မတ် ၂၅-၂၀၂၁ YAT(VOM) ကချင်ပြည်နယ် မြစ်ကြီးနားမီးရထားရဲတပ်ဖွဲ့ကနေ CDM ဝင်ထားလို့ ရဲပြေးအဖြစ် ကြေညာခံရမှာ စိုးရိမ်နေတယ်လို့ အခက်ကြုံနေရတဲ့ CDM ဝင်သူ ရဲဝန်ထမ်းက မတ်လ ၂၄ ရက်နေ့မှာ VOM ကို ပြောပါတယ်။ အဲ့ဒီရဲဝန်ထမ်းက သူ CDM ဝင်သွားတဲ့ အကြောင်း ဖောင်ဖြည့်တင်ထားပေမယ့်။ သူ့မိခင်ဌာနကနေ CDM ဝင်ကြောင်း ထုတ်ပြန်စာလည်းမထွက်၊ ရဲပြေးအဖြစ်လည်း မကြော်ငြာထားဘူးလို့ သိရပါတယ်။ ” ၂၁ ရက်ပြည့်မှ ကျွန်တော့်ကို ရဲပြေးကြော်ငြာမှာလေ သူတို့ဆီ ၂၁ ရက် မပြည့်ခင် ပြန်လာလျှင်တော့ ပြန်ခန့်မယ်ပေါ့ ၊ မလာဘူးဆိုလျှင်တော့ ရဲပြေးကြော်ငြာမယ်ပေါ့ အခုဟုတ်စာ ကျွန်တော်က ရဲပြေးမှ မဟုတ်တာ ကျွန်တော်က CDM ဖောင်တင်ထားပြီးမှ CDM ဝင်ထားဝာာလေ (မတ်လ) ၁၄ ရက်နေ့ မနက်ခင်းကတည်းက…
Read MoreMonth: March 2021
မန္တလေးမှာ သပိတ်စစ်ကြောင်း ၃ ခုပေါင်းပြီး ဆန္ဒပြ
မန္တလေး၊ မတ် ၂၅- ၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်၊ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြော င်း၊ တမ္ပဝတီ အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #ဆန္ဒပြ
Read MoreKIA နဲ့ စစ်တပ် လိုင်ဇာ-မိုင်ဂျာယန်လမ်းအနီး အာလောဘွမ်မှာ ၂ နာရီကြာတိုက်ပွဲဖြစ်
မတ် ၂၅-၂၀၂၁ VOM လိုင်ဇာနဲ့ မိုင်ဂျာယန်လမ်း အလောဘွမ်စစ်တပ်စခန်းကို KIA က မတ်လ(၂၄) ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၂ နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOM ကို ပြောပါတယ်။ အာလောဘွမ်မှာဖြစ်တဲ့တိုက်ပွဲမှာ နှစ်ဖက်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ ခြေလျှင်တပ်တွေနဲ့ မြေပြင်မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြပေမယ့် မတ် ၂၅ ရက် ဒီမနက်တော့ ပြန်ငြိမ်သွားပြီး ရှေ့တန်းက နောက်ဆုံး အခြေအနေ အတိအကျ မသိရသေးတာနဲ့ တိုက်ပွဲဖြစ်ရတဲ့အကြောင်းကိုတော့ ဗိုလ်မှူးကြီးနော်ဘူက ” ဘယ်ဘက်က ဘာဖြစ်သွားတယ်ဆိုတဲ့သတင်းတော့ ကျွန်တော်တို့ မရသေးပါဘူး အခု ဒီမနက်ကတော့ သေနတ်သံပြန်ငြိမ်သွားတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက လွန်ခဲ့တဲ့ နှစ် ရက် သုံးရက်အတောအတွင်းမှာပေါ့ ၊ ဒီလပေါ့ မတ်လ ၂၂ ရက်တို့ ၂၃ ရက်တို့မှာ တပ်မတော်ဘက်ကနေ…
Read Moreမြတောင်သပိတ်စစ်ကြောင်း တားဆီးမှုတွေရှိပေမယ့် ဆန္ဒပြချီတက်ခဲ့
မတ် ၂၄ – ၂၀၂၁ Voice Of Myanmar မန္တလေးမြို့က မြတောင်သပိတ်စစ်ကြောင်းဟာ တားဆီးမှုတွေရှိနေပေမယ် ချီတက်ဆန္ဒပြတာကို ဒီကနေ့မနက်အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြတောင်စစ်ကြောင်း
Read Moreမန်းသံပုရာကန်ရေနံချက်စက်ရုံကို အစားထိုးဝန်ထမ်းတွေနဲ့လည်ပတ်ဖို့ ကြိုးပမ်းနေ
မတ် ၂၄ -၂၀၂၁ Voice Of Myanmar မကွေးတိုင်း၊ အထက်မင်းလှမြို့၊ မန်းသံပုရာကန်ရေနံချက်စက်ရုံကို အစားထိုးဝန်ထမ်းတွေ နေ့စားလုပ်သားတွေနဲ့ လည်ပတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အဲ့ဒီစက်ရုံက အရာထမ်း အမှုထမ်းတွေဟာ CDM အဖြစ် ဆက်လက်ရှိနေကြတယ်လို့လည်း သိရပါတယ်။ နစခကောင်စီရဲ့အမိန့်ကိုနာခံပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်ရုံလည်ပတ်ဖို့ ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။ ” CDMလုပ်နေတဲ့ ဝန်ထမ်း ဦးအောင်နိူင်ဦးကို ၅၀၅ က နဲ့ တရားစွဲဆိုထားပြီး ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခဲ့တယ်၊ CDMလုပ်ထားတဲ့ ဝန်ထမ်းတွေကိုလည်း တရားစွဲဆိုတာတွေမဖြစ်လိုရင် အလုပ်ဆင်းကြဖို့ ခြောက်လန့်ပြောဆိုတာတွေလည်း ရှိနေပါတယ်၊ တပ်မတော်အင်ဂျင်နီယာကျောင်းဆင်းတဲ့ စစ်ဗိုလ်တွေဦးဆောင်ပြီး စက်ရုံလည်ပတ်ဖို့ ကြိုးစားနေပေမယ့် စက်ရုံကတော့ လည်ပတ်လာခြင်းမရှိသေးဘူး”လို့ CDM ပြုလုပ်နေတဲ့ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။ အခုလက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်က အမှတ်(၃) ဓါတ်မြေဩဇာစက်ရုံ ကျော်စွာ၊ အမှတ်(၄)ဓါတ်မြေဩဇာစက်ရုံ မြောင်းတကာ၊…
Read Moreအလှူအိမ်က ထမင်းပေါင်းအိုး ပေါက်ကွဲလို့ လူ ၂ ဦးသေ ၅ ဦး ဒဏ်ရာရ
မတ် ၊ ၂၄ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ ညောင်ပင်သာကျေးရွာမှာ ပြုလုပ်တဲ့ အလှူပွဲတစ်ခုမှာ ဒီကနေ့ မတ် ၂၄ ရက် မနက် ၉ နာရီ ဝန်းကျင်က ဧည့်ပရိတ်သတ် ကျွေးမွေးဧည့်ခံဖို့ တည်ထားတဲ့ ထမင်းဘွိုင်လာပေါင်းအိုး ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ အလှူပွဲမှာသွားရောက် ကူညီလုပ်ကိုင်ပေးနေသူ တစ်ယောက်က ” ဖြစ်တာက ဘုန်းကြီးကျောင်းထဲမှာပါ ၊ ထမင်းပေါင်းအိုး ပေါက်ကွဲထိမှန်တဲ့အတွက် အသက် (၂၂) နှစ်အရွယ် လူငယ် အမျိုးသား တစ်ယောက်က ဦးခေါင်းပြတ်ဒဏ်ရာနဲ့ သေဆုံးတယ် ၊ နောက်တစ်ယောက်က အသက် (၂၅) တစ်ယောက်က ဝမ်းဗိုက်ပွင့် ဒဏ်ရာနဲ့ သေဆုံးပြီး လူ ၅ ဦး…
Read Moreမန္တလေး အင်ဂျင်နီယာ အဖွဲ့ရဲ့ အသံတိတ်သပိတ်
မန္တလေး၊ မတ်- ၂၄- ၂၀၂၁ ဓာတ်ပုံ (MEG) မန္တလေးမြို့က အင်ဂျင်နီယာတွေ ပူးပေါင်းပြီး ဒီကနေ့ အိမ်ထဲကနေ အိမ်အပြင်ကို မထွက်ပဲ အသံတိတ်ဆန္ဒပြမှု(Silent Strike)ကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #Mandalay #Engineers #Group #SilentStrike
Read Moreမန္တလေးသံဃသမဂ္ဂစစ်ကြောင်းရဲ့ အာနာပါနဿတိ သပိတ်
မတ် ၂၄ -၂၀၂၁ Voice Of Myanmar မန္တလေးမြို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်း သံဃာတော်တွေရဲ့ အာနာပါနဿတိ သပိတ်ကို ဒီကနေ့ နေ့လယ်ပိုင်းကပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #သံဃသမဂ္ဂ #အာနာပါနဿတိသပိတ်
Read Moreပေါင်းတည်မြို့ ၊မတ်လ၂၄ ရက်အာဏာရှင်ဆန့်ကျင်ရေး နေ့လယ်ပိုင်း အသံတိတ်သပိတ်လှုပ်ရှားမှု
မတ် ၂၄-၂၀၂၁ Cj #VoiceOfMyanmar #VOM #ပေါင်းတည်
Read MoreAP သတင်းထောက် အမှုကနေ ပြန်လည်လွတ်မြောက်
ရန်ကုန်၊မတ် ၂၃-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်က ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တွေထဲက APသတင်းဌာနက ဓာတ်ပုံသတင်းထောက်ကိုသိန်းဇော်ကို ဒီနေ့ မတ် ၂၄ရက်နေ့ ရုံးချိန်းမှာ တရားလိုက အမှုရုပ်သိမ်းခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်ပြီဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်ကနေ သိရပါတယ်။ “ဒီနေ့ သတင်းထောက်လေးဦး ရုံးချိန်းမှာ APသတင်းဌာနက ကိုသိန်းဇော်ကို တရားလိုဖြစ်တဲ့ ဒုရဲမှုးက အမှုပိတ်သိမ်းကြောင်းလျှောက်တယ်။ ပြန်လွတ်ပြီပေါ့ ကျန်တဲ့သူတွေတော့မပါသေးဘူး”လို့ VOM ကို ပြောပါတယ်။ ကမာရွတ်မြို့မရဲစခန်းက ဒုရဲမှုးမျိုးဦးက တရားလိုလုပ်ပြီး 7dayသတင်းဌာနမှ သတင်းထောက်အောင်ရဲကို၊ ဇီးကွက်သတင်းဌာနမှ သတင်းထောက်ဟိန်းပြည့်ဇော်၊ အလွတ်တန်းသတင်းထောက်ကိုဗညားဦး၊ MPA သတင်းဌာနက ကိုရဲမျိုးခန့် နဲ့ APသတင်းဌာနမှ ကိုသိန်းဇော်တို့ကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာမှာ ဒီနေ့မှာ AP သတင်းထောက်တဦးတည်းကို အမှုပိတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့…
Read More