မတ် ၈-၂၀၂၁
YAT
မြစ်ကြီးနားမြို့မှာ ဒီနေ့ မတ်လ ၈ ရက်မနက်က လူသောင်းနဲ့ချီပြီး အာဏာသိမ်းမှုကန့်ကွက်ဆန္ဒဖော်ထုတ်မယ့် သပိတ်လူစုနေတုန်းမှာ ရဲနဲ့စစ်တပ်က အင်အားအလုံးအရင်းနဲ့လာပြီး လူစုဖြိုခွဲတာကြောင့် ဆန္ဒထုတ်ဖော်သူတွေ စိန်ကိုလဘံဘုရားကျောင်းအတွင်း ပိတ်မိနေခဲ့ပါတယ်။
အပြင်ဘက်ကလည်း လမ်း ၂ ဘက်ညှပ်ပြီး လူထုက ဆန္ဒဖော်ထုတ်နေတာပါ။ ရဲနဲ့ စစ်ကားတွေက အပြင်က ထပ်ဝိုင်းပြီး အသံဗုံးပစ်ဖောက် ဖြိုခွင်းခဲ့ပါတယ်။ လူငယ်တွေကတော့ တစ်ခြားနေရာကနေ ဆန္ဒ ထပ်ပြနေကြပါတယ်။
#VoiceOfMyanmar #VOM #မြစ်ကြီးနားမြို့ #သပိတ် #ဖြိုခွဲ