာပါတယ်။

မိုင်းထိဒဏ်ရာရတဲ့ ကလေးတွေဟာ ပဲသဒူကျေးရွာ စစ်ဘေးရှောင်စခန်း က အသက် (၈) နှစ်အရွယ် မောင်ရဲထွန်းနဲ့ (၁၀) နှစ်အရွယ် မောင်လှထွန်းတို့ဖြစ်ကာ သူတို့ဟာ ညီအစ်ကိုအရင်းတွေဖြစ်ပြီး ရခိုင်မျိုးနွယ်စု၊ မြိုလူမျိုး တွေဖြစ်ကြောင်း သိရပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဟာ ရွာနဲ့ ၁ မိုင်အကွာရှိ တောစပ်နားမှာ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကလေးတွေရဲ့ ခန္ဓာကိုယ်အနံ့မှာ မိုင်းစထိမှန် ဒဏ်ရာတွေရရှိပြီး ဒဏ်ရာရရှိတဲ့ကလေးတွေဟာ ဗောထီးကိုင်း ကျေးရွာကနေ ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာ စစ်ဘေးရှောင်စခန်းက စစ်ရှောင်ကလေးငယ်တွေဖြစ်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ နှစ်တွေက တပ်မတော်နဲ့ အေအေတို့ရဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခတွေဖြစ်အဲပွားခဲ့တဲ့ နယ်မြေဖြစ်ပြီး အခုလိုမျိုး ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကလေးတွေ ဒဏ်ရာရရှိတဲ့အပေါ် ဝမ်းနည်းရကြောင်းနဲ့ သက်ဆိုင်ရာလူကြီးတွေအနေနဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို ရှင်းပေးဖို့ တောင်းဆိုလိုကြောင်း ဒဏ်ရာရ ကလေးတွေရဲ့ ဦးလေးဖြစ်သူ ဦးမောင်ဝင်းရီက ဆိုပါတယ်။

#voiceofmyanmar #vom #ရသေ့တောင်မိုင်းကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW